အချစ်ဖွဲ့လေညင်းဇာတ်ကားထဲက ရှေးနဲ့ မိုးသောက်ကို သဘောတူနေပါပြီဆိုတဲ့ ခင်သဇင်






Read in UNICODE

ပရဟိတ မင်းသမီးချောလေး လို့ ချီးကျူးပြောဆိုနေကြတဲ့ ခင်သဇင်ကတော့ အနုပညာလှုပ်ရှားမှုတွေကို ကြိုးစားလုပ်ကိုင်နေတဲ့ သူလေးပဲ ဖြစ်ပါတယ်။ ခင်သဇင်က ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်နေတဲ့အပြင် MRTV -4မှာ ထုတ်လွှင့်ပြသနေတဲ့ ဇာတ်လမ်းတွဲတွေမှာလည်း

ပါဝင်သရုပ်ဆောင်နေသူလေးပါနော်..။ ဒါ့အပြင် ခင်သဇင်က ကြော်ငြာတွေနဲ့ photo shooting တွေကိုလည်း လက်ခံရိုက်ကူးနေရတာလည်း ဖြစ်ပါတယ်……။ ခင်သဇင်ရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုကတော့ ” အချစ်ဖွဲလေညင်း ” ဇာတ်လမ်းတွဲလေးထဲမှာ

မိုးကလျာ ဆိုတဲ့ ကာရိုက်တာလေးနဲ့ ကြိုးစားသရုပ်ဆောင်ထားတာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းတွဲလေးထဲက အမှတ်တရပုံရိပ်လေးတွေ သူမရဲ့ လူမှုကွန်ယက် စာမျက်နှာထက်မှာ မကြာခဏဆိုသလို တင်ပေးလေ့ရှိနေတာကြောင့် ပရိသတ်တွေကလည်း

စောင့်မျှော်အားပေးနေကြတာပဲ ဖြစ်ပါတယ်….. ။ ခင်သဇင်က မကြာသေးမီအချိန်က သူမရဲ့ ဖေ့ဘွတ်စာမျက်နှာပေါ်ကနေ ” အချစ်ဆိုတာ ချစ်ခိုင်းတိုင်း ချစ်လို့ရတာမှ မဟုတ်တာပဲလေ မိုးသောက်ဦး ရှေးရေစက် တို့ကတော့ သဘောတူနေပါပြီနော် …

ဘယ်နေရာမတူလို့ ရှေးက အဲလောက်စဉ်းစားနေတာလဲ မသိဝူး” ဆိုတဲ့ စာသားလေးနဲ့အတူ ဇာတ်လမ်းတွဲလေးထဲက မမမိုးရဲ့ ပုံရိပ်လေးတွေကို တင်ပေးလါတာကြောင့် ချစ်ပရိသတ်တွေ ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်……. ။

Source : Khin Thazin’s Facebook | Reference & Credit : Myanmarload

Add a Comment

Your email address will not be published. Required fields are marked *