ရောဂါအခြေအနေသက်သာလာပြီး သမီးလေးနဲ့အတူ လမ်းထွက်လျှောက်ထွက်နိုင်နေပြီဖြစ်တဲ့ မီးမီးခဲ





Read in UNICODE

မီးမီးခဲကတော့ ကင်ဆာရောဂါဝေဒနာ နောက်ဆုံးအဆင့်ဝေဒနာကို ခံစားနေရတာပဲ ဖြစ်ပါတယ်။ မီးမီးခဲက ကင်ဆာရောဂါနဲ့ နောက်ဆက်တွဲဝေဒနာအဖြစ် ညာဘက်ခြေထောက်ကလည်း လမ်းမလျှောက်နိုင်ဖြစ်ခဲ့ပြီး ဆရာဝန်တွေက

မသန်စွမ်းတစ်ယောက်ဖြစ်သွားနိုင်တယ်လို့တောင် မှတ်ချက်ချခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် စိတ်ဓာတ်ခိုင်မာလွန်းတဲ့ မီးမီးခဲက သူမရဲ့ဝေဒနာကို အကောင်းဆုံး တွန်းလှန်နေတာပဲ ဖြစ်ပါတယ်။ သားသမီးတွေရဲ့မေတ္တာနဲ့ နေပြန်ကောင်းလာခဲ့တဲ့

မီးမီးခဲက ဒီနေ့မှာတော့ တဖြည်းဖြည်းနဲ့သက်သာလာပြီး သမီးလေးနဲ့အတူတူ အပြင်ထွက်လမ်းလျှောက်နေနိုင်ပြီလို့ ဆိုထားပါတယ်။ မီးမီးခဲကတော့ လုံးဝလမ်းမလျှောက်နိုင်ဘူးလို့ ထင်ထားရာမှ ဆေးရုံကဆင်းပြီး မကြာခင်အတွင်း

လမ်းပြန်လျှောက်နိုင်တာ ဝမ်းသာစရာပါပဲနော်။ မီးမီးခဲကတော့ သားသမီးလေးတွေရဲ့ အပြုံးတွေကြောင့် နေ့ရက်တိုင်းကို ရှင်သန်ဖို့ ခွန်အားတွေ ရရှိနေတာပဲ ဖြစ်ပါတယ်။ မီးမီးခဲတစ်ယောက် မကြာခင်အချိန်အတွင်း အလုံးစုံ နေပြန်ကောင်းလာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source : Mee Mee Khel-မီးမီးခဲ’s Facebook

Add a Comment

Your email address will not be published. Required fields are marked *