နေတိုးက အလှူငွေ(၁၀)သိန်းပေးကာ လူကြမ်းသရုပ်ဆောင်တွေရှာပြီး လှူဒါန်းခိုင်းတဲ့အကြောင်း ပြောပြခဲ့တဲ့ ဦးအောင်ခိုင်



ငွေပေးအပ်ခဲ့တဲ့အတွက် ဦးအောင်ခိုင်က fb acc ထဲကနေ လူကြမ်းသရုပ်ဆောင်တွေအကုန်လုံး ကိုလူချောအဖွဲ့နဲ့ ဆက်သွယ်ပါဆိုပြီးတော့ ကြေညာလိုက်တော့ ဆက်သွယ်လာတဲ့လူအားလုံးပေါင်း (၁၀၈)ယောက်ရှိတယ် ဆယ်သိန်းကို မျှလိုက်တော့ တစ်ယောက်ကို (၉၀၀၀)ရတယ် ဦးအောင်ခိုင်က အခုချိန်မှာ ရာသက်ပန်ကြက်ခြေနီအဖွဲ့ဝင်လည်း ဖြစ်တယ် ရန်ကုန်တိုင်းဒေသကြီးရဲ့ စည်းရုံးရေးတပ်ခွဲမှူးအဖြစ်လည်း အခုချိန်ထိ တာဝန်ထမ်းဆောင်နေတော့ ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီက


Read in UNICODE

အနုပညာလောကမှာ ကျရာဇာတ်ရုပ်တွေကို ပီပြင်ပိုင်နိုင်တဲ့ သရုပ်ဆောင်ကောင်းမှုတွေကြောင့် ပရိသတ်တွေရဲ့ တခဲနက်အားပေးဝန်းရံမှုတွေကို အခိုင်အမာရရှိထားပြီး ဇာတ်ကားပေါင်းများစွာ ရိုက်ကူးထားသူကတော့ ဇာတ်ပို့သရုပ်ဆောင် ဦးအောင်ခိုင်ပဲ ဖြစ်ပါတယ်နော်..။ ဦးအောင်ခိုင်ကတော့ ဆယ်စုနှစ်တွေကတည်းက အနုပညာလောကမှာ အောင်မြင်စွာရပ်တည်လာပြီး အခုလတ်တလောမှာလည်း ဇာတ်ကားတွေရိုက်ကူးကာ အနုပညာလောကသားအချင်းချင်းတွေ အပေါ်လည်း ဖေးမကူညီတတ်သူပါပဲ..။ အခုတစ်ခါမှာလည်း ပရိသတ်ကြီးတို့ရဲ့ အချစ်တော်မင်းသားချောနေတိုးက

အလှူငွေဆယ်သိန်းပေးအပ်ကာ လူကြမ်းသရုပ်ဆောင်တွေကိုရှာပြီး လှူဒါန်းပေးဖို့ပြောတဲ့အတွက် ကိုလူချောအဖွဲ့တွေနဲ့ အခြားလူကြမ်းသရုပ်ဆောင်တွေကို အလှူငွေတွေ ပေးအပ်လှူဒါန်းခဲ့တဲ့ အကြောင်းလေး ပြောပြလာပါတယ်..။ လူကြမ်း သရုပ်ဆောင်အနုပညာရှင်တွေကို အလှူငွေပေးအပ်လှူဒါန်းခဲ့တဲ့အကြောင်းလေးနဲ့ လူကြမ်းသရုပ်ဆောင်တွေရဲ့ အခက်အခဲနဲ့ စားဝတ်နေရေးဘဝအကြောင်းလေးတွေကိုလည်း ဦးအောင်ခိုင်က ပြောပြထားပါသေးတယ်နော်..။ “ကိုနေတိုးက ကိုလူချောအဖွဲ့တင်မကဘူး လူကြမ်းတွေကိုရသလောက်လေးရှာပြီးတော့ မုန့်ဖိုးပေးလိုက်ပါဆိုပြီးတော့

ငွေပေးအပ်ခဲ့တဲ့အတွက် ဦးအောင်ခိုင်က fb acc ထဲကနေ လူကြမ်းသရုပ်ဆောင်တွေအကုန်လုံး ကိုလူချောအဖွဲ့နဲ့ ဆက်သွယ်ပါဆိုပြီးတော့ ကြေညာလိုက်တော့ ဆက်သွယ်လာတဲ့လူအားလုံးပေါင်း (၁၀၈)ယောက်ရှိတယ် ဆယ်သိန်းကို မျှလိုက်တော့ တစ်ယောက်ကို (၉၀၀၀)ရတယ် ဦးအောင်ခိုင်က အခုချိန်မှာ ရာသက်ပန်ကြက်ခြေနီအဖွဲ့ဝင်လည်း ဖြစ်တယ် ရန်ကုန်တိုင်းဒေသကြီးရဲ့ စည်းရုံးရေးတပ်ခွဲမှှူးအဖြစ်လည်း အခုချိန်ထိ တာဝန်ထမ်းဆောင်နေတော့ ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီက

ကိုရန်အောင်မျိုးက တစ်သိန်းထပ်လှူတော့ လူစုလူဝေးဖြစ်မှာစိုးလို့ မြို့နယ်ကိုယ်စားလှယ်တွေကို တစ်ယောက်ချင်းခေါ်ပြီးတော့ (၁၀၈)ကို တစ်ယောက် တစ်သောင်းနှုန်းနဲ့ ဒီနေ့ပဲ အကုန်လုံးပေးလိုက်မှာပါ ကိုနေတိုးကို ကျေးဇူးတင်ပါတယ်..” အလှူလေးနဲ့ ပတ်သက်ပြီး ဦးအောင်ခိုင်က ပြောပြထားတာပါ..။ Covid ကာလမှာ လူတိုင်းသူ့အပူနဲ့သူရှိနေကြပြီး အထူးသဖြင့် အနုပညာသမား လူကြမ်းသရုပ်ဆောင်ဆိုတာက နေ့စားရိုက်ရတာများတာမို့ ဒီနေ့ရတဲ့ငွေကြေးက မနက်ဖြန်မိသားစုစားဝတ်နေရေးအတွက် ဖြေရှင်းပေးရတဲ့စုဆောင်းမိတာတွေလည်း မရှိကြတဲ့အကြောင်းလေးတွေကိုလည်း ပြောပြထားတဲ့ ဦးအောင်ခိုင်ရဲ့ ဗီဒီယိုလေးကိုလည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Source : Wah Wah Aung’s Facebook | Reference & Credit : Myanmarload

Add a Comment

Your email address will not be published. Required fields are marked *