လက္ဦးဆရာျဖစ္တဲ့ ဦးေက်ာ္ဟိန္းကို တုန္ေနေအာင္ ေၾကာက္ရေၾကာင္း ေျပာျပခဲ့တဲ့ ထူးျခား

အမိုက္စားသ႐ုပ္ေဆာင္ပီျပင္မႈေတြနဲ႔ ခပ္ၾကမ္းၾကမ္းေလး အၿမဲျမင္ေတြ႕ရၿပီး ပရိသတ္ေတြရဲ႕ အားေပးဝန္းရံမႈေတြကို အခိုင္အမာရရွိထားတဲ့ အႏုပညာရွင္ သ႐ုပ္ေဆာင္မင္းသားကေတာ့ ထူးျခားပဲ ျဖစ္ပါတယ္ေနာ္..။ က်ရာဇာတ္႐ုပ္ေတြကို ကြၽမ္းပ်င္ပိုင္ႏိုင္တဲ့ သူ႔ရဲ႕ သ႐ုပ္ေဆာင္ေကာင္းမႈေတြေၾကာင့္ ပရိသတ္ေတြရင္ထဲေနရာယူထားႏိုင္တဲ့ ထူးျခားကေတာ့ သူ႔ရဲ႕အႏုပညာလႈပ္ရွားမႈေတြနဲ႔

လက္ဦးဆရာျဖစ္တဲ့ ဦးေက်ာ္ဟိန္းနဲ႔ အမွတ္တရေတြကိုလည္း ေျပာျပလာပါတယ္ေနာ္..။ အႏုပညာစလုပ္ျဖစ္တဲ့အေၾကာင္းေလးနဲ႔ ပရိသတ္ေတြက ထူးျခားဆိုၿပီး စသိခဲ့ကာ ပရိသတ္ေတြအသိအမွတ္ျပဳခဲ့တဲ့ သူ႔ရဲ႕ ဇာတ္ကားအေၾကာင္းေလးကို ေျပာျပထားၿပီး ႐ူတင္မွာေတာင္ ဦးေက်ာ္ဟိန္းကို ေသေအာင္ေၾကာက္ရတဲ့အေၾကာင္း အမွတ္တရေလးေတြကို ေျပာျပထားတာပါ..။ “ဦးေက်ာ္ဟိန္းနဲ႔ ၁၀ ကားေလာက္ရွိမယ္ အတိအက်ေတာ့ မသိဘူaး ၁၀နဲ႔ ၁၅ ကားၾကားကေတာ့

ေသခ်ာတယ္ ဦးေက်ာ္ဟိန္းက အႏုပညာနဲ႔ပတ္သက္ၿပီး သင္ျပခဲ့တာေတြကေတာ့ ဦးေက်ာ္ကို ႐ူတင္မွာေတာင္ စကားက်ယ္က်ယ္မေျပာရဲဘူး ေၾကာက္ရတယ္ ေသေအာင္ေၾကာက္ရတယ္ အေဖလိုဆရာလို တကယ္ကိုေၾကာက္ခဲ့ရတယ္..” ဆိုၿပီး ေျပာျပထားတာ ျဖစ္ပါတယ္..။ အႏုပညာနဲ႔ပတ္သက္ၿပီးေတာ့လည္း ” ဦးေက်ာ္က သင္ရင္လည္း ဒီဟာက ဘာျဖစ္တယ္ညာျဖစ္တယ္ သင္ေပးတာ မဟုတ္ဘူး ႐ူတင္ေတြမွာဆိုလည္း

လာၾကည့္ ငါ့ေဘးနားလာထိုင္ဆိုၿပီး အဲ့လိုသင္ေပးခဲ့လို႔လည္း ကြၽန္ေတာ္ ဒီလို႐ိုက္ႏိုင္တယ္လို႔ ထင္ပါတယ္ ဦးေက်ာ္က အတိအက်ႀကီးေတာ့ အဲ့လို မသင္ေပးခဲ့ပါဘူး.. ” ဆိုၿပီးေတာ့လည္း ေျပာျပထားပါေသးတယ္..။ လတ္တေလာမွာလည္း အႏုပညာအလုပ္ေတြ လုပ္ေနကာ ျမင့္ျမတ္၊ အိျႏၵာေက်ာ္ဇင္တို႔နဲ႔အတူ ဇာတ္ကား႐ိုက္ေနၿပီး Covid ျဖစ္လို႔ ခဏနားထားရတဲ့အေၾကာင္းေလးကိုလည္း ေျပာျပထားတဲ့ ထူးျခားရဲ႕ ဗီဒီယိုဖိုင္ေလးကိုလည္း တင္ဆက္ေပးလိုက္ပါတယ္ေနာ္..။

Read in UNICODE

အမိုက်စားသရုပ်ဆောင်ပီပြင်မှုတွေနဲ့ ခပ်ကြမ်းကြမ်းလေး အမြဲမြင်တွေ့ရပြီး ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေကို အခိုင်အမာရရှိထားတဲ့ အနုပညာရှင် သရုပ်ဆောင်မင်းသားကတော့ ထူးခြားပဲ ဖြစ်ပါတယ်နော်..။ ကျရာဇာတ်ရုပ်တွေကို ကျွမ်းပျင်ပိုင်နိုင်တဲ့ သူ့ရဲ့ သရုပ်ဆောင်ကောင်းမှုတွေကြောင့် ပရိသတ်တွေရင်ထဲနေရာယူထားနိုင်တဲ့ ထူးခြားကတော့ သူ့ရဲ့အနုပညာလှုပ်ရှားမှုတွေနဲ့

လက်ဦးဆရာဖြစ်တဲ့ ဦးကျော်ဟိန်းနဲ့ အမှတ်တရတွေကိုလည်း ပြောပြလာပါတယ်နော်..။ အနုပညာစလုပ်ဖြစ်တဲ့အကြောင်းလေးနဲ့ ပရိသတ်တွေက ထူးခြားဆိုပြီး စသိခဲ့ကာ ပရိသတ်တွေအသိအမှတ်ပြုခဲ့တဲ့ သူ့ရဲ့ ဇာတ်ကားအကြောင်းလေးကို ပြောပြထားပြီး ရူတင်မှာတောင် ဦးကျော်ဟိန်းကို သေအောင်ကြောက်ရတဲ့အကြောင်း အမှတ်တရလေးတွေကို ပြောပြထားတာပါ..။ “ဦးကျော်ဟိန်းနဲ့ ၁၀ ကားလောက်ရှိမယ် အတိအကျတော့ မသိဘူaး ၁၀နဲ့ ၁၅ ကားကြားကတော့

သေချာတယ် ဦးကျော်ဟိန်းက အနုပညာနဲ့ပတ်သက်ပြီး သင်ပြခဲ့တာတွေကတော့ ဦးကျော်ကို ရူတင်မှာတောင် စကားကျယ်ကျယ်မပြောရဲဘူး ကြောက်ရတယ် သေအောင်ကြောက်ရတယ် အဖေလိုဆရာလို တကယ်ကိုကြောက်ခဲ့ရတယ်..” ဆိုပြီး ပြောပြထားတာ ဖြစ်ပါတယ်..။ အနုပညာနဲ့ပတ်သက်ပြီးတော့လည်း ” ဦးကျော်က သင်ရင်လည်း ဒီဟာက ဘာဖြစ်တယ်ညာဖြစ်တယ် သင်ပေးတာ မဟုတ်ဘူး ရူတင်တွေမှာဆိုလည်း

လာကြည့် ငါ့ဘေးနားလာထိုင်ဆိုပြီး အဲ့လိုသင်ပေးခဲ့လို့လည်း ကျွန်တော် ဒီလိုရိုက်နိုင်တယ်လို့ ထင်ပါတယ် ဦးကျော်က အတိအကျကြီးတော့ အဲ့လို မသင်ပေးခဲ့ပါဘူး.. ” ဆိုပြီးတော့လည်း ပြောပြထားပါသေးတယ်..။ လတ်တလောမှာလည်း အနုပညာအလုပ်တွေ လုပ်နေကာ မြင့်မြတ်၊ အိန္ဒြာကျော်ဇင်တို့နဲ့အတူ ဇာတ်ကားရိုက်နေပြီး Covid ဖြစ်လို့ ခဏနားထားရတဲ့အကြောင်းလေးကိုလည်း ပြောပြထားတဲ့ ထူးခြားရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Source : Mmload | Reference & Credit : Mmload

Add a Comment

Your email address will not be published. Required fields are marked *