ပိုက်ဆံအိတ်ထဲက ဒေါ်လာတွေအကုန်လုံးကို အနီးဆုံးလူက ခိုးသွားခဲ့ဖူးကြောင်း ပြောပြခဲ့တဲ့ မြတ်သူသူ
Read in UNICODE
မင်းသမီးလေး မြတ်သူသူ ကတော့ MRTV-4 ဇာတ်လမ်းတွဲမင်းသမီးတစ်လက်ဖြစ်ပြီး “ကံကံ၏အကျိုး” ဇာတ်လမ်းတွဲ ၊ချစ်ခွန်းခြွေသီချစ်သူဆီ၊ ရတနာထဲကရတနာ ၊တို့အပြင် ဝင်္ကပါစံအိမ်ဇာတ်လမ်းတွဲတွေပါ တို့မှာပါဝင်ခဲ့တဲ့သူလေးပါ။” ပျားရည်အိုင်” ဇာတ်လမ်းတွဲမှာတော့ မြညိုဆိုတဲ့ဇာတ်ကောင်နဲ့ ဇာတ်လမ်းတွဲမင်းသမီးလေးဆိုကာ ပရိသတ်အားပေးမှု အပြည့်အဝရရှိလာခဲ့တဲ့ သူလေးတစ်ယောက်ပါ။ ” တတိယမြောက်ဆုံမှတ် ”
ဇာတ်လမ်းတွဲမှာလည်း ” ယွန်းမေခ” ဆိုတဲ့ ဇာတ်ကောင်လေးနဲ့ ခေါင်းဆောင်မင်းသမီးနေရာက ပါဝင်ခဲ့ပါသေးတယ်။ ရိုးရိုးယဉ်ယဉ်လေးနဲ့ ကျရာဇာတ်ရုပ်ကို ပီပြင်အောင်သရုပ်ဆောင်တတ်သူလေးဖြစ်တဲ့အပြင် ပရိသတ်တွေအပေါ်မှာလည်း တလေးတစားဆက်ဆံတတ်သူလေးပဲ ဖြစ်တာကြောင့် ရန်ကုန်ပရိသတ်တွေသာမက နယ်ပရိသတ်တွေပါ အားပေးချစ်ခင်နေကြတာပါနော်။အလှူအတန်းဝါသနာပါတဲ့ မြညိုလေးကတော့
ရရင်ရသလို အလှူအတန်းတွေပြုလုပ်တတ်သူလေးပါ။ချစ်တဲ့ပရိသတ်တွေအတွက် မြညိုလေးက TikTok လေးတွေကိုအမြဲဆော့ကစားကာ ဝေမျှလေ့ရှိသူတစ်ယောက်ပါ။ လက်ရှိမှာတော့ ရှုတင်ပြီးထဲက မသုံးဖြစ်တဲ့ ပိုက်ဆံအိတ်ကို အခုမှ ကြည့်မိတယ်။ပါပါးမာမား အန်ပေါင်းပေးထားတဲ့ဟာတွေရော စင်ကာပူဒေါ်လာနဲ့ထိုင်းဘတ်တွေရော အကုန်လုံးကို
အနီးကပ်သမ သွားတာပဲ ပိုက်ဆံအိတ်လိုက် ယူမသွားတာပဲ ကျေးဇူးတင်ရမယ် ။အနီးကပ် အနီးကပ် သမချက်ကပ်ချင်လို့ ချစ်ပြတဲ့ ကပ်ချစ်ကြီး အရင်ထဲက တအိအိနဲ့ခိုးနေတာ မျက်နာမပျက်ချင်လို့ မသိချင်ယောင်ဆောင်နေခဲ့တာကွယ် ဆိုးပါ့လုပ်ရဲတယ် ” ဆိုတဲ့ စာလေးနဲ့ အတူ သူမရဲ့ လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြလာခဲ့တာပါ။ ပရိသတ်ကြီးထဲမှာရော အနီးကပ်ရန်သူတွေရှိရင် မှတ်ချက်ပေးခဲ့ပါဦးနော်။
Source : Myat Thu Thu’s Facebook
Add a Comment
Your email address will not be published. Required fields are marked *