လူၾကမ္းသ႐ုပ္ေဆာင္ႀကီး ဦးေအာင္စည္ရဲ႕ ေဆးဝါးခနဲ႔ စားဝတ္ေနေရးအတြက္ ကူညီၾကဖို႔ အလွဴခံေပးခဲ့တဲ့ ေဝဠဳေက်ာ္

ေဝဠဳေက်ာ္ ကေတာ့ အရင္ဗီဒီယို ေခတ္ကာလက အႏုပညာေလာကမွာ လူႀကီး လူငယ္မေ႐ြး သေဘာက်ၾကအားေပးခ်စ္ခင္ခဲ့ရတဲ့ ႏိုင္ငံေက်ာ္ဝါရင့္သ႐ုပ္ေဆာင္မင္းသားႀကီးပဲျဖစ္ပါတယ္။ ယေန႔အခ်ိန္ထိလည္း ပရိသတ္ေတြရဲ႕ ရင္ထဲမွာ ေနရာတစ္ေနရာကို အခိုင္အမာရပ္တည္ထားႏိုင္ခဲ့တဲ့ သူပဲျဖစ္ပါတယ္။ လက္ရွိမွာေတာ့ အႏုပညာအလုပ္ေတြကို

အရင္ကထပ္မလုပ္ေတာ့ေပးမယ့္ ျဖည္းျဖည္းမွန္မွန္နဲ႔သာလုပ္ကိုင္ေနတာလည္းေတြ႕ရပါတယ္။ ဒါ့အျပင္ ေဝဠဳေက်ာ္ကေတာ့ လူမႈေရးအက်ိဳးျပဳ ပရဟိတ လုပ္ငန္းေတြကိုလည္း ကိုယ္က်ိဳးမငဲ့ပဲ ကိုယ္တိုင္ပါဝင္လုပ္ကိုင္ေပးေနတဲ့ ေလးစားဖြယ္အႏုပညာရွင္တစ္ေယာက္ပဲျဖစ္ပါတယ္။ ယခုမွာဆိုရင္လည္း

ေဝဠဳေက်ာ္ ကေတာ့ ကပ္ေရာဂါတိုက္ဖ်က္ေရး အခ်ိန္ကာလအတြင္း အသည္းမွာေက်ာက္တည္လို႔ ေဆး႐ုံတက္ေနရတဲ့ ဝါရင့္လူၾကမ္းသ႐ုပ္ေဆာင္ႀကီးျဖစ္တဲ့ အသက္ ၇၃ ႏွစ္အ႐ြယ္ ဦးေအာင္စည္ ရဲ႕ လိုအပ္တဲ့ အကူညီေတြရရွိဖို႔အတြက္ တက္ႏိုင္သေလာက္ ထည့္ဝင္လႉဒါန္းေပးအတြက္

ေစတနာရွင္ေတြကိုအလႉခံထားခဲ့ပါတယ္။ သူ႔ရဲ႕ေဝဠဳေက်ာ္ ေဖာင္ေဒးရွင္း page မွာေတာ့ “တခ်ိန္က လူၾကမ္းသ႐ုပ္ေဆာင္ ေအာင္စည္..အခုေတာ့ အသက္၇၃ ႏွစ္ရွိၿပီျဖစ္သည့္ ဦးေအာင္စည္..ကပ္ေရာဂါကာလမွာ အသည္းမွာ ေက်ာက္တည္လို႔သန္လ်င္ေဆး႐ုံမွာ တက္ၿပီး ခြဲထုတ္

ရပါတယ္။စားဝတ္ေနေရး မေျပလည္ေတာ့ ေဆးဝါးေတြဝယ္ဖို႔ ပိုေနသူက လိုေနသူထံသို႔ 5000/10000ကအစ ထည့္ဝင္ ကူေပး လႉေပးၾကဖို႔ အလႉခံတင္ပါရေစ” ဆိုၿပီး ေရးသားထားပါတယ္။ ဒါ့အျပင္ လႉဒါန္းေပးခ်င္တဲ့ ေစတနာရွင္တို႔အတြက္လည္း သူ႔ရဲ႕ ေဝဠဳေက်ာ္ေဖာင္ေဒးရွင္း page မွာ ေဖာ္ျပေပးထားပါတယ္ေနာ္…။

Read in UNICODE

ဝေဠုကျော် ကတော့ အရင်ဗီဒီယို ခေတ်ကာလက အနုပညာလောကမှာ လူကြီး လူငယ်မရွေး သဘောကျကြအားပေးချစ်ခင်ခဲ့ရတဲ့ နိုင်ငံကျော်ဝါရင့်သရုပ်ဆောင်မင်းသားကြီးပဲဖြစ်ပါတယ်။ ယနေ့အချိန်ထိလည်း ပရိသတ်တွေရဲ့ ရင်ထဲမှာ နေရာတစ်နေရာကို အခိုင်အမာရပ်တည်ထားနိုင်ခဲ့တဲ့ သူပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ အနုပညာအလုပ်တွေကို

အရင်ကထပ်မလုပ်တော့ပေးမယ့် ဖြည်းဖြည်းမှန်မှန်နဲ့သာလုပ်ကိုင်နေတာလည်းတွေ့ရပါတယ်။ ဒါ့အပြင် ဝေဠုကျော်ကတော့ လူမှုရေးအကျိုးပြု ပရဟိတ လုပ်ငန်းတွေကိုလည်း ကိုယ်ကျိုးမငဲ့ပဲ ကိုယ်တိုင်ပါဝင်လုပ်ကိုင်ပေးနေတဲ့ လေးစားဖွယ်အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ ယခုမှာဆိုရင်လည်း

ဝေဠုကျော် ကတော့ ကပ်ရောဂါတိုက်ဖျက်ရေး အချိန်ကာလအတွင်း အသည်းမှာကျောက်တည်လို့ ဆေးရုံတက်နေရတဲ့ ဝါရင့်လူကြမ်းသရုပ်ဆောင်ကြီးဖြစ်တဲ့ အသက် ၇၃ နှစ်အရွယ် ဦးအောင်စည် ရဲ့ လိုအပ်တဲ့ အကူညီတွေရရှိဖို့အတွက် တက်နိုင်သလောက် ထည့်ဝင်လှူဒါန်းပေးအတွက်

စေတနာရှင်တွေကိုအလှူခံထားခဲ့ပါတယ်။ သူ့ရဲ့ဝေဠုကျော် ဖောင်ဒေးရှင်း page မှာတော့ “တချိန်က လူကြမ်းသရုပ်ဆောင် အောင်စည်..အခုတော့ အသက်၇၃ နှစ်ရှိပြီဖြစ်သည့် ဦးအောင်စည်..ကပ်ရောဂါကာလမှာ အသည်းမှာ ကျောက်တည်လို့သန်လျင်ဆေးရုံမှာ တက်ပြီး ခွဲထုတ်

ရပါတယ်။စားဝတ်နေရေး မပြေလည်တော့ ဆေးဝါးတွေဝယ်ဖို့ ပိုနေသူက လိုနေသူထံသို့ 5000/10000ကအစ ထည့်ဝင် ကူပေး လှူပေးကြဖို့ အလှူခံတင်ပါရစေ” ဆိုပြီး ရေးသားထားပါတယ်။ ဒါ့အပြင် လှူဒါန်းပေးချင်တဲ့ စေတနာရှင်တို့အတွက်လည်း သူ့ရဲ့ ဝေဠုကျော်ဖောင်ဒေးရှင်း page မှာ ဖော်ပြပေးထားပါတယ်နော်…။

Source : Wai Lu Kyaw Foundation’s Facebook | Reference & Credit : Myanmarload

Add a Comment

Your email address will not be published. Required fields are marked *