ကပ်ရောဂါဆိုးကြီး ပြီးသွားတာနဲ့ ဇာတ်လမ်းတွဲတွေ ပြန်ရိုက်တော့မယ်ဆိုတဲ့ ဘုန်းလျှံ
Read in UNICODE
ပီပြင်ပိုင်နိုင်တဲ့ သရုပ်ဆောင်ကောင်းမှုတွေကြောင့် ပရိသတ်တွေရင်ထဲ အခိုင်အမာနေရာယူထားပြီး အောင်မြင်တဲ့အနုပညာတွေထဲမှာ မကြာခင်ကမှ ပရိသတ်တွေဆီပြန်လည်ရောက်ရှိလာတဲ့ မင်းသားချော ဘုန်းလျှံကလည်း အပါအဝင်ပါပဲ..။ သူ့ရဲ့ပီပြင်တဲ့ သရုပ်ဆောင်ပိုင်နိုင်မှုတွေအပြင် ဆွဲဆောင်မှုရှိပြီး ယောကျ်ားပီသတဲ့အရပ်အမောင်းနဲ့ ပုံရိပ်တွေကြောင့်လည်း ယောကျ်ားလေး မိန်းကလေး
မရွေးပရိသတ်တွေက အားပေးချစ်ခင်နေကြတာလည်း ဖြစ်ပါတယ်နော်..။ မင်းသားဘုန်းလျှံကတော့ မကြာသေးခင်ကမှ ပရိသတ်တွေဆီပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပြီး လက်ကမ်းကြိုဆိုကြတဲ့ အနုပညာရှင်တွေနဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်သလို Covid ကာလပြီးသွားတဲ့အချိန်မှာ ဇာတ်လမ်းတွဲ ပြန်ရိုက်သွားမယ့်အကြောင်းလေး ပြောပြလာပါတယ်…။ “ရှေ့ဆက်ပြီးတော့အနုပညာအလုပ်တွေကို
လုပ်သွားမှာပါ လုပ်ဖို့အတွက်လည်း ကိုဗစ်ကာလပြီးသွားရင် ဇာတ်လမ်းတွဲလေး ရိုက်ဖို့ရှိပါတယ် လက်တွဲခေါ်ပေးကြတဲ့အတွက်လည်း ကိုခန့်က တွဲပြီးတော့ ခေါ်တယ် အလှူအတန်းတွေလုပ်လည်း ခေါ်တယ် အရမ်းဝမ်းသာပါတယ် အဲ့လိုလက်တွဲခေါ်တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ် အဲ့ဒါတွေက အားဆေးတစ်ခွက်ပါပဲ..” ဆိုပြီး ပြောကြထားတာ ဖြစ်ပါတယ်..။ ဇာတ်လမ်းတွဲပြန်ရိုက်ရတော့မယ့်အတွက်လည်း
အကောင်းဆုံးကြိုးစားပြချင်တာကိုပဲ စိတ်မှာထားပြီး စောင့်မျှော်နေကြတဲ့ ပရိသတ်တွေကိုလည်း အရမ်းကျေးဇူးတင်ကာ အရမ်းလည်း ဝမ်းသာတဲ့အကြောင်းလေးနဲ့ “အဓိကကတော့ အခွင့်အရေးရဖို့ပဲလိုတော့တယ် ကျွန်တော့ကို ထုတ်လုပ်သူတွေ ဒါရိုက်တာတွေက ကျွန်တော့ကို ရိုက်ခွင့်ပေးရင် ကျွန်တော်အကောင်းဆုံးဖြစ်အောင် ကြိုးစားမှာပါ..” ဆိုပြီး ဘုန်းလျှံက
ပြောပြထားတာပါ..။ ဘုန်းလျှံဟာ ပြီးခဲ့တဲ့ရက်ပိုင်းကမှ သာသနာ့ဘောင်ဝင်ရောက်ခဲ့ပြီး (၁၁)ရက်ကြာ သာသနာ့ဘောင်ဝင်ရောက်ခဲ့တဲ့အချိန်မှာ အရမ်းအေးချမ်းကာ ကုသိုလ်ယူခဲ့တဲ့အကြောင်းနဲ့ တရားကိုလည်းအကောင်းဆုံး ကြိုးစားအားထုတ်ခဲ့တဲ့ အကြောင်းလေးတွေ ပြောပြထားသေးတဲ့ ဘုန်းလျှံရဲ့ ဗီဒီယိုလေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။
Source : Bhone Hlan’s Facebook | Reference & Credit : Myanmarload
Add a Comment
Your email address will not be published. Required fields are marked *