သိန္း(၈၀၀)အေခ်ာင္ရသြားတယ္ဆိုတဲ့ အသံဖိုင္နဲ႔ ပတ္သတ္ၿပီး ေရွ႕ေနႀကီး ေရာဘတ္စန္းေအာင္နဲ႔ေတြ႕ၿပီး ဒဲ့ေျဖရွင္းခဲ့တဲ့ လင္းလင္း
|လူမႈကြန္ရက္မွာေတာ့ ဗစ္တိုးရီးယားအမႈကိစၥနဲ႔ပတ္သက္တဲ့အသံဖိုင္တစ္ခု ဂယက္႐ိုက္ခဲ့ပါတယ္။ အႏုပညာရွင္ေတြရဲ႕အတြင္းေရးေတြကို ေဖာ္ထုတ္ေလ့ရွိတဲ့ ဟန္ၿငိမ္းဦးအေကာင့္ပိုင္ရွင္ကေနၿပီးေတာ့ ဖုန္းအျပန္အလွန္ေျပာထားတဲ့အသံဖိုင္တစ္ခုကို ဖြင့္ခ်ခဲ့ၿပီး အဲ့ဒီအသံဖိုင္မွာေတာ့

ေခတ္သစ္ေဖာင္ေဒးရွင္းကို တည္ေထာင္ထားတဲ့ လင္းလင္းနဲ႔ခ်စ္သုေဝတို႔အေၾကာင္းကို ေျပာထားတဲ့ စကားသံတခ်ိဳ႕ပါဝင္ခဲ့ပါတယ္။ တစ္ႏိုင္ငံလုံး ဟိုးေလးတေက်ာ္ျဖစ္ခဲ့တဲ့ ဗစ္တိုးရီးယားေလးရဲ႕ အမႈကိုေတာ့ အမႈမွန္ေပၚေပါက္ဖို႔ ျပည္သူေတြအေလးအနက္ထားခဲ့ၾကၿပီး ဘက္ေပါင္းစုံက အကူအညီေတြေပးခဲ့ၾကပါတယ္။ ဒီအသံဖိုင္ထဲမွာေတာ့
လင္းလင္းနဲ႔ခ်စ္သုေဝတို႔က ဗစ္တိုးရီးယားအမႈကေန သိန္း(၈၀၀)ခန႔္ အေခ်ာင္ရခဲ့ရတယ္လို႔ စြပ္စြဲေျပာဆိုခဲ့ပါတယ္။ အဲ့လိုေျပာဆိုသူကိုေတာ့ လူအမ်ားအျပားက ေရွ႕ေနဦးေရာဘတ္စန္းေအာင္ရဲ႕အသံနဲ႔တူတယ္လို႔ ေျပာခဲ့ၾကပါတယ္။ မေန႔ကေတာ့

လင္းလင္းက သူကိုယ္တိုင္ ဒီကိစၥနဲ႔ပတ္သက္တဲ့အေၾကာင္းေတြကို ရွင္းဖို႔ ဦးေရာဘတ္စန္းေအာင္ရဲ႕အိမ္ကို သြားခဲ့ပါတယ္။ ပရိသတ္ေတြလည္း သိရေအာင္ ဦးေရာဘတ္စန္းေအာင္ရဲ႕အိမ္ကိုေရာက္ကတည္းက Facebook Live လႊင့္ၿပီးမွ်ေဝခဲ့တာမို႔ ပရိသတ္ႀကီးအတြက္ ဒီ Live ဗြီဒီယိုေလးကို ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။
Read in UNICODE
လူမှုကွန်ရက်မှာတော့ ဗစ်တိုးရီးယားအမှုကိစ္စနဲ့ပတ်သက်တဲ့အသံဖိုင်တစ်ခု ဂယက်ရိုက်ခဲ့ပါတယ်။ အနုပညာရှင်တွေရဲ့အတွင်းရေးတွေကို ဖော်ထုတ်လေ့ရှိတဲ့ ဟန်ငြိမ်းဦးအကောင့်ပိုင်ရှင်ကနေပြီးတော့ ဖုန်းအပြန်အလှန်ပြောထားတဲ့အသံဖိုင်တစ်ခုကို ဖွင့်ချခဲ့ပြီး အဲ့ဒီအသံဖိုင်မှာတော့

ခေတ်သစ်ဖောင်ဒေးရှင်းကို တည်ထောင်ထားတဲ့ လင်းလင်းနဲ့ချစ်သုဝေတို့အကြောင်းကို ပြောထားတဲ့ စကားသံတချို့ပါဝင်ခဲ့ပါတယ်။ တစ်နိုင်ငံလုံး ဟိုးလေးတကျော်ဖြစ်ခဲ့တဲ့ ဗစ်တိုးရီးယားလေးရဲ့ အမှုကိုတော့ အမှုမှန်ပေါ်ပေါက်ဖို့ ပြည်သူတွေအလေးအနက်ထားခဲ့ကြပြီး ဘက်ပေါင်းစုံက အကူအညီတွေပေးခဲ့ကြပါတယ်။ ဒီအသံဖိုင်ထဲမှာတော့
လင်းလင်းနဲ့ချစ်သုဝေတို့က ဗစ်တိုးရီးယားအမှုကနေ သိန်း(၈၀၀)ခန့် အချောင်ရခဲ့ရတယ်လို့ စွပ်စွဲပြောဆိုခဲ့ပါတယ်။ အဲ့လိုပြောဆိုသူကိုတော့ လူအများအပြားက ရှေ့နေဦးရောဘတ်စန်းအောင်ရဲ့အသံနဲ့တူတယ်လို့ ပြောခဲ့ကြပါတယ်။ မနေ့ကတော့

လင်းလင်းက သူကိုယ်တိုင် ဒီကိစ္စနဲ့ပတ်သက်တဲ့အကြောင်းတွေကို ရှင်းဖို့ ဦးရောဘတ်စန်းအောင်ရဲ့အိမ်ကို သွားခဲ့ပါတယ်။ ပရိသတ်တွေလည်း သိရအောင် ဦးရောဘတ်စန်းအောင်ရဲ့အိမ်ကိုရောက်ကတည်းက Facebook Live လွှင့်ပြီးမျှဝေခဲ့တာမို့ ပရိသတ်ကြီးအတွက် ဒီ Live ဗွီဒီယိုလေးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။
Source : Htwe Lynn Ko’s Facebook | Reference & Credit : Cele Gabar