အႏုပညာရွင္ေတြသာ Covid ျဖစ္ရင္ ပိုးစိုးပက္ဆက္ အေျပာခံရမွာျဖစ္ေၾကာင္း ေျပာျပခဲ့တဲ့ ေက်ာ္ဇင္ထြဋ္

ပရိသတ္ႀကီးတို႔ရဲ႕ အားေပးမႈေတြကို ပီျပင္ပိုင္ႏိုင္တဲ့ အၾကမ္းစား သ႐ုပ္ေဆာင္ႏိုင္မႈေတြေၾကာင့္ ရရွိထားၿပီး ဇာတ္ကားေကာင္းမ်ားစြာမွာ ပါဝင္သ႐ုပ္ေဆာင္ထားတဲ့ ဇာတ္ပို႔သ႐ုပ္ေဆာင္ အႏုပညာရွင္ကေတာ့ ေက်ာ္ဇင္ထြဋ္ပဲ ျဖစ္ပါတယ္ေနာ္..။ ဗီလိန္ဇာတ္႐ုပ္ေတြနဲ႔ က်ရာကာ႐ိုက္တာေတြကို မ်က္ႏွာထားကအစ ပီပီျပင္ျပင္နဲ႔ သ႐ုပ္ေဆာင္ပိုင္ႏိုင္မႈေတြေၾကာင့္ ပရိသတ္ေတြရဲ႕ အသိအမွတ္ျပဳအားေပးမႈေတြကို ရရွိထားကာ အႏုပညာအလုပ္ေတြကို ဆက္တိုက္လုပ္ေဆာက္ေနသူလည္း

ျဖစ္ပါတယ္ေနာ္..။ေ က်ာ္ဇင္ထြဋ္ကေတာ့ အခုလို Covid ကာလမွာ ႀကဳံေတြ႕ၾကရတဲ့ အေတြ႕အႀကဳံအေၾကာင္းေလးေတြနဲ႔ အႏုပညာေလာကသားေတြရဲ႕ အခက္အခဲေလးေတြကို ေျပာျပလာခဲ့ပါတယ္ေနာ္..။ “Covid ကာလေတြ ရက္ဆက္တိုးလိုက္တာ စိတ္ထဲ မေကာင္းဘူး အလုပ္ျပန္လုပ္ဖို႔အခ်ိန္ဆိုတာ ဘယ္ေတာ့မွန္းမသိဘူး ေမွ်ာ္လင့္ခ်က္ပိုေဝးသြားတာေပါ့ ဒါေပမယ့္လည္း စိတ္ရွည္လက္ရွည္ေစာင့္ရမွာပဲေလ ကိုယ္တစ္ေယာက္တည္းမွ မဟုတ္တာ

ကိုယ့္ဟာကိုယ္ေလး အဆင္ေျပေအာင္ ဘယ္လိုေက်ာ္ျဖတ္မလဲဆိုတာ ဒီတိုက္ပြဲႀကီးၿပီးသြားတဲ့တေန႔ ကိုယ့္ရဲ႕ခႏၶာနဲ႔ ႐ုပ္နဲ႔ က်န္ေနဖို႔ အေရးႀကီးတာေပါ့..” ဆိုၿပီးေတာ့ ေျပာျပထားပါေသးတယ္..။ကိုဗစ္ေၾကာင့္ ႐ုပ္ရွင္ေလာက ေတာ္ေတာ္အထိနာတယ္ ႐ုပ္ရွင္ေလာကသည္ ရွင္းရွင္းေျပာရရင္ ေကာင္းတဲ့ကိစၥသာ အေကာင္းေျပာမခံရတာ ဒါမယ့္ အထိအနာဆုံးနဲ႔ရင္ဘတ္ႀကီးေတြ ရင္းေပးရတာ အႏုပညာသမားေတြပါပဲ ဆိုၿပီး ေျပာျပထားတာပါ..။ “႐ုပ္ရွင္ေလာကသားေတြ

ပိုအထိနာမယ္ ႐ုံဆိုရင္လည္း လူအမ်ားဝင္ရမယ့္ေနရာ ေတာ္႐ုံတန္႐ုံလည္း လာၾကည့္ရဲမွာ မဟုတ္ဘူး ၾကည့္လို႔တယ္လို႔ျဖစ္သြားရင္လည္း အရွက္ေတြကြဲမယ္ ကြၽန္ေတာ္တို႔အႏုပညာသမားသာျဖစ္ၾကည့္ ပိုးဆိုးပက္ဆက္ေျပာၾကမွာ ေပါကားၾကည့္ရင္းနဲ႔ေတာ့ ဝူဟန္အျဖစ္မခံနဲ႔ဆိုၿပီး ေျပာေကာင္းေျပာမွာေပါ့ ဒီလိုေတြက ၾကားတတ္တာေပါ့ ကြၽန္ေတာ္အႏုပညာသမားေတြက ေနာက္ဆုံးမွပဲ အလုပ္ျပန္လုပ္ရမယ့္အေျခအေနျဖစ္ေနတယ္ ဒါမယ့္ေတာင့္ခံၿပီး ေနၾကရမွာပဲ.. ” ဆိုၿပီးေတာ ေျပာျပထားတာ ျဖစ္ပါတယ္ေနာ္..။

Read in UNICODE

ပရိသတ်ကြီးတို့ရဲ့ အားပေးမှုတွေကို ပီပြင်ပိုင်နိုင်တဲ့ အကြမ်းစား သရုပ်ဆောင်နိုင်မှုတွေကြောင့် ရရှိထားပြီး ဇာတ်ကားကောင်းများစွာမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ပို့သရုပ်ဆောင် အနုပညာရှင်ကတော့ ကျော်ဇင်ထွဋ်ပဲ ဖြစ်ပါတယ်နော်..။ ဗီလိန်ဇာတ်ရုပ်တွေနဲ့ ကျရာကာရိုက်တာတွေကို မျက်နှာထားကအစ ပီပီပြင်ပြင်နဲ့ သရုပ်ဆောင်ပိုင်နိုင်မှုတွေကြောင့် ပရိသတ်တွေရဲ့ အသိအမှတ်ပြုအားပေးမှုတွေကို ရရှိထားကာ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောက်နေသူလည်း

ဖြစ်ပါတယ်နော်..။ေ ကျာ်ဇင်ထွဋ်ကတော့ အခုလို Covid ကာလမှာ ကြုံတွေ့ကြရတဲ့ အတွေ့အကြုံအကြောင်းလေးတွေနဲ့ အနုပညာလောကသားတွေရဲ့ အခက်အခဲလေးတွေကို ပြောပြလာခဲ့ပါတယ်နော်..။ “Covid ကာလတွေ ရက်ဆက်တိုးလိုက်တာ စိတ်ထဲ မကောင်းဘူး အလုပ်ပြန်လုပ်ဖို့အချိန်ဆိုတာ ဘယ်တော့မှန်းမသိဘူး မျှော်လင့်ချက်ပိုဝေးသွားတာပေါ့ ဒါပေမယ့်လည်း စိတ်ရှည်လက်ရှည်စောင့်ရမှာပဲလေ ကိုယ်တစ်ယောက်တည်းမှ မဟုတ်တာ

ကိုယ့်ဟာကိုယ်လေး အဆင်ပြေအောင် ဘယ်လိုကျော်ဖြတ်မလဲဆိုတာ ဒီတိုက်ပွဲကြီးပြီးသွားတဲ့တနေ့ ကိုယ့်ရဲ့ခန္ဓာနဲ့ ရုပ်နဲ့ ကျန်နေဖို့ အရေးကြီးတာပေါ့..” ဆိုပြီးတော့ ပြောပြထားပါသေးတယ်..။ကိုဗစ်ကြောင့် ရုပ်ရှင်လောက တော်တော်အထိနာတယ် ရုပ်ရှင်လောကသည် ရှင်းရှင်းပြောရရင် ကောင်းတဲ့ကိစ္စသာ အကောင်းပြောမခံရတာ ဒါမယ့် အထိအနာဆုံးနဲ့ရင်ဘတ်ကြီးတွေ ရင်းပေးရတာ အနုပညာသမားတွေပါပဲ ဆိုပြီး ပြောပြထားတာပါ..။ “ရုပ်ရှင်လောကသားတွေ

ပိုအထိနာမယ် ရုံဆိုရင်လည်း လူအများဝင်ရမယ့်နေရာ တော်ရုံတန်ရုံလည်း လာကြည့်ရဲမှာ မဟုတ်ဘူး ကြည့်လို့တယ်လို့ဖြစ်သွားရင်လည်း အရှက်တွေကွဲမယ် ကျွန်တော်တို့အနုပညာသမားသာဖြစ်ကြည့် ပိုးဆိုးပက်ဆက်ပြောကြမှာ ပေါကားကြည့်ရင်းနဲ့တော့ ဝူဟန်အဖြစ်မခံနဲ့ဆိုပြီး ပြောကောင်းပြောမှာပေါ့ ဒီလိုတွေက ကြားတတ်တာပေါ့ ကျွန်တော်အနုပညာသမားတွေက နောက်ဆုံးမှပဲ အလုပ်ပြန်လုပ်ရမယ့်အခြေအနေဖြစ်နေတယ် ဒါမယ့်တောင့်ခံပြီး နေကြရမှာပဲ.. ” ဆိုပြီးတော ပြောပြထားတာ ဖြစ်ပါတယ်နော်..။

Source : Myanmarload | Reference & Credit : Mmload

Add a Comment

Your email address will not be published. Required fields are marked *