အစားအသောက်တွေရောင်းရငွေနဲ့ အရိုက်ခံပြီး စွန့်ပစ်ခံထားရဲ့ ခွေးလေးအတွက် (၁)သိန်းလှူဒါန်းခဲ့တဲ့ ခင်သဇင်



Read in UNICODE
လတ်တလော MRTV-4 မှာထုတ်လွှင့်ပြသနေတဲ့ အချစ်ဖွဲ့လေညင်းဇာတ်လမ်းတွဲထဲက မိုးကလျာဇာတ်ရုပ်နဲ့လည်း ဗီလိန်အခန်းတွေကို အပီအပြင်သရုပ်ဆောင်နေပေမယ့် အပြင်မှာတော့ စိတ်ထားဖြူစင်တဲ့မင်းသမီးလေးခင်သဇင်ကတော့ Home Stay ကာလမှာလည်း အစားအသောက်တွေရောင်းချရင်း

ရရှိလာတဲ့အမြတ်ငွေထဲက တစ်ဝက်ကို လှူဒါန်းပေးနေပါတယ်။ ပရိသတ်ရဲ့အချစ်တော် ခင်သဇင်ကတော့ ကျရာဇာတ်ရုပ်ကို ပီပြင်စွာသရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်အားပေးမှုအခိုင်အမာရရှိထားသူပါ။သူဟာ လတ်တလော ဂဏန်းချဉ်စပ်၊ ဂဏန်းချိုစပ်၊ ဂဏန်းမဆလာနဲ့ ဒူးရင်းသီးတွေ ရောင်းချပေးနေပြီး စိန်ခင် စားသောက်ကုန်ရောင်းရငွေထဲကနေ

ရိုက်ပြီးလွှင့်ပစ်ခံထားရတဲ့ခွေးကလေးလေးအတွက် လှူဒါန်းလိုက်တဲ့အကြောင်းကို “ရိုက်ပြီးလွှင့်ပစ်ခံထားရတဲ့ ကလေးလေးကို စိန်ခင် စားသောက်ကုန်မှ ၁၀၀၀၀၀ ကျပ် လှူဒါန်းခဲ့ပါကြောင်း မှာယူစားသုံးသူများ ကုသိုလ်ယူရန် အဖို့ဌာ တင်ပေးလိုက်ရပါတယ်ရှင် စိန်ခင်-စားသောက်ကုန်” လို့သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြထားပါတယ်။ ပရိသတ်ကြီးရေ ဂဏန်းချဉ်စပ်၊ ဂဏန်းချိုစပ်၊

ဂဏန်းမဆလာနဲ့ ဒူးရင်းသီးတွေ ရောင်းချပေးလို့ရတဲ့ငွေထဲကနေ (၁)သိန်းကျပ်တိတိကို ရိုက်ပြီးလွှင့်ပစ်ခံထားရတဲ့ခွေးကလေးလေးအတွက် လှူဒါန်းလိုက်တာပါတဲ့။ ပရိသတ်ကြီးရေ ဈေးရောင်းရင်းအလှူလုပ်နေတဲ့ ခင်သဇင်ရဲ့ အလှူမှာ တစ်တပ်တစ်အားပါဝင်ရအောင် သူ့ရဲ့အစားအသောက်တွေကိုဝယ်ယူအားပေးရင်း ကုသိုလ်ယူလိုက်ပါဦးနော်။
Source : Khin Tha ZIn’s Facebook | Reference & Credit : Cele Gabar