မိသားစုတစ္ခုလံုး အျပင္ထြက္ၿပီး စိုးရိမ္စိတ္ေလးနဲ႔ တုပ္ေကြး ကာကြယ္ေဆးထိုးခဲ့ၾကတဲ့ ဆုပန္ထြာတို႔ မိသားစု

အႏုပညာေလာကမွာ ပရိသတ္အခ်စ္ေတြနဲ႔ ေအာင္ျမင္မႈေတြအခိုင္အမာရရွိထားသလို ခ်စ္စရာသားသားေလးနဲ႔ ၾကည္ႏူးေပ်ာ္စရာ မိသားစုဘဝေလးကို ပိုင္ဆိုင္ျဖတ္သန္းေနသူကေတာ့ မင္းသမီးေခ်ာ ဆုပန္ထြာပဲ ျဖစ္ပါတယ္ေနာ္..။ ပရိသတ္အခ်စ္ေတာ္ေလး ပန္ပန္ကေတာ့ သ႐ုပ္ေဆာင္ေကာင္းသလို ပြင္လင္းတဲ့စကားေျပာဟန္ပန္၊ အၿမဲသြက္လက္ေနတဲ့ လႈပ္ရွားမႈပုံရိပ္ေလးေတြအျပင္ ခ်စ္စရာေကာင္းတာမို႔လည္း

ပရိသတ္ေတြက အၿမဲအခ်စ္ပိုေနၾကတာလည္း ျဖစ္ပါတယ္ေနာ္..။ ပန္ပန္တို႔မိသားစုေလးကေတာ့ Covid ကာလ Stay Home ေနရတဲ့အခ်ိန္ ဘယ္မွမသြားၾကေပမယ့္ မိသားစုလိုက္ မျဖစ္မေန အျပင္ထြက္ၿပီး ရာသီတုပ္ေကြးကာကြယ္ေဆး သြားထိုးခဲ့ၾကတဲ့ အေၾကာင္းေလးကို ေျပာျပလာပါတယ္..။ ႏွစ္စဥ္ႏွစ္တိုင္းထိုးေနက်ျဖစ္တဲ့ ေလးမ်ိဳးစပ္တုပ္ေကြးကာကြယ္ေဆးသြားထိုးၾကတာျဖစ္ၿပီး

ရင္တထိတိထိတ္နဲ႔ မျဖစ္မေနေဆး႐ုံသြားရတာမို႔ စိုးရိမ္စိတ္ကေလးေတြျဖစ္ေပမယ့္ Save ျဖစ္ေအာင္ ဂ႐ုစိုက္ျဖစ္ၾကတဲ့အေၾကာင္းေလးကိုလည္း ပန္ပန္က ေျပာျပထားတာပါ..။ “ဒီႏွစ္ကအရင္ႏွစ္နဲ႔မတူ Covid 19 ကပ္ေရာဂါရွိတာမို႔ ေရာဂါလကၡဏာတူတဲ့အတြက္ ပိုထိုးသင့္တာမို႔ သြားထိုးျဖစ္ခဲ့ပါတယ္။ ခုခ်ိန္ မျဖစ္မေနေဆး႐ုံေဆးခန္းသြားရတာမို႔

ရင္ထဲတထိတ္ထိတ္နဲ႔ပါ။ ကာကြယ္ေဆးမထိုးမျဖစ္လို႔ သြားရတယ္ဆိုေပမယ့္ တစ္မိသားစုလုံး Save ျဖစ္ေအာင္ ေဆး႐ုံထဲ ဘယ္မွမထိုင္ျဖစ္ပဲ ျမန္ျမန္ေဆးထိုး၊ ျမန္ျမန္ျပန္လာ၊ အိမ္ေရာက္ေတာ့ အကုန္လုံးေနာက္‌ေပါက္ကေန ေရခ်ိဳးတစ္ခါတည္းေလ်ာ္စက္ထဲ တန္းထည့္ေလ်ာ္ၾကနဲ႔။ ဒီတစ္ခါ အိမ္အျပင္တစ္ခါထြက္ရတာ စိုးရိမ္စိတ္ေပါင္းမ်ားစြာနဲ႔ပါ..” ဆိုၿပီ

း မျဖစ္မေန အျပင္ထြက္ရတဲ့အေၾကာင္းေလးကို ေျပာျပထားပါတယ္ေနာ္..။”ဘာပဲျဖစ္ျဖစ္ “Flu vaccine” (Vaxigrip Tetra 2020 , Myanmar FDA approved) ကာကြယ္ေဆးထိုးဖို႔ေတာ့ အားလုံးကိုတိုက္တြန္းပါရေစ။ျဖစ္မွကုသတာထက္ ႀကိဳတင္ကာကြယ္တာပိုၿပီးထိေရာက္ပါတယ္ရွင့္။..” ဆိုၿပီးေတာ့လာ္း ရာသီတုပ္ေကြးကာကြယ္ေဆး ထိုးၾကဖို႔လည္း ပန္ပန္က တိုက္တြန္းထားပါေသးတယ္..။

Read in UNICODE

အနုပညာလောကမှာ ပရိသတ်အချစ်တွေနဲ့ အောင်မြင်မှုတွေအခိုင်အမာရရှိထားသလို ချစ်စရာသားသားလေးနဲ့ ကြည်နူးပျော်စရာ မိသားစုဘဝလေးကို ပိုင်ဆိုင်ဖြတ်သန်းနေသူကတော့ မင်းသမီးချော ဆုပန်ထွာပဲ ဖြစ်ပါတယ်နော်..။ ပရိသတ်အချစ်တော်လေး ပန်ပန်ကတော့ သရုပ်ဆောင်ကောင်းသလို ပွင်လင်းတဲ့စကားပြောဟန်ပန်၊ အမြဲသွက်လက်နေတဲ့ လှုပ်ရှားမှုပုံရိပ်လေးတွေအပြင် ချစ်စရာကောင်းတာမို့လည်း

ပရိသတ်တွေက အမြဲအချစ်ပိုနေကြတာလည်း ဖြစ်ပါတယ်နော်..။ ပန်ပန်တို့မိသားစုလေးကတော့ Covid ကာလ Stay Home နေရတဲ့အချိန် ဘယ်မှမသွားကြပေမယ့် မိသားစုလိုက် မဖြစ်မနေ အပြင်ထွက်ပြီး ရာသီတုပ်ကွေးကာကွယ်ဆေး သွားထိုးခဲ့ကြတဲ့ အကြောင်းလေးကို ပြောပြလာပါတယ်..။ နှစ်စဉ်နှစ်တိုင်းထိုးနေကျဖြစ်တဲ့ လေးမျိုးစပ်တုပ်ကွေးကာကွယ်ဆေးသွားထိုးကြတာဖြစ်ပြီး

ရင်တထိတိထိတ်နဲ့ မဖြစ်မနေဆေးရုံသွားရတာမို့ စိုးရိမ်စိတ်ကလေးတွေဖြစ်ပေမယ့် Save ဖြစ်အောင် ဂရုစိုက်ဖြစ်ကြတဲ့အကြောင်းလေးကိုလည်း ပန်ပန်က ပြောပြထားတာပါ..။ “ဒီနှစ်ကအရင်နှစ်နဲ့မတူ Covid 19 ကပ်ရောဂါရှိတာမို့ ရောဂါလက္ခဏာတူတဲ့အတွက် ပိုထိုးသင့်တာမို့ သွားထိုးဖြစ်ခဲ့ပါတယ်။ ခုချိန် မဖြစ်မနေဆေးရုံဆေးခန်းသွားရတာမို့

ရင်ထဲတထိတ်ထိတ်နဲ့ပါ။ ကာကွယ်ဆေးမထိုးမဖြစ်လို့ သွားရတယ်ဆိုပေမယ့် တစ်မိသားစုလုံး Save ဖြစ်အောင် ဆေးရုံထဲ ဘယ်မှမထိုင်ဖြစ်ပဲ မြန်မြန်ဆေးထိုး၊ မြန်မြန်ပြန်လာ၊ အိမ်ရောက်တော့ အကုန်လုံးနောက်‌ပေါက်ကနေ ရေချိုးတစ်ခါတည်းလျော်စက်ထဲ တန်းထည့်လျော်ကြနဲ့။ ဒီတစ်ခါ အိမ်အပြင်တစ်ခါထွက်ရတာ စိုးရိမ်စိတ်ပေါင်းများစွာနဲ့ပါ..” ဆိုပြီ

း မဖြစ်မနေ အပြင်ထွက်ရတဲ့အကြောင်းလေးကို ပြောပြထားပါတယ်နော်..။”ဘာပဲဖြစ်ဖြစ် “Flu vaccine” (Vaxigrip Tetra 2020 , Myanmar FDA approved) ကာကွယ်ဆေးထိုးဖို့တော့ အားလုံးကိုတိုက်တွန်းပါရစေ။ဖြစ်မှကုသတာထက် ကြိုတင်ကာကွယ်တာပိုပြီးထိရောက်ပါတယ်ရှင့်။..” ဆိုပြီးတော့လာ်း ရာသီတုပ်ကွေးကာကွယ်ဆေး ထိုးကြဖို့လည်း ပန်ပန်က တိုက်တွန်းထားပါသေးတယ်..။

Source : Supan Htwar’s Facewbook | Reference & Credit : Myanmarload

Add a Comment

Your email address will not be published. Required fields are marked *