(၂၈)နှစ်ပြည့် မွေးနေ့အလှူအနေနဲ့ ခေတ်သစ်ဖောင်ဒေးရှင်းကို (၁၀)သိန်း လှူဒါန်းခဲ့တဲ့ X Box




Read in UNICODE

ဒီဘက်ခေတ်လူငယ်တွေရဲ့ကြားမှာ ရေပန်းစားတဲ့ အဆိုတော်တစ်ဦးဖြစ်တဲ့ X-box ဟာ underground လောကမှာ ကျင်လည်ကြိုးစားခဲ့ပြီး အခုလို အောင်မြင်လာသူတစ်ဦးဖြစ်ပါတယ်။ X-box ဟာ Lil’Z, ရွှေထူး, ထက်ယံတို့နဲ့အတူတူ 4 ဆိုတဲ့ Album မှာကတည်းက အောင်မြင်မှုများစွာ ရရှိခဲ့ပြီး X-box in 9, 99 စတဲ့ Album

တွေအပြင် Single Album တွေများစွာလဲ အောင်မြင်စွာ ထွက်ရှိထားနိုင်တာပဲ ဖြစ်ပါတယ်။ ဒီကနေ့ မေလ (၂၀) ရက်နေ့ကတော့ X-Box ရဲ့ မွေးနေ့လေးပဲဖြစ်ပြီး X-Box က သူ့ရဲ့ မွေးနေ့ကို အကျိုးရှိရှိဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ X-Box က မွေးနေ့အလှူအဖြစ် Covid-19ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက်

လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့ ခေတ်သစ်ဖောင်ဒေးရှင်းကို အလှူငွေ (၁၀) သိန်းတိတိ လှူဒါန်းခဲ့ပါတယ်။ X-Box ကတော့ မွေးနေ့မှာ အမှန်တကယ် လိုအပ်နေတဲ့ နေရာတွေကို ထောက်ပံ့ကူညီနိုင်ဖို့ အလှူငွေများ လှူဒါန်းပေးခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း X-Box ရဲ့ မွေးနေ့အလှူလေးအတွက် ဝမ်းမြောက်စွာ သာဓုခေါ်ပေးကြပါဦးနော်။

Source : ခေတ်သစ်ဖောင်ဒေးရှင်း’s Facebook

Add a Comment

Your email address will not be published. Required fields are marked *