ရောင်နီဦးနှင့်လည်းရန်မဖြစ်ရ မိုးသောက်ဦးနှင့်လည်းရန်မဖြစ်ရတာကြောင့် သာယာနေတာ ဆိုတဲ့ သံသာမိုးသိမ့်
Read in UNICODE
သမီးချောလေး တစ်ယောက်ဖြစ်တဲ့ သံသာမိုးသိမ့် ကတော့ အနုပညာနယ်ပယ်ကို အကယ်ဒမီရွှေကြို ကနေ စတင်လျှောက်လှမ်းခဲ့တဲ့ မင်းသမီးချော်လေးပဲဖြစ်ပါတယ်။နောက်ပိုင်းမှာ ကြော်ငြာတွေအပြင် ရုပ်သံဇာတ်လမ်းတွဲတွေ ထဲမှာပါဝင်သရုပ်ဆောင်ရင်း ပရိသတ်တွေရဲ့ အချစ်တွေကို ရရှိခဲ့တာပဲဖြစ်ပါတယ်။ ဒါ့အပြင် အနုပညာလောကမှာ
ဒီထပ်မကအောင်မြင်တွေရရှိအောင် ကြိုးစားနေသူလေးပါနော်…။ သံသာမိုးသိမ့် ဟာဆိုရင် လတ်တလော MRTV- 4 မှာ ထုတ်လွှင့်ပြသနေတဲ့ ” အချစ်ဖွဲ့လေညင်း ” ရုပ်သံဇာတ်လမ်းတွဲလေးထဲမှာ ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ ဒီဇာတ်လမ်းထဲမှာတော့ ချစ်စရာကောင်းတဲ့အမူရာလေးတွေကြောင့်
ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေကို ရရှိနေပြီလည်းဖြစ်ပါတယ်။သံသာမိုးသိမ့် ဟာဆိုရင် စကားပြောရင်လည်း ပွင့်ပွင့်လင်းလင်း ပြောဆိုတက်လို စိတ်သဘောထားပြည့်ဝပြီးအမြဲတမ်းကလေးလေးတစ်ယောက်လိုနေတက်တဲ့သူလေးပဲဖြစ်ပါတယ်။ ဒါ့အပြင်
တိရိစ္ဆာန်လေးတွေချစ်တက်တဲ့ သံသာမိုးသိမ့် ကတော့ ချစ်စရာကောင်းတဲ့ ခွေးလေးတွေနဲ့ဓာတ်ပုံရိုက်ပြီး သူမရဲ့ Facebook စာမျက်နှာပေါ်မှာ ဖော်ပြလာခဲ့ပါတယ်။ ဒီပုံလေးတွေနဲ့လည်း သံသာမိုးသိမ့် က ” မိုးသောက်ဦးနှင့်လည်း
ရန်မဖြစ်ရရောင်နီဦးနှင့်လည်းရန်မဖြစ်ရသဖြင့်သာယာနေသောမိမိ အောက်မာကိုက်နေသောပါပီနှစ်ကောင်မပါ ” ဆိုပြီး ရေးသားထားပါသေးတယ်။ ကဲ…ချစ်ပရိသတ်ကြီးရေ ရန်မဖြစ်ရတဲ့ မေပျိုဖြူ ရဲ့ ချစ်စရာပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
Source : Than Thar Moe Theint’s Facebook | Reference & Credit : Myanmarload
Add a Comment
Your email address will not be published. Required fields are marked *