ဇနီးနဲ႔ သားနဲ႔အတူ ေမြးေန႔စပ႐ိုက္လုပ္ေပးခဲ့တာေၾကာင့္ ေပ်ာ္မဆံုးျဖစ္ေနတဲ့ ေအာင္လအန္ဆန္း

ျမန္မာနိုင္ငံရဲ႕ ဂုဏ္ထူးေဆာင္ MMA Fighter ျဖစ္သူ ေအာင္လအန္ဆန္းကိုေတာ့ ပရိသတ္ႀကီးလည္း ခ်စ္ခင္ ရင္းနွီးၿပီးသားျဖစ္မယ္ ထင္ပါတယ္ေနာ္။ ကခ်င္လူမ်ိဳးျဖစ္ၿပီး ျမန္မာ့ဂုဏ္ထူးေဆာင္အေနနဲ႕ ပြဲတိုင္းေက်ာ္ကာ ေအာင္ပြဲေတြကို အရယူနိုင္ခဲ့တဲ့သူပဲျဖစ္ပါတယ္.။ ေအာင္လအန္ဆန္းကေတာ့

အေမရိကန္နိုင္ငံသူ ဇနီးသည္နဲ႕ လက္ထပ္ခဲ့ၿပီး သားတစ္ေယာက္ ၊ သမီးတစ္ေယာက္ကို ပိုင္ဆိုင္ထားပါတယ္.။ ခ်စ္စရာေကာင္းတဲ့ သမီးေလးကိုေတာ့မ်ားမၾကာမီက ေမြးဖြားခဲ့ၿပီး သမီးျဖစ္သူေလးရဲ႕ ပံုေလးေတြကို သူ႕႕ရဲ႕ လူမႈကြန္ရက္စာမ်က္နွာေပၚမွာ ခ်စ္မဝျဖစ္ကာ တင္ေလ့ရွိပါတယ္။ ဒီေန႕ ေမလ(၂၂)ရက္ေန႕မွာေတာ့ ေအာင္လအန္ဆန္းက

သူ႕ရဲ႕ ေမြးေန႕ေလးကို ဇနီးနဲ႕ သားျဖစ္သူတို႕နဲ႕အတူ ေမြးေန႕ကိတ္ခြဲ ေမြးေန႕သီခ်င္းဆိုကာ ျဖတ္သန္းခဲ့တဲ့ ဗီဒီယုိဖို္င္ေလးကို “Don’t ask my family to sing. you a song . P.S. protein cupcakes taste exactly like how you would think a protein cupcake will taste.” ဆုိၿပီး သူ႕ရဲ႕ လူမႈကြန္ရက္စာမ်က္နွာေပၚမွာ တင္လာခဲ့ပါတယ္။ ေအာင္လအန္ဆန္းကေတာ့

သမီးျဖစ္သူကို ခ်ီၿပီးထိုင္ကာ ဇနီးနဲ႕သားျဖစ္သူရဲ႕ ေမြးေန႕ သီခ်င္းဆိုသံကို နားေထာင္ကာ ျပံဳးရႊင္စြာ လက္ခုပ္တီးၿပီး ေပ်ာ္ရႊင္ဖြယ္ေမြးေန႕ေလးကို ျဖတ္သန္းခဲ့တဲ့ ပံုပါပဲေနာ္..ပရိသတ္ႀကီး.။ ပရိသတ္ႀကီးလည္း ဒီကေန႕မွာ က်ေရာက္တဲ့ ေအာင္လအန္ဆန္းရဲ႕ ေမြးေန႕အတြက္ ေမြးေန႕ဆုေတာင္းေလးကို ေျပာေပးခဲ့ပါဦးေနာ္.။

Read in UNICODE

မြန်မာနိုင်ငံရဲ့ ဂုဏ်ထူးဆောင် MMA Fighter ဖြစ်သူ အောင်လအန်ဆန်းကိုတော့ ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်။ ကချင်လူမျိုးဖြစ်ပြီး မြန်မာ့ဂုဏ်ထူးဆောင်အနေနဲ့ ပွဲတိုင်းကျော်ကာ အောင်ပွဲတွေကို အရယူနိုင်ခဲ့တဲ့သူပဲဖြစ်ပါတယ်.။ အောင်လအန်ဆန်းကတော့

အမေရိကန်နိုင်ငံသူ ဇနီးသည်နဲ့ လက်ထပ်ခဲ့ပြီး သားတစ်ယောက် ၊ သမီးတစ်ယောက်ကို ပိုင်ဆိုင်ထားပါတယ်.။ ချစ်စရာကောင်းတဲ့ သမီးလေးကိုတော့များမကြာမီက မွေးဖွားခဲ့ပြီး သမီးဖြစ်သူလေးရဲ့ ပုံလေးတွေကို သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ချစ်မဝဖြစ်ကာ တင်လေ့ရှိပါတယ်။ ဒီနေ့ မေလ(၂၂)ရက်နေ့မှာတော့ အောင်လအန်ဆန်းက

သူ့ရဲ့ မွေးနေ့လေးကို ဇနီးနဲ့ သားဖြစ်သူတို့နဲ့အတူ မွေးနေ့ကိတ်ခွဲ မွေးနေ့သီချင်းဆိုကာ ဖြတ်သန်းခဲ့တဲ့ ဗီဒီယိုဖိုင်လေးကို “Don’t ask my family to sing. you a song . P.S. protein cupcakes taste exactly like how you would think a protein cupcake will taste.” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်။ အောင်လအန်ဆန်းကတော့

သမီးဖြစ်သူကို ချီပြီးထိုင်ကာ ဇနီးနဲ့သားဖြစ်သူရဲ့ မွေးနေ့ သီချင်းဆိုသံကို နားထောင်ကာ ပြုံးရွှင်စွာ လက်ခုပ်တီးပြီး ပျော်ရွှင်ဖွယ်မွေးနေ့လေးကို ဖြတ်သန်းခဲ့တဲ့ ပုံပါပဲနော်..ပရိသတ်ကြီး.။ ပရိသတ်ကြီးလည်း ဒီကနေ့မှာ ကျရောက်တဲ့ အောင်လအန်ဆန်းရဲ့ မွေးနေ့အတွက် မွေးနေ့ဆုတောင်းလေးကို ပြောပေးခဲ့ပါဦးနော်.။

Source : Aung La N Sang(Burmese Python)’s Facebook

Add a Comment

Your email address will not be published. Required fields are marked *