ေစ်းသည္ဘဝကေန သ႐ုပ္ေဆာင္ျဖစ္လာတာေၾကာင့္ ေစ်းသည္ေတြရဲ႕ အခက္အခဲကို နားလည္တယ္ဆိုတဲ့ ေအးျမတ္သူ

ေအးျမတ္သူက I Do Nation” အဖြဲ႕ နဲ႔ ပူးေပါင္းပါဝင္ကာ ေဈးသည္ေတြရဲ႕ က်န္းမာေရးေစာင့္ေရွာက္မႈအတြက္ လုပ္ေဆာင္သြားမယ့္ သြားမယ္လို႔ ဆိုပါတယ္။ သူမကိုယ္တိုင္ကလည္း ေဈးေရာင္းခဲ့ဖူးသူ ျဖစ္တာေၾကာင့္ ေဈးသည္ေတြရဲ႕ ဘဝကို နားလည္တယ္လို႔ ေျဖဆိုခဲ့ပါတယ္။ “ COVID-19 ကာလအတြင္းမွာ အခက္အခဲ အၾကပ္အတည္းနဲ႔ အမ်ားဆုံး ရင္ဆိုင္ေနရတဲ့ လူေတြထဲမွာ ေဈးသည္ေတြကလည္း အမ်ားဆုံးပါဝင္ေနတယ္။ အဲဒီအထဲမွာ ေခါင္း႐ြက္ ဗ်က္ထိုးနဲ႔ ပ်ံက် ေဈးသည္ေတြကို အဓိက ထားၿပီးေတာ့ လႉဒါန္းေပးတယ္။ ေအးျမတ္သူက အရင္တုန္းက ေဈးသည္ပါ။ အထည္ေရာင္းလာခဲ့တာကိုး။ ရပ္ကြက္ေဈးမွာ ေရာင္းတာျဖစ္တဲ့အတြက္ ေဈးသည္ေတြရဲ႕ လူေနမႈဘဝကို ပိုနားလည္တယ္။ ပိုလည္း

နီးစပ္တယ္။ ေဈးသည္ေတြရဲ႕ ဘဝကို ပိုနားလည္တယ္။ ကိုယ္တိုင္ကလည္း အေျခခံလူတန္းစားထဲကမွ သ႐ုပ္ေဆာင္ တစ္ေယာက္ျဖစ္တာေပါ့။ ေဈးသည္ေတြဆိုတာ တစ္ေန႔ဝင္ေငြနဲ႔ စားသုံးရတဲ့ သူေတြ ပိုမ်ားတယ္” ဆိုၿပီးေတာ့ ေမလ ၁၉ ရက္ေန႔က I Do Nation ပြဲကို တက္ေရာက္ရင္း ေျဖဆိုခဲ့တာပါ။ေအးျမတ္သူဟာ သ႐ုပ္ေဆာင္ တစ္ေယာက္မျဖစ္ခင္က အထည္ေရာင္းတဲ့ သူတစ္ေယာက္အျဖစ္ ရပ္တည္ခဲ့ရသူ တစ္ဦးျဖစ္တယ္လို႔ ဆိုပါတယ္။ ေဈးသည္ဘဝကို ျဖတ္သန္းလာခဲ့ဖူးသူ ျဖစ္တာေၾကာင့္လည္း ေစ်းသည္ေတြကို ကိုယ္ခ်င္းစာမိတယ္တဲ့။ “ လက္ရွိ အေနအထားမွာ လူတိုင္း လူတိုင္းကေတာ့ ခက္ခဲပါတယ္။ ဒီအခက္အခဲကို

အဓိက ရင္ဆိုင္ေနရတာကေတာ့ ေဈးသည္ေတြပါ။ ဒါေၾကာင့္ ပါဝင္ကူညီေပးဖို႔ ေျပာခ်င္ပါတယ္။ ဒါကိုလည္း ေအးျမတ္သူက လုပ္ေျပာတာ မဟုတ္ပါဘူး။ ေဈးသည္ဘဝထဲကေန ရွင္သန္လာတဲ့သူ ျဖစ္တာေၾကာင့္ သူမ်ားထက္ပိုၿပီးေတာ့ ခံစားေပးလို႔ရတယ္။ ေအးျမတ္သူတို႔လည္း အခုခ်ိန္မွာ ခက္ခဲ ၾကပ္တည္းပါတယ္။ ဒါေပမယ့္ နည္းနည္း စုမိေဆာင္းမိရွိေတာ့ အဆင္ေျပတယ္။ ဒါကလည္း ဘယ္ေလာက္ ခံမွာ မို႔လို႔လဲ။ လုပ္ငန္းရွင္ေတြလည္း ၾကပ္တည္းၾကတာပဲ။ ဒါေပမယ့္ ဒီလို ထိခိုက္မႈေတြထဲမွာမွ ေဈးသည္ေတြက ထိခိုက္မႈ အမ်ားဆုံး စာရင္းထဲမွာပါေနတာေပါ့” လို႔ ဆက္လက္ ေျပာျပလာပါတယ္။ ဒါေၾကာင့္လည္း

“I Do Nation” အဖြဲ႕ကျပဳလုပ္တဲ့ COVID-19 ကာလမွာ ေဈးသည္ေပါင္း (၇၀၀၀)ေက်ာ္ရဲ႕ က်န္းမာေရးေစာင့္ေရွာက္မႈနဲ႔အတူ Covid-19 ကာကြယ္ေရး ေဆးပစၥည္းေတြ လႉဒါန္းသြားမယ့္ အစီအစဥ္မွာ သူမအေနနဲ႔ ပါဝင္ခဲ့တာ ျဖစ္ပါတယ္။ေအးျမတ္သူဟာ အႏုပညာအလုပ္ကို အသက္ ၁၉ ႏွစ္အ႐ြယ္ကတည္းက စတင္လုပ္ကိုင္ခဲ့တာပါ။ အခုဆိုရင္ေတာ့ အသက္ ၃၃ ႏွစ္ေက်ာ္ၿပီျဖစ္တဲ့ မင္းသမီးေခ်ာတစ္ေယာက္ ျဖစ္ပါတယ္။ အခုခ်ိန္မွာေတာ့ ႐ုပ္ရွင္ဇာတ္ကားေတြ၊ ဗီဒီယို ဇာတ္ကားေတြ၊ တီဗီေၾကာ္ျငာေပါင္း မ်ားစြာတို႔ကို ႐ိုက္ကူးခဲ့တဲ့ သ႐ုပ္ေဆာင္တစ္ေယာက္ပါ။ လက္ရွိမွာလည္း သူမက COVID-19 ေရာဂါ ကာကြယ္ေရးနဲ႔ ပတ္သက္ၿပီး တတ္ႏိုင္သေလာက္ အကူအညီေတြ၊ အလႉအတန္းေတြ လုပ္ေဆာင္ေနတာကို ေတြ႕ရပါတယ္။

Read in UNICODE

အေးမြတ်သူက I Do Nation” အဖွဲ့ နဲ့ ပူးပေါင်းပါဝင်ကာ ဈေးသည်တွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုအတွက် လုပ်ဆောင်သွားမယ့် သွားမယ်လို့ ဆိုပါတယ်။ သူမကိုယ်တိုင်ကလည်း ဈေးရောင်းခဲ့ဖူးသူ ဖြစ်တာကြောင့် ဈေးသည်တွေရဲ့ ဘဝကို နားလည်တယ်လို့ ဖြေဆိုခဲ့ပါတယ်။ “ COVID-19 ကာလအတွင်းမှာ အခက်အခဲ အကြပ်အတည်းနဲ့ အများဆုံး ရင်ဆိုင်နေရတဲ့ လူတွေထဲမှာ ဈေးသည်တွေကလည်း အများဆုံးပါဝင်နေတယ်။ အဲဒီအထဲမှာ ခေါင်းရွက် ဗျက်ထိုးနဲ့ ပျံကျ ဈေးသည်တွေကို အဓိက ထားပြီးတော့ လှူဒါန်းပေးတယ်။ အေးမြတ်သူက အရင်တုန်းက ဈေးသည်ပါ။ အထည်ရောင်းလာခဲ့တာကိုး။ ရပ်ကွက်ဈေးမှာ ရောင်းတာဖြစ်တဲ့အတွက် ဈေးသည်တွေရဲ့ လူနေမှုဘဝကို ပိုနားလည်တယ်။ ပိုလည်း

နီးစပ်တယ်။ ဈေးသည်တွေရဲ့ ဘဝကို ပိုနားလည်တယ်။ ကိုယ်တိုင်ကလည်း အခြေခံလူတန်းစားထဲကမှ သရုပ်ဆောင် တစ်ယောက်ဖြစ်တာပေါ့။ ဈေးသည်တွေဆိုတာ တစ်နေ့ဝင်ငွေနဲ့ စားသုံးရတဲ့ သူတွေ ပိုများတယ်” ဆိုပြီးတော့ မေလ ၁၉ ရက်နေ့က I Do Nation ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။အေးမြတ်သူဟာ သရုပ်ဆောင် တစ်ယောက်မဖြစ်ခင်က အထည်ရောင်းတဲ့ သူတစ်ယောက်အဖြစ် ရပ်တည်ခဲ့ရသူ တစ်ဦးဖြစ်တယ်လို့ ဆိုပါတယ်။ ဈေးသည်ဘဝကို ဖြတ်သန်းလာခဲ့ဖူးသူ ဖြစ်တာကြောင့်လည်း ဈေးသည်တွေကို ကိုယ်ချင်းစာမိတယ်တဲ့။ “ လက်ရှိ အနေအထားမှာ လူတိုင်း လူတိုင်းကတော့ ခက်ခဲပါတယ်။ ဒီအခက်အခဲကို

အဓိက ရင်ဆိုင်နေရတာကတော့ ဈေးသည်တွေပါ။ ဒါကြောင့် ပါဝင်ကူညီပေးဖို့ ပြောချင်ပါတယ်။ ဒါကိုလည်း အေးမြတ်သူက လုပ်ပြောတာ မဟုတ်ပါဘူး။ ဈေးသည်ဘဝထဲကနေ ရှင်သန်လာတဲ့သူ ဖြစ်တာကြောင့် သူများထက်ပိုပြီးတော့ ခံစားပေးလို့ရတယ်။ အေးမြတ်သူတို့လည်း အခုချိန်မှာ ခက်ခဲ ကြပ်တည်းပါတယ်။ ဒါပေမယ့် နည်းနည်း စုမိဆောင်းမိရှိတော့ အဆင်ပြေတယ်။ ဒါကလည်း ဘယ်လောက် ခံမှာ မို့လို့လဲ။ လုပ်ငန်းရှင်တွေလည်း ကြပ်တည်းကြတာပဲ။ ဒါပေမယ့် ဒီလို ထိခိုက်မှုတွေထဲမှာမှ ဈေးသည်တွေက ထိခိုက်မှု အများဆုံး စာရင်းထဲမှာပါနေတာပေါ့” လို့ ဆက်လက် ပြောပြလာပါတယ်။ ဒါကြောင့်လည်း

“I Do Nation” အဖွဲ့ကပြုလုပ်တဲ့ COVID-19 ကာလမှာ ဈေးသည်ပေါင်း (၇၀၀၀)ကျော်ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုနဲ့အတူ Covid-19 ကာကွယ်ရေး ဆေးပစ္စည်းတွေ လှူဒါန်းသွားမယ့် အစီအစဉ်မှာ သူမအနေနဲ့ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။အေးမြတ်သူဟာ အနုပညာအလုပ်ကို အသက် ၁၉ နှစ်အရွယ်ကတည်းက စတင်လုပ်ကိုင်ခဲ့တာပါ။ အခုဆိုရင်တော့ အသက် ၃၃ နှစ်ကျော်ပြီဖြစ်တဲ့ မင်းသမီးချောတစ်ယောက် ဖြစ်ပါတယ်။ အခုချိန်မှာတော့ ရုပ်ရှင်ဇာတ်ကားတွေ၊ ဗီဒီယို ဇာတ်ကားတွေ၊ တီဗီကြော်ငြာပေါင်း များစွာတို့ကို ရိုက်ကူးခဲ့တဲ့ သရုပ်ဆောင်တစ်ယောက်ပါ။ လက်ရှိမှာလည်း သူမက COVID-19 ရောဂါ ကာကွယ်ရေးနဲ့ ပတ်သက်ပြီး တတ်နိုင်သလောက် အကူအညီတွေ၊ အလှူအတန်းတွေ လုပ်ဆောင်နေတာကို တွေ့ရပါတယ်။

Source : Cele YatKWat | Referemce & Credit : Duwun

Add a Comment

Your email address will not be published. Required fields are marked *