အသက်(၃၆)နှစ်ပြည့်သွားပြီဖြစ်တဲ့ လူမင်းရဲ့ ချစ်ဇနီးလေးအတွက် မွေးနေ့ဆုတောင်းပေးခဲ့တဲ့ လင်းဇာနည်ဇော်
Read in UNICODE
အနုပညာလောကမှာ အောင်မြင်ကျော်ကြားခဲ့ရုံသာမက ကိုယ်ပိုင်စီးပွားရေးလုပ်တဲ့ အခါမှာလည်း အောင်မြင်နေတဲ့ ပြည်သူချစ်မင်းသမီးချော လင်းဇာနည်ဇော်နဲ့ ပရိသတ်တွေကို အထူးတလည် မိတ်ဆက်ပေးဖို့မလိုလောက်ဘူးထင်ပါတယ်။ လင်းဇာနည်ဇော်ရဲ့ ချောမောလှပနေမှုကတော့ အခုချိန်ထိကို နုပျိုလှပနေတာကြောင့် ပရိသတ်တွေရဲ့ အချစ်တော်တစ်ဦးဆိုလည်း
မမှားလောက်ပါဘူးနော်။ သူမရဲ့ ချစ်စရာကောင်းလွန်းတဲ့သမီးလေး မြူလင်းကိုကိုနဲ့ ပျော်ရွှင်စရာနေ့ရက်လေးတွေကို ဖြတ်သန်းနေတဲ့သူတစ်ဦးပဲဖြစ်ပါတယ်။ လင်းဇာနည်ဇော်ကတော့ သူမရဲ့ သမီးလေးနဲ့အတူတူ အမှတ်တရပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိပါတယ်။ ဒီနေ့မှာတော့ လူမင်းရဲ့ဇနီးဖြစ်သူ
ခင်စံပယ်ဦးရဲ့ မွေးနေ့လေးကို လင်းဇာနည်ဇော်က”Happy Birthdayညီမလေးရေ ငယ်ငယ်ထဲက..ဖြူစင်အေးချမ်းသူလေးမို့..ညီမလေးအရင်းလိုချစ်ခဲ့တာ.ပျာ်စရာမိသားစုလေးနဲ့အတူ.အခုထက်ပိုပြီးသာယာပါစေ.အခုထက်ပိုပြီးအေးချမ်းပါစေ.အခုထက်ပိုပြီးလှုဒါန်းနိုင်ပါစေ”လို့ဆိုကာ သူမရဲ့ မွေးနေ့ဆုမွန်တောင်းလေးကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ
ရေးသားဖော်ပြထားတာပဲဖြစ်ပါတယ်။ ညီအစ်မအရင်းလိုချစ်ရတဲ့ ခင်စံပယ်ဦးအတွက် မွေးနေ့ဆုမွန်တောင်းပေးလိုက်တာပါပဲနော်။ ပရိသတ်တွေအတွက် ခင်စံပယ်ဦးမွေးနေ့လေးကို လင်းဇာနည်ဇော်ရဲ့ မွေးနေ့ဆုမွန်တောင်းလေးကို ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်။ ပရိသတ်ကြီးကလည်း လူမင်းရဲ့ ဇနီးဖြစ်တဲ့ ခင်စံပယ်ဦးအတွက် မွေးနေ့ဆုမွန်တောင်းလေးတွေ ရေးပေးခဲ့ကြပါအုံးနော်။
Source : Lin Zar Ni Zaw’s Facebook
Add a Comment
Your email address will not be published. Required fields are marked *