ဗီလိန်မင်းသား မိုက်မိုက်ရဲ့ အချစ်ဖွဲ့လေညှင်းဇာတ်ကားထဲက သရုပ်ဆောင်ချက်တွေကို ချီးကျူးခဲ့တဲ့ ခင်သဇင်
Read in UNICODE
ခင်သဇင်ကတော့ ” ထာဝရနှောင်ကြိုး”ဇာတ်လမ်းတွဲကနေ ပရိသတ်တွေပိုမိုအားပေးခြင်းခံလာရတဲ့ မင်းသမီးတစ်လက်ပါ။ အခုလက်ရှိမှာ ပရိသတ်တွေတခံနက်အားပေးဝန်းရံနေတဲ့ MRTV4ဇာတ်လမ်းတွဲ တစ်ခုဖြစ်တဲ့ ” အချစ်ဖွဲ့လေညင်း “ဇာတ်လမ်းတွဲမှာ ဗီလိန်ကာရိုက်တာအနေနဲ့ပါဝင်ထားပါသေးတယ်။ ဒီနေ့မှာတော့ အချစ်ဖွဲ့လေညင်းဇာတ်လမ်းတွဲရဲ့
ရိုက်ကွင်းနောက်ကွယ်ကရှူတင်ပုံရိပ်လေးတွေကို ဝေမျှခဲ့တာဖြစ်ပြီး”ဒီနေ့ ပါးရိုက်တဲ့ အခန်းမှာ မိုက်မိုက်က သူကိုယ်တိုင် တကယ်ရိုက်ခိုင်းခဲ့တာပါ.. သရုပ်ဆောင်ပညာကို တကယ်ကို ရူးသွပ်ပြီး အိုက်တင်ကို change တဲ့ နေရာမှာ အလွန်တော်ပါတယ် ။စိုက်ကြည့်နေတဲ့ ပရိသတ်
မပျင်းရအောင် စက္ကန့်ပိုင်းအတွင်း အိုက်တင်တွေကို ကစားနိုင်ပါတယ် ။ ပါးကလည်း သူတကယ် အရိုက်ခံခဲ့လို့ .. ရှူတင် တဖွဲ့လုံး ရုတ်တရက်လန့်သွားခဲ့ပါတယ်။သူက မရိုက်ခင် အမ ကျွန်တော့်ကို တကယ်ရိုက်ပေးနော် ဆိုပြီး ကမ်းလှမ်းလာခဲ့တာပါ ။ဒါရိုက်တာက
အစ နားကြပ်ကြီး တပ်ထားတော့ ပါးရိုက်သံက ပြင်းတော့ သူ့နားတောင် အူသွားတယ် ပြောခဲ့ပါသေးတယ် ။ မိုက်မိုက်ရဲ့ အနုပညာ လောဘကို ကို မချီးကျူးပဲ မနေနိုင်လို့ ဒီကနေ အားပေးချီးကျူးလျှက်ပါ မောင်လေးရေ..တချက်တချက်ဆူလိုက်ရင် ပျက်ပြီး
ငယ်သွားတဲ့ မျက်နှာ .. ဘဝ တက်လမ်း အတွက် အားကိုး တကြီး မျက်နှာ အကုန် ပိုင်နိုင်ပါတယ်”ဆိုတဲ့စာလေးနဲ့ တူတူ တွဲဖက်ကာ သရုပ်ဆောင်ခဲ့တဲ့ မင်းသားမိုက်မိုက်ကိုချီးကျူးစကားဆိုခဲ့တာပါ။ပရိသတ်ကြီးလည်း အချစ်ဖွဲ့လေညင်းဇာတ်လမ်းတွဲကိုအားပေးနေတဲ့သူတွေရှိရင် မှတ်ချက်ပေးခဲ့ပါဦးနော်။
Source : Khin Thazin’s Facebook
Add a Comment
Your email address will not be published. Required fields are marked *