အေးသီတာ ကိုယ်တိုင်ချက်ထားတဲ့ မုန့်ဟင်းခါး အရမ်းကောင်းကြောင်း ထောက်ခံပေးခဲ့တဲ့ သင်ဇာဝင့်ကျော်



Read in UNICODE
အေးသီတာနဲ့ သင်ဇာဝင့်ကျော်ကတော့ အနုပညာလောကမှာ အတူတူကျင်လည်နေကြတဲ့သူတွေဖြစ်ပြီး အပြင်မှာလည်း တစ်ယောက်နဲ့တစ်ယောက် ခင်မင်ရင်းနှီးကြသူတွေ ဖြစ်ပါတယ်။ အေးသီတာက သင်ဇာဝင့်ကျော်အတွက် အမြဲတမ်း

အဆင်သင့်ရှိနေပေးတဲ့သူဖြစ်သလို သင်ဇာဝင့်ကျော်ကလည်း အေးသီတာရဲ့ လိုအပ်ချက်မှန်သမျှကို ဖြည့်စည်းပေးနေတဲ့ သွေးမတော်သားမစပ် ညီအစ်မလို့တောင် ဆိုလို့ရပါတယ်။ ရှုတင်တွေမရှိလို့ မိသားစုစားဝတ်နေရေးအတွက်

မုန့်ဟင်းခါးအော်ဒါချက်ရောင်းနေရတဲ့ အေးသီတာက ဒီနေ့မှာတော့ သူမရဲ့ စေတနာအပြည့်နဲ့ ချက်ထားတဲ့ မုန့်ဟင်းခါးကို သင်ဇာဝင့်ကျော်ကို မြည်းစမ်းခဲ့ခိုင်းပါတယ်။ သင်ဇာဝင့်ကျော်ကလည်း “မမအေးသီတာရဲ့မုန့်ဟင်းခါးအရမ်းစားလို့ကောင်းပါတယ်”

ဆိုပြီး ထောက်ခံပေးထားပါတယ်။ သင်ဇာဝင့်ကျော်ကတော့ အေးသီတာရဲ့ မုန့်ဟင်းခါးကို အရမ်းကောင်းမွန်ကြောင်း ထောက်ခံထားတာ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးပဲ တင်ရှိပါတယ်နော်။
Source : Thin Zar Wint Kyaw’s Facebook