ရှေးက ဟန်ဆောင်နေတယ်ဆိုတာ သိသိကြီးနဲ့ ပျော်နေတယ်ဆိုတဲ့ ခန့်






Read in UNICODE

ခန့်ကတော့ ကြော်ငြာတွေအပြင် ရုပ်သံဇာတ်လမ်းတွဲထဲမှာပါဝင်သရုပ်ဆောင်ရင်း ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားတာဖြစ်ပါတယ်။ ခန့်ကတော့ လတ်တလော MRTV-4 မှာ ထုတ်လွှင်ပြသနေတဲ့ ” အချစ်ဖွဲ့လေညင်း ” ရုပ်သံဇာတ်လမ်းတွဲလေးထဲမှာလည်း အတွင်းရေးမှူးမလေးအဖြစ်

ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ ဒီဇာတ်လမ်းတွဲလေးကတော့ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို အပြည့်အဝရရှိထားတာပဲဖြစ်ပါတယ်။ဒါ့အပြင် မင်းသမီး ခန့် ဟာ သွယ်လျကျစ်လျစ်တဲ့ သေးသေးသွယ်သွယ်ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်ထားပြီး

လှရက်လွန်းနေတာကြောင့် ယောကျာ်းလေး ပရိသတ်တွေ ရဲ့ ဝန်ရံခြင်းခံနေရတာဖြစ်ပါတယ်။ယခုတစ်ခါမှာလည်း မင်းသမီးချောလေး ခန့် က ဇာတ်လမ်းတွဲလေးနဲ့ ပတ်သတ်တဲ့ အမှတ်တရပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် တင်ပေးလာခဲ့ပါတယ်။ ဒီပုံလေးတွေထဲမှာတော့

ခန့် က ရိုးရှင်းအေးချမ်းတဲ့ မြန်မာဆန်ဆန်ဖက်ရှင်ဝတ်စုံလေး ဝတ်ပြီး အချစ်စရာအမူရာလေးတွေနဲ့ ရိုက်ကွင်းနောက်ကွယ်က ပုံရိပ်လေးတွေပဲဖြစ်ပါတယ်။ ဒီပုံလေးတွေနဲ့လည်း ခန့် က ” ဟန်ဆောင်နေတယ်ဆိုတာကို သိသိကြီးနဲ့ ပျော်ရွှင်နေတဲ့

ရှေးရယ် အဲ့ဒီပျော်ရွှင်မှုကကော ဘယ်ချိန်ထိပျော်ရွှင်ရမှာမို့လို့လဲ..” ဆိုပြီး သူမရဲ့ facebook စာမျက်နှာပေါ်မှာ ရေးသားထားပါသေးတယ်။ ကဲ…ချစ်ပရိသတ်ကြီးရေ အတွင်းရေးမှူးမလေး ရှေး ရဲ့ ချစ်စရာကောင်းလွန်းနေတဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Source : Khant Thiri Kyaw’s Facebook | Reference & Credit : Myanmarload

Add a Comment

Your email address will not be published. Required fields are marked *