သားဖြစ်သူ ဟန်ထူးလွင်အတွက် ငယ်ဘဝကပုံလေးတွေနဲ့အတူ မွေးနေ့ဆုတောင်းပေးခဲ့တဲ့ အဆိုတော်ကြီး ရင်ဂို
Read in UNICODE
တစ်ခေတ်တစ်ခါရဲ့ အောင်မြင်ကျော်ကြားလူကြိုက်များတဲ့ အဆိုတော်တွေထဲက တစ်ယောက်အပါအဝင်ဖြစ်တဲ့ အဆိုတော် ရင်ဂိုကိုတော့ ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်.။ တစ်မူထူးခြားတဲ့ အသံပိုင်ရှင်တွေ ထွန်းပေါက်ရာ ခေတ်လို့ ဆိုရလောက်အောင် အဆိုတော် ရင်ဂိုတို့ရဲ့ ခေတ်ဟာ သူမတူအောင် ထူးခြားတဲ့
အသံပိုင်ရှင်တွေပေါ်ထွန်းရာလို့ ဆိုရမှာပါ.။ သူမတူတဲ့ အသံပိုင်ရှင်တွေထဲမှာ အဆိုတော် ရင်ဂိုဟာလည်း တစ်ယောက်အပါအဝင်ပဲဖြစ်ပါတယ်.။ ရင်ဂိုရဲ့ သားနဲ့ သမီးနှစ်ယောက်လုံးဟာ အနုပညာဘက်ပိုင်းမှာ တော်ကြပြီး ဖခင်လို ဂီတကို
မြတ်နိုးကြတဲ့သူတွေပဲဖြစ်ပါတယ်နော်.။ ဒီနေ့ မေလ(၂၀)ရက်နေ့ကတော့ ရင်ဂိုရဲ့သားကြီး ကျားပေါက်(ခေါ်) ဟန်ထူးလွင်ရဲ့ မွေးနေ့ ရက်မြတ်လေးဖြစ်ပြီး ဖခင်ဖြစ်သူ ရင်ဂိုက သားအတွက် မွေးနေ့ ဆုမွန်ကောင်းလေးကို ကျားပေါက်ရဲ့ ငယ်ဘဝပုံရိပ်လေးတွေနဲ့ အတူ “Happy Birthday KP.” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်
စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.။ သားအဖနှစ်ယောက်အတူတွဲဆိုထားတဲ့ “ခွဲခွာခြင်းမှတ်တိုင်” သီချင်းလေးဟာ ပရိသတ်တွေရဲ့ အထူးနှစ်ခြိုက်အားပေးခြင်းကို ခံခဲ့ရတဲ့ သီချင်းပဲဖြစ်ပါတယ်.။ ရင်ဂိုတို့ သားအဖနှစ်ယောက်လုံးဟာ
နှစ်သက်တဲ့ ဂီတအနုပညာအလုပ်တွေကို လုပ်ကိုင်ရင်း အောင်မြင်တဲ့ အနုပညာရှင်တွေ ပဲဖြစ်ပါတယ်နော်…ပရိသတ်ကြီး.။ ပရိသတ်ကြီးလည်း ဒီကနေ့မှာကျရောက်တဲ့ ဟန်ထူးလွင်(ကျားပေါက်)ရဲ့ မွေး့နေ့လေးအတွက် မွေးနေ့ ဆုမွန်ကောင်းတောင်းပေးသွားပါဦးနော်.။
Source : Ringo Lwin’s Facebook
Add a Comment
Your email address will not be published. Required fields are marked *