ကြယ္လြန္သြားၿပီျဖစ္တဲ့ ခင္ပြန္းရဲ႕ (၁၀)လျပည့္အတြက္ လူ(၃၀၀)စာ အာဟာရဒါန ျပဳလုပ္ခဲ့တဲ့ ဝါဝါဝင္းေရႊ

အကယ္ဒမီမ်ားရွင္ ဝါဝါဝင္းေ႐ႊကေတာ့ အခုခ်ိန္မွာဆိုရင္ ခ်စ္ရတဲ့မိသားစုနဲ႔အတူ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေနထိုင္ေနတာပဲျဖစ္ပါတယ္။ဝါဝါဝင္းေ႐ႊရဲ႕ခ်စ္ခင္ပြန္းကေတာ့ ဘဝတစ္ပါးသို႔ေျပာင္းေ႐ႊ႕ကြယ္လြန္သြားခဲ့တာ (၁၀)လျပည့္သြားၿပီျဖစ္ပါတယ္။အန္တီဝါဝါဝင္းေ႐ႊကေတာ့ ခ်စ္ခင္ပြန္းရဲ႕(၁၀)လျပည့္ေန႔ေလးမွာ ကုသိုလ္ေကာင္းမႉေတြကိုလုပ္ေဆာင္ခဲ့ၿပီး

ပန္းလွလွေလးေတြကိုကိုယ္တိုင္ထိုးကာ ခ်စ္ခင္ပြန္းရဲ႕အုတ္ဂူေလးေပၚမွာ တင္ေပးခဲ့တာျဖစ္ပါတယ္။ ဝါဝါဝင္းေ႐ႊက”ဘယ္ေတာ့မွေမ့မရႏိုင္တဲ့ ဒယ္ဒီေရ က်န္ရစ္သူက ရက္ေတြ လက္ေရခ်ိဳးေတာ့—ရက္ေပါင္း ၃၀၀ ၊ လေပါင္း ၁၀ လျပည့္ခဲ့ျပန္ပါၿပီ၊မိုးတိမ္မဲေတြ တလိပ္လိပ္တက္ၿပီးဘယ္အညိဳးနဲ႔မ်ား႐ြာေနတာလားမိုးေဒဝါရယ္ ျမေ႐ႊပင္ဓမၼရိပ္

မွာ ကြာရတင္းၾကေနတဲ့လူ ၃၀၀ ကို ဒယ္ဒီအတြက္ရည္စူးၿပီးအဟာရဒါန ၾကာဇံေၾကာ္ ဘူး၃၀၀ လႉဖို႔ကိုယ္တိုင္လုပ္ကိုင္ေနတဲ့ အခ်ိန္မွာေပါ့ ဆုေတာင္းျပည့္ခဲ့ပါၿပီ ဒီေန႔မွာေတာ့ မိုးလြတ္ ေလလြတ္နဲ႔အလႉတစ္ခုအထေျမာက္ခဲ့ပါၿပီခ်စ္မာကိုယ္တိုင္ထိုးတဲ့ပန္းေလး

ဒယ္ဒီကတဆင့္ျမတ္စြာဘုရားကိုလႉပါေနာ္” “ခုလိုလမိုက္ညမွာ ဒယ္ဒီေမွာင္ထဲမွာေနရမွာေပါ့ လျပည့္ညေရာက္ျပန္ေတာ့လဲ ဒယ္ဒီအိပ္စက္တဲ့ေနရာေလးကလေရာင္ရဲ႕ေအးျမတဲ့အလင္းေအာက္မွာသာယာ တိတ္ဆိတ္ေနမွာပါေနာ္။ ေနပူရင္ပူရွာမွာေပါ့။ မိုးႀကီးရင္ေတာ့ ဒယ္ဒီနားခိုရာေလးက

လုံပါတယ္ေပါ့လို႔ ႐ူးခဲ့ရျပန္တယ္။ဒယ္ဒီလူ႔ဘဝတုန္းက ခ်စ္မာ နဲ႔ျပဳခဲ့ၾကတဲ့ကုသိုလ္ေကာင္းမႈေတြေရာေန႔စဥ္ လစဥ္ လုပ္တဲ့ကုသိုလ္ေတြ ဒီေန႔ျပဳလုပ္တဲ့ကုသိုလ္ ေတြကို ျမင့္ျမတ္တဲ့ ဘုံဘဝကေန သာဓု ေခၚပါေနာ္။ေဝေနယ်ပုဂၢိဳလ္ အေပါင္းကိုလည္းအမွ် အမွ် အမွ် ေပးေဝလိုက္ပါတယ္။”ဆိုၿပီး ေရးသားမွ်ေဝလာတာျဖစ္ပါတယ္။

Read in UNICODE

အကယ်ဒမီများရှင် ဝါဝါဝင်းရွှေကတော့ အခုချိန်မှာဆိုရင် ချစ်ရတဲ့မိသားစုနဲ့အတူ ပျော်ပျော်ရွှင်ရွှင်နေထိုင်နေတာပဲဖြစ်ပါတယ်။ဝါဝါဝင်းရွှေရဲ့ချစ်ခင်ပွန်းကတော့ ဘဝတစ်ပါးသို့ပြောင်းရွှေ့ကွယ်လွန်သွားခဲ့တာ (၁၀)လပြည့်သွားပြီဖြစ်ပါတယ်။အန်တီဝါဝါဝင်းရွှေကတော့ ချစ်ခင်ပွန်းရဲ့(၁၀)လပြည့်နေ့လေးမှာ ကုသိုလ်ကောင်းမှူတွေကိုလုပ်ဆောင်ခဲ့ပြီး

ပန်းလှလှလေးတွေကိုကိုယ်တိုင်ထိုးကာ ချစ်ခင်ပွန်းရဲ့အုတ်ဂူလေးပေါ်မှာ တင်ပေးခဲ့တာဖြစ်ပါတယ်။ ဝါဝါဝင်းရွှေက”ဘယ်တော့မှမေ့မရနိုင်တဲ့ ဒယ်ဒီရေ ကျန်ရစ်သူက ရက်တွေ လက်ရေချိုးတော့—ရက်ပေါင်း ၃၀၀ ၊ လပေါင်း ၁၀ လပြည့်ခဲ့ပြန်ပါပြီ၊မိုးတိမ်မဲတွေ တလိပ်လိပ်တက်ပြီးဘယ်အညိုးနဲ့များရွာနေတာလားမိုးဒေဝါရယ် မြရွှေပင်ဓမ္မရိပ်

မှာ ကွာရတင်းကြနေတဲ့လူ ၃၀၀ ကို ဒယ်ဒီအတွက်ရည်စူးပြီးအဟာရဒါန ကြာဇံကြော် ဘူး၃၀၀ လှူဖို့ကိုယ်တိုင်လုပ်ကိုင်နေတဲ့ အချိန်မှာပေါ့ ဆုတောင်းပြည့်ခဲ့ပါပြီ ဒီနေ့မှာတော့ မိုးလွတ် လေလွတ်နဲ့အလှူတစ်ခုအထမြောက်ခဲ့ပါပြီချစ်မာကိုယ်တိုင်ထိုးတဲ့ပန်းလေး

ဒယ်ဒီကတဆင့်မြတ်စွာဘုရားကိုလှူပါနော်” “ခုလိုလမိုက်ညမှာ ဒယ်ဒီမှောင်ထဲမှာနေရမှာပေါ့ လပြည့်ညရောက်ပြန်တော့လဲ ဒယ်ဒီအိပ်စက်တဲ့နေရာလေးကလရောင်ရဲ့အေးမြတဲ့အလင်းအောက်မှာသာယာ တိတ်ဆိတ်နေမှာပါနော်။ နေပူရင်ပူရှာမှာပေါ့။ မိုးကြီးရင်တော့ ဒယ်ဒီနားခိုရာလေးက

လုံပါတယ်ပေါ့လို့ ရူးခဲ့ရပြန်တယ်။ဒယ်ဒီလူ့ဘဝတုန်းက ချစ်မာ နဲ့ပြုခဲ့ကြတဲ့ကုသိုလ်ကောင်းမှုတွေရောနေ့စဉ် လစဉ် လုပ်တဲ့ကုသိုလ်တွေ ဒီနေ့ပြုလုပ်တဲ့ကုသိုလ် တွေကို မြင့်မြတ်တဲ့ ဘုံဘဝကနေ သာဓု ခေါ်ပါနော်။ဝေနေယျပုဂ္ဂိုလ် အပေါင်းကိုလည်းအမျှ အမျှ အမျှ ပေးဝေလိုက်ပါတယ်။”ဆိုပြီး ရေးသားမျှဝေလာတာဖြစ်ပါတယ်။

Source : Wa Wa Win Shwe’s Facebook Account | Reference & Credit : Myanamrload

Add a Comment

Your email address will not be published. Required fields are marked *