မဟာမြိုင်သဲဖြူ စံကျောင်းတော် အမိုးကို ကိုယ်တိုင် သွားရောက်လှူဒါန်း ကုသိုလ်လုပ်ခဲ့တဲ့ မေမြင့်မိုရ်
Read in UNICODE
မေမြင့်မိုရ် ကတော့ အနုပညာလောကမှာ အောင်မြင်မှုတွေကို ရရှိထားကာ သရုပ်ဆောင်ကောင်း တစ်ယောက်ဖြစ်အောင်လည်း ကြိုးစားနေသူပဲဖြစ်ပါတယ်။ သူဟာ MRTV-4 ရုပ်သံဇာတ်လမ်းတွဲတွေထဲကနေ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်တွေရဲ့ရင်ထဲမှာ
နေရာယူထားခဲ့တာဖြစ်ပါတယ်။ ယခုနောက်ပိုင်းမှာဆိုရင်တော့ ကြော်ငြာတွေအပြင် ရုပ်ရှင်ဇာတ်ကားကြီးတွေထဲမှာ ပါဝင်သရုပ်ဆောင်ရနေပြီလည်းဖြစ်ပါတယ်။ လတ်တလောမှာတော့ အနုပညာအလုပ်တွေကို ကပ်ရောဂါတိုက်ဖျက်ရေးအချိန်ကာလတွေမှာ
ခေတ္တရပ်နားထားခဲ့ပြီး မိသားစုလေးနဲ့အတူပျော်ရွှင်စွာ နေထိုင်နေတာပဲဖြစ်ပါတယ်။ မင်းသမီးချောလေး မေမြင့်မိုရ် ဟာဆိုရင် မကြာသေးမှီရက်ပိုင်းကလည်း ကလေးဝမြို့နယ်ထဲက မဟာမြိုင်သဲဖြူဆရာတော် စံကျောင်းတိုက်ရဲ့ အမိုးကို သွားရောက်လှူဒါန်းခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင်
သူမရဲ့ အလှူပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေ သာဓု ခေါ်ဆိုနိုင်အောင် ပြန်လည်ဖော်ပြထားခဲ့ပါသေးတယ်။ ယခုဆိုရင်လည်း မေမြင့်မိုရ် က ယင်းအလှူရဲ့ ပတ်သတ်ပြီး ကောင်းမှုကုသိုလ်ပြုလုပ်ခဲ့တဲ့ အမှတ်တရပုံရိပ်လေးတွေကို
တင်လာခဲ့ပါတယ်။ ဒီပုံလေးတွေထဲမှာတော့ သူတော်စင်တွေ ဝတ်ဆင်လေ့ရှိတဲ့ အပေါ်ဖြူ ၊ အောက်ဖြူ နဲ့ မြင်သူတိုင်း အမြင်အေးချမ်းစေတဲ့ ကြည်နူးစရာ ပုံရိပ်လေးတွေပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေလည်း မေမြင့်မိုရ် ပြုလုပ်ခဲ့တဲ့ ကောင်းမှုကုသိုလ်တွေအတွက် ဆုမွန်ကောင်းတောင်းပေးလိုက်ပါဦးနော်…။
Source : May Myint Mo’s Facebook | Reference & Credit : Myanmarload
Add a Comment
Your email address will not be published. Required fields are marked *