မလှလို့သိမ်ငယ်စိတ်ဖြစ်တဲ့ သူမကို ဝိုင်း Troll ကြတဲ့ သူတွေကြောင့် စိတ်မကောင်းဖြစ်နေရတဲ့ ပိုပို





Read in UNICODE

ပိုပိုကတော့ သူမကိုယ်တိုင် ခံစားရေးစပ်ထားတဲ့ သီချင်းလေးတွေကြောင့် ပရိသတ်ကြားမှာ ရေပန်းစားသူတစ်ယောက် ဖြစ်ပါတယ်။ ပိုပိုက ဂီတလောကထဲကို စတင်ဝင်ရောက်လာချိန်က ခန္ဓာကိုယ် ဝနေခဲ့တာကြောင့် အပြင်းအထန် ဝိတ်ချခဲ့ရင်း

အခုလက်ရှိအခြေအနေကို ရောက်ရှိလာတာ ဖြစ်ပါတယ်။ ဒါပေမယ့် ပိုပိုက သူမရဲ့ သိမ်ငယ်ရတဲ့အရာတစ်ခုကိုမှ ဝိုင်း Troll နေကြသူတွေကြောင့် စိတ်မကောင်းဖြစ်နေရပါတယ်။ ပိုပိုက လူမှုကွန်ယက်စာမျက်နှာမှာ သူမကို နောက်ပြောင်ထားတဲ့

ပိုစ့်တစ်ခုကိုတွေ့ပြီး “တခါတလေ အားငယ်တာ။ ဘာလို့ များ မွေးကတည်းက သွယ်သွယ်လျလျလေး မဖြစ်တာလဲ။ သူများ ခြေထောက်လေးတွေ ဆို လှလိုက်တာ။ ငါ့ကျတော့ ဘာလို့ ရုပ်ဆိုးတာလဲ ဆိုပြီး အမြဲ စိတ်မကောင်းဖြစ်ရတယ် 😪 ”

ဆိုပြီး ရင်ဖွင့်ပြောဆိုထားပါတယ်။ ပိုပိုကတော့ သူမရဲ့ ခန္ဓာကိုယ်အချိုးအစားကြောင့် အမြဲတမ်း ဝမ်းနည်းအားငယ်နေရရှာသူတစ်ယောက် ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ရုပ်လှတာထက် စိတ်လှတာက ပိုအရေးကြီးတာမို့ ပရိသတ်တွေကတော့ ပိုပိုကို ချစ်မြဲ ချစ်ဆဲပါပဲနော်။

Source : Wutt Yi Moe’s Facebook

Add a Comment

Your email address will not be published. Required fields are marked *