ယနေ့ကျရောက်တဲ့ (၂၇)နှစ်ပြည့်မွေးနေ့မှာ သိန်း(၁၇၀)တန် နာရီတစ်လုံး လက်ဆောင်ရခဲ့တဲ့ ထူးအောင်
Read in UNICODE
ထူးအောင်ကတော့ ယောကျာ်းပီသတဲ့ အမိုက်စားBodyကြောင့် မိန်းကလေးတွေသည်းသည်လှုပ်ချစ်ခင်အားပေးရတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ ယနေ့လေးကတော့ ပရိသတ်တွေရဲ့ ရင်ထဲမှာနေရာတစ်ခုကို ရယူထားနိုင်တဲ့ ထူးအောင်ရဲ့ အသက်၂၇နှစ်ပြည့်မွေးနေလေးပဲဖြစ်ပြီး မွေးနေ့လေးမှာ ပရိသတ်တစ်ဦးက သိန်း၁၇၀တန်နာရီတစ်လုံးအပြင်
တန်ဖိုးကြီးပစ္စည်းတွေပေးပို့ခဲ့လို့ အများကြီးအံ့သြခဲ့ရပါတယ်။ ထူးအောင်ကတော့ ” တန်ဖိုးရှိသော ကျွန်တော့်မွေးနေ့ မွေးနေ့အတွက်ဆိုပြီး အမည်မသိပရိတ်သတ်တစ်ဦးဆီက လက်နဲ့ဆွဲထားတဲ့ ပန်းချီကားတစ်ချပ်၊ 2years ခံ ပန်းဆီး ၊ မွေးနေ့ကိတ် အပြင် သိန်း၁၇၀ တန် နာရီ တစ်လုံး ရခဲ့ပါတယ်။ ပို့ပေးတဲ့သူကိုကျေးဇူးအများကြီးတင်ပါတယ်။ မထင်မှတ်ထားလို့
အများကြီးအံ့ဩရပါတယ်ညီလေးအာကာက ကျွန်တော်အရမ်းလိုချင်နေတဲ့ Apple watch series 5 ကိုလက်ဆောင်ပေးပါတယ်။ဒီနေ့မွေးနေ့မှာတော့ ကျွန်တော်ရဲ့ အမာခံပရိသတ်တွေက ကျွန်တော်အလှူမှာ တစ်ထောင့်တစ်နေရာကနေပါဝင်ခဲ့ပါတယ် “ဆိုပြီးရေးသားထားပါတယ်။ ထူးအောင်ကတော့
” ကျွန်တော်ဒီနေ့ ဦးမောင်ရဲ့နာရေးကူညီမှုအသင်းမှာ အလှူငွေလဲထည့်ရင်း ကိုယ်တိုင် နာရေးကားမောင်းခြင်း၊ Dead body သယ်ဆောင်တာတွေလုပ်ခဲ့ပါတယ်။ကျွန်တော်ပရိတ်သတ်တွေရဲ့အလှူငွေစာရင်းလေးကိုလဲဖော်ပြပေးချင်ပါတယ် ။ အခုလိုအားလုံးခက်ခဲနေတဲ့အချိန်မှာ
တစ်ကူးတစ်က လှူကြသူများအားလုံးကို ရင်ထဲကနေလှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်။ကျွန်တော်နဲ့အတူ မွေးနေ့မှာ နာရေးကားလိုက်မောင်းပေးသော ကို Nyi Htut Khaungနဲ့ Nay Lynn Shane ကိုလဲရှဲရှဲပါ။အားလုံးမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ “ဆိုပြီးရေးသားထားပါတယ်။
Source : Htoo Aung’s Facebook | Reference & Credit : Myanmarload