ခင်ပွန်း နဲ့ မိခင်ဖြစ်သူတို့ အတိုင်အဖောက်ညီညီ အလုပ်လုပ်နေတာကြည့်ပြီး သဘောကျမဆုံးဖြစ်နေတဲ့ အိမ့်ချစ်ချော
Read in UNICODE
ဆယ်လီစုံတွဲတွေထဲက တစ်တွဲဖြစ်တဲ့ နေဝင်းနဲ့ အိမ့်ချစ်ချောတို့ အတွဲလေးကိုတော့ ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်.။ (၂၀၁၉)ခုနှစ် ဒီဇင်ဘာလရဲ့ နောက်ဆုံးရက် နှစ်သစ်ကို ကြိုဆိုတဲ့ ပွဲလေးမှာ ချစ်သူ အိမ့်ချစ်ချောကို လက်ထပ်ခွင့်တောင်းခဲ့ပြီး (၂၀၂၀)ခုနှစ် ဧပြီလ (၂၅)ရက်နေ့မှာတော့ တရားရုံးမှာ လက်မှတ်ထိုးပြီး
အကျဉ်းရုံးမင်္ဂလာဆောင်ခဲ့ကြပါတယ်.။ မင်္ဂလာဆောင်ကို ကျင်းပဖို့ စီစဉ်ခဲ့ပေမယ့် Covid 19 ရောဂါပိုးကြောင့် လူစုလူဝေးဖြစ်စေမယ့် မင်္ဂလာပွဲကို မကျင်းပဖြစ်တော့ပဲ အကျဉ်းရုံးလက်မှတ်ထိုးကာ မင်္ဂလာဆောင်ခဲ့ပြီး သူတို့နှစ်ဦးရဲ့ လက်ထပ် လိုက်ကြောင်းကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ Relationship Status တင်ကာ တရားဝင် ချပြခဲ့ပါတယ်.။ မေလ (၂၁)ရက်နေ့မှာတော့
အိမ့်ချစ်ချောက သူတို့ ဇနီးမောင်နှံနှစ်ယောက်လုံး ပျော်ရွှင်နေပြီး ခင်ပွန်းဖြစ်သူ နေဝင်းနဲ့ ယောက္ခမဖြစ်သူ သူမရဲ့ မိခင်တို့ အတိုင်အဖောက်ညီညီ ကြေးဘုရားပန်းအိုးနဲ့ ကြေးဆီမီးခွက်တို့ကို သေချာ ပွတ်တိုက်နေတဲ့ ပုံလေးကို “Mother& Son-in-Law အပြိုင်ပွတ်” ဆိုပြီး သူမရဲ့ မိုင်ဒေးမှာ တင်လာခဲ့ပါတယ်.။ ခင်ပွန်းဖြစ်သူ
နေဝင်းနဲ့ အမေဖြစ်သူတို့ရဲ့ အားကြိုးမာန်တက် အတိုင်အဖောက်ညီညီ လုပ်ဆောင် နေတာလေးကို ကြည့်ပြီး အိမ့်ချစ်ချောလေးတစ်ယောက် သဘောကျမဆုံး ဖြစ်နေတဲ့ပုံပါပဲနော်..ပရိသတ်ကြီး.။ ပရိသတ်ကြီးလည်း ချစ်ဖို့ကောင်းလွန်းတဲ့ နေဝင်းနဲ့ အိမ့်ချစ်ချောတို့ စုံတွဲလေးကို ချစ်ခင်အားပေးရင် မှတ်ချက်လေးတွေ ရေးပေးခဲ့ပါဦးနော်.။
Source : Eaint Chit Chaw’s Facebook
Add a Comment
Your email address will not be published. Required fields are marked *