ခင်ပွန်းဖြစ်သူရဲ့ နေမကောင်းဖြစ်တိုင်း အားပေးတဲ့ လက်တစုံကြောင့် ခွန်အားတွေဖြစ်ခဲ့ရတယ်ဆိုတဲ့ အိအိတုန်

အနုပညာလောကမှာ ဇာတ်ပို့တစ်ယောက်အနေနဲ့ အချိန်အတော်ကြာ ရပ်တည်နေတဲ့ အိအိတုန်ကတော့ ပါဝင်တဲ့ ဇာတ်ကားတိုင်းမှာ တိကျပိုင်နိုင်စွာ သရုပ်ဆောင်တက်တာကြောင့် အောင်မြင်တဲ့ ဇာတ်ပို့သရုပ်ဆောင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ အိအိတုန်က ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကိုလည်း အပြည့်အဝရရှိထားတဲ့ သူလေးပါနော်။ သူမက

အများက အားကျရတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပြီး ပါးဖောင်းဖောင်းလေးနဲ့ ချစ်စရာကောင်းလွန်းတဲ့ သမီးလေးကိုလည်း မွေးဖွားထားပါသေးတယ်….။ အနုပညာအလုပ်တွေအပြင် ကိုယ်ပိုင်စီးပွားရေးအနေနဲ့ ဈေးရောင်းနေခဲ့တဲ့ သူမကတော့ ပါးဖောင်းဖောင်းလေးနဲ့ ချစ်စရာကောင်းတဲ့ သမီးလေးရဲ့ ပုံရိပ်လေးတွေကို

လူမှုကွန်ယက်ထက်တင်ပေးလေ့ရှိပါတယ်။ ဒါ့အပြင် သူမရဲ့ ဝမ်းဗိုက်ထဲမှာလည်း ရင်သွေးလေးတစ်ယောက်ကို လွယ်ထားရကြောင်း ပရိသတ်တွေကို မကြာသေးမီအချိန်က အသိပေးထါးပါသေးတယ်။ အိအိတုန်က မကြာခဏဆိုသလို လူမှုကွန်ယက် စာမျက်နှာထက်မှာ သူမရဲ့ လှုပ်ရှားမှုပုံရိပ်တိုင်းကို

တင်ပေးလေ့ရှိသူပဲ ဖြစ်ပါတယ် …….။ ယခုမှာလည်း အိအိတုန်က ” ဆေးခန်းသွားပြတယ်သွေးတိုးနေတယ်ဆရာမကဂရုစိုက်တဲ့သွေးအရမ်းတိုးရင်ဆေးရုံတက်ရမယ်တဲ့အဲ့တော့ဂရုစိုက်ဖို့လိုတယ်သွေးတိုးမဲ့အစားစာရှောင်ရမယ်အခုမှအလုပ်ပီးပင်ပန်းပီနားတော့မယ်ချစ်သူရဲ့အားပေးလက်တစုံ”

ဆိုပြီး သူမရဲ့ ချစ်ခင်ပွန်းလက်ကို ကိုင်ကာ လူမှုကွန်ယက် စာမျက်နှာထက်မှာ တင်ပေးလါတာပဲ ဖြစ်ပါတယ်။ ဂရုစိုက်ပြီး ကြင်နာမှုတွေ အပြည့်အဝပေးတဲ့ ခင်ပွန်းကြောင့် အပျော်ကြီးပျော်နေတဲ့ အိအိတုန်ရဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်ကြီး အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်…… ။

Read in UNICODE

Source : Ei Tone’s Facebook | Reference & Credit : Myanmarload

Add a Comment

Your email address will not be published. Required fields are marked *