ဇာတ်ကောင်စရိုက် ပြီပြင်အောင် ကြိုးစားရင်း (၁၅)ပေါင်တက်ခဲ့တဲ့အကြောင်း ပြောပြခဲ့တဲ့ ခင်သဇင်





Red in UNICODE

ခင်သဇင်ကတော့ အနုပညာလောကထဲကို ဝင်ရောက်လာတာမကြာသေးပေမယ့် ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ဇာတ်လမ်းတွဲတွေများစွာကို ရိုက်ကူးနေရတဲ့ သူလေးပဲ ဖြစ်ပါတယ်။ သူမရဲ့ တိကျပိုင်နိုင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်တွေ ရင်ထဲ နေရာတစ်ခုကို အခိုင်အမာရယူထားနိုင်တဲ့ သူလေးဆိုရင်လည်း မမှားနိုင်ပါဘူးနော်… ။ ဒါ့အပြင် ခင်သဇင်က ကြော်ငြာတွေနဲ့ photo shooting တွေကို

လက်ခံရိုက်ကူးနေရတဲ့ သူလေးပဲဖြစ်ပါတယ်။ ဒါ့အပြင် ခင်သဇင်က ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခုကို တည်ထောင်ထားပြီး ပရဟိတလုပ်ငန်းတွေကိုလည်း သူမ တက်နိုင်သလောက် ပါဝင်ဆောင်ရွက်ပေးနေတာလည်း ဖြစ်ပါတယ်။ သူမရဲ့ လတ်တလော အနုပညာလှုပ်ရှားမှုအနေနဲ့ MRTV -4မှာ

ထုတ်လွှင့်ပြသနေတဲ့ ” အချစ်ဖွဲလေညင်း ” ဇာတ်လမ်းတွဲလေးထဲမှာ မိုးကလျာဆိုတဲ့ ကာရိုက်တာလေးနဲ့ ပါဝင်သရုပ်ဆောင်ထားတာပဲ ဖြစ်ပါတယ်။ ထိမိပြောင်မြောက်လွန်းတဲ့ သရုပ်ဆောင်မှုတွေကို ပရိသတ်တွေက အကြိုက်တွေ့နေကြတာပါနော်.။ မကြာသေးမီက ခင်သဇင်က သူမရဲ့ ဖေ့ဘွတ်စာမျက်နှာကနေ “

ပြောပါဦး ..မိုးကလျာ character က အပြင်က ခင်သဇင် နဲ့ လားလားမှ မဆိုင် တကားလုံး စိတ်ပုတ်နိုင်ဖို့ mood တွေ အသေထည့်ပြီး သရုပ်ဆောင်ရတော့ stress တွေများ ပြီး အစားတွေ နင်းကန်စားတာ အချစ်ဖွဲ့လေညင်း ရိုက်ရင်း ၁၅ ပေါင် တက်သွားတဲ့ အကြောင်းလေး ” ဆိုတဲ့ စာသားလေးနဲ့အတူ သူမရဲ့ ပုံလေးတွေကို တင်ပေးလါတာကြောင့် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်….. ။

Source : Khin Thazin’s Facebook | Reference & Credit : Myanmarload

Add a Comment

Your email address will not be published. Required fields are marked *