ညီငယ် ညီမငယ်လေးတွေကို ယဉ်ကျေးစွာ စကားပြောနည်းတွေကို သင်ပေးခဲ့တဲ့ ဇော်ပိုင်ရဲ့ သားလေး
Read in UNICODE
ဇော်ပိုင် ကတော့ ဂီတလောကမှာအောင်မြင်ကျော်ကြားမှုတွေကို ဆယ်စုနှစ်တွေကတည်းက ယနေ့အချိန်ထိ အခိုင်အမာရရှိထားတဲ့ အဆိုရှင်တစ်ဦးပဲဖြစ်ပါတယ်။ သူ့ရဲ့ သီချင်းတွေကလည်း လူကြီး ၊ လူငယ်မရွေး ထပ်တူကြိုက်နှစ်သတ်ခဲ့ရတဲ့ သီချင်းကောင်းတွေပဲဖြစ်ပါတယ်။ဆွဲဆောင်မှုရှိပြီး ချိုသာတဲ့အသံနဲ့ သီချင်းကောင်းတွေများစွာ ထွက်ရှိထားပြီး အောင်မြင်ကျော်ကြားတဲ့
အနုပညာရှင်အဖြစ် ပရိသတ်တွေရဲ့ ရင်ထဲမှာ ရပ်တည်နေတာပဲဖြစ်ပါတယ်။ ဒါ့အပြင် သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကိုလည်း ပိုင်ဆိုင်ထားပြီး ချစ်စရာကောင်းလွန်းတဲ့ သားချောလေး ရွှေပိုင်ကလည်း စကားပြောရင် ယဉ်ကျေးလိမ္မာတာကြောင့် လူမှူကွန်ယက်စာမျက်နှာပေါ်မှာ ပရိသတ်တွေရဲ့ အချစ်တွေကို အပြည့်အဝ ရရှိထားတာပဲဖြစ်ပါတယ်။ သားလေး
ရွှေပိုင် လေးကတော့ မကြာခဏဆိုသလို သူ့ရဲ့ ချစ်စရာပုံရိပ်လေးတွေနဲ့အတူ ဗီဒီယို ဖိုင်လေးတွေကိုလည်း ပရိသတ်တွေချစ်အားပိုအောင် ဖော်ပြလေ့ရှိပါတယ်။ ယခုတစ်ခါမှာလည်း ဇော်ပိုင်သားလေး ရွှေပိုင် ကတော့ ညီလေးတွေ နဲ့ ညီမလေးတွေအတွက် ယဉ်ကျေးစွာ စကာပြောဆိုဖို့အတွက် စကားပြောနည်းလေးကို ချစ်စရာအမူရာလေးတွေနဲ့
ပြောပြထားတဲ့ ဗီဒီယိုလေး တင်ပေးလာခဲ့ပါတယ်။ ဒီဗီဒီယိုလေးထဲမှာတော့ ရွှေပိုင်လေးဟာ ဖြူစင်လွန်းလှတဲ့ အပြုံးလေးတွေနဲ့ စကားပြောနေတာလေးကတော့ ပရိသတ်တွေ ချစ်အားပိုစေမှာ အမှန်ပါနော်..။ ကဲ…ချစ်ပရိသတ်ကြီးရေ ချစ်စရာလွန်နေတဲ့ ဇော်ပိုင် ရဲ့ သားလေး ရွှေပိုင် ရဲ့ ယဉ်ယဉ်ကျေးကျေး စကားသင်ပြပေးနေတဲ့ ဗီဒီယိုလေးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
Source : Shwe Paing’s Facebook | Reference & Credit : Myanmarload
Add a Comment
Your email address will not be published. Required fields are marked *