စားနပ္ရိကၡာနဲ႔ အဝတ္အထည္ေတြကို ဆိုက္ကားဆရာေတြအတြက္ လွဴဒါန္းခဲ့တဲ့ ေဝဠုေက်ာ္

သ႐ုပ္ေဆာင္ ေဝဠဳေက်ာ္ဦးေဆာင္တဲ့ ေဝဠဳေက်ာ္ေဖာင္ေဒးရွင္းဟာ COVID-19 ကာလမွာ က်ဴးေက်ာ္ရပ္ကြက္ေတြမွာ ေနထိုင္ရင္း မိသားစုဝမ္းစာအတြက္ အလုပ္လုပ္ေနရတဲ့ ဆိုက္ကားဆရာေတြ အတြက္ စားနပ္ရိကၡာ၊ အဝတ္အစားေတြ လႉမယ္လို႔ ေဝဠဳေက်ာ္က ေျပာပါတယ္။ “ကပ္ေရာဂါကာလ ရွည္ၾကာလာတာနဲ႔အမွ်။ အခ်ိဳ႕ လက္လုပ္လက္စားေတြ၊ စားဝတ္ေနေရး က်ပ္တည္းကုန္ၾကၿပီ။ က်ဴးရပ္ကြက္မ်ိဳးစုံက အလႉခံေတြကလဲ ပတ္လည္ဝိုင္းေနၾကၿပီေလ။အရင္အပတ္ေတြကသန္လ်င္က်ဴးနဲ႔ လူၾကမ္းသ႐ုပ္ေဆာင္ေတြကို လႉေပးၿပီးၿပီ။ ဒီတစ္ခါေနသာတဲ့ေန႔ေလးမွာ ဆိုက္ကားသမားေတြကို

ဆန္၊ဆီ ၊ရွပ္အက်ီ္ေလးေတြလႉမယ္။ ကိုယ္ေတြေနတဲ့နားက ဆိုက္ကားသမားေလးေတြက သန္လ်င္က်ဴးတို႔ ေတာင္ဒဂုံက်ဴးတို႔ အေဝးႀကီးေတြက ဆိုက္ကား လာနင္းေနၾကတာေလ။ သူေဌးရပ္ကြက္ထဲ လာနင္းေနၾကေတာ့ အလႉလဲမရၾကပါဘူး” ဆိုၿပီးေတာ့ ေမလ ၂၀ ရက္ေန႔ ေန႔လယ္ ၁ နာရီက သူ႔ရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ ေရးသားထားတာ ေတြ႕ရပါတယ္။ စားဝတ္ေနေရး အခက္အခဲ ႀကဳံေတြ႕ေနရတဲ့ ေ႐ႊျပည္သာမွာရွိတဲ့ က်ဴးေက်ာ္ရပ္ကြက္ေတြကို သြားေရာက္ လႉဒါန္းဦးမယ္လို႔

ေဝဠဳေက်ာ္က ေျပာပါတယ္။ “ဆိုက္ကားသမားေတြ ၿပီးရင္ေတာ့ ေ႐ႊျပည္သာက က်ဴးေတြဆီ သြားလႉဖို႔ စဥ္းစားထားတယ္။ပိုေနသူမ်ားကလည္း လိုေနသူမ်ားကို ဝိုင္းဝန္းလႉဒါန္းေပးၾကဖို႔၊ ဆန္တစ္လုံးပဲျဖစ္ျဖစ္၊ဆန္တစ္ျပည္ပဲျဖစ္ျဖစ္ ထည့္ဝင္လႉဒါန္းေပးဖို႔ ၅၀၀/၁၀၀၀ ကအစ အလႉခံပါရေစ။ ေဝဠဳေက်ာ္ေဖာင္ေဒးရွင္း” ဆိုၿပီးေတာ့လည္း ဆက္လက္ ေရးသားခဲ့ပါေသးတယ္။ သ႐ုပ္ေဆာင္ ေဝဠဳေက်ာ္ ဦးေဆာင္တဲ့ ေဝဠဳေက်ာ္ေဖာင္ေဒးရွင္းဟာ အခုလက္ရွိ COVID-19 ေရာဂါ

ကာကြယ္ေရးအတြက္ သံသယလူနာမ်ား သယ္ယူပို႔ေဆာင္ျခင္း၊ ေဆးျဖန္းျခင္းမ်ားေဆာင္႐ြက္လွ်က္ရွိပါတယ္။ အဲဒီေနာက္ အမွန္တကယ္ လိုအပ္မႈ ရွိေနတဲ့ ေနရာေဒသေတြမွာလည္း စားနပ္ရိကၡာေတြ လႉဒါန္းခဲ့တာ ေတြ႕ရပါတယ္။ ေမလ(၁၇) ရက္ေန႔တုန္းကလည္း နာဂေဒသအတြက္ လိုအပ္တဲ့ ေဆးဝါးေတြကို ေဝဠဳေက်ာ္ ေဖာင္ေဒးရွင္းက လႉဒါန္းခဲ့တာ ေတြ႕ရပါတယ္။ေမလ(၁၈) ရက္ေန႔တုန္းကလည္း ေဝဠဳေက်ာ္နဲ႔ ေနထူးႏိုင္တို႔ ပူးေပါင္းကာ

လူၾကမ္းသ႐ုပ္ေဆာင္မ်ားရဲ႕ ေနအိမ္အထိစားနပ္ရိကၡာနဲ႔ ေငြေၾကးေထာက္ပံ့မႈေတြ ကူညီခဲ့တာ ေတြ႕ရပါတယ္။ ေဝဠဳေက်ာ္ဟာ ပရိသတ္ေတြ ေလးစားအားက်ရတဲ့ သ႐ုပ္ေဆာင္ တစ္ဦးလည္း ျဖစ္ပါတယ္။ ေဝဠဳေက်ာ္ဟာ ၂၀၀၉ခုႏွစ္ကစၿပီး လူမႈ အက်ိဳးျပဳအလုပ္ေတြကို လုပ္ကိုင္ဖို႔ ေဝဠဳေက်ာ္ ေဖာင္ေဒးရွင္းကို စၿပီး တည္ေထာင္ျဖစ္ခဲ့တာပါ။ ေဝဠဳေက်ာ္က အႏုပညာအလုပ္ေတြ သာမက ပရဟိတအလုပ္ေတြကိုပါ အားတတ္သေရာ ပါဝင္လႈပ္ရွားေနသူ တစ္ဦး ျဖစ္ပါတယ္။ အဲဒီေနာက္ လာကမ္းလွမ္းတဲ့ ႐ုပ္ရွင္ဇာတ္ကားေတြလည္း ႐ိုက္ကူးေနတယ္လို႔ သိရပါတယ္။

Read in UNICODE

သရုပ်ဆောင် ဝေဠုကျော်ဦးဆောင်တဲ့ ဝေဠုကျော်ဖောင်ဒေးရှင်းဟာ COVID-19 ကာလမှာ ကျူးကျော်ရပ်ကွက်တွေမှာ နေထိုင်ရင်း မိသားစုဝမ်းစာအတွက် အလုပ်လုပ်နေရတဲ့ ဆိုက်ကားဆရာတွေ အတွက် စားနပ်ရိက္ခာ၊ အဝတ်အစားတွေ လှူမယ်လို့ ဝေဠုကျော်က ပြောပါတယ်။ “ကပ်ရောဂါကာလ ရှည်ကြာလာတာနဲ့အမျှ။ အချို့ လက်လုပ်လက်စားတွေ၊ စားဝတ်နေရေး ကျပ်တည်းကုန်ကြပြီ။ ကျူးရပ်ကွက်မျိုးစုံက အလှူခံတွေကလဲ ပတ်လည်ဝိုင်းနေကြပြီလေ။အရင်အပတ်တွေကသန်လျင်ကျူးနဲ့ လူကြမ်းသရုပ်ဆောင်တွေကို လှူပေးပြီးပြီ။ ဒီတစ်ခါနေသာတဲ့နေ့လေးမှာ ဆိုက်ကားသမားတွေကို

ဆန်၊ဆီ ၊ရှပ်အကျီ်လေးတွေလှူမယ်။ ကိုယ်တွေနေတဲ့နားက ဆိုက်ကားသမားလေးတွေက သန်လျင်ကျူးတို့ တောင်ဒဂုံကျူးတို့ အဝေးကြီးတွေက ဆိုက်ကား လာနင်းနေကြတာလေ။ သူဌေးရပ်ကွက်ထဲ လာနင်းနေကြတော့ အလှူလဲမရကြပါဘူး” ဆိုပြီးတော့ မေလ ၂၀ ရက်နေ့ နေ့လယ် ၁ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားတာ တွေ့ရပါတယ်။ စားဝတ်နေရေး အခက်အခဲ ကြုံတွေ့နေရတဲ့ ရွှေပြည်သာမှာရှိတဲ့ ကျူးကျော်ရပ်ကွက်တွေကို သွားရောက် လှူဒါန်းဦးမယ်လို့

ဝေဠုကျော်က ပြောပါတယ်။ “ဆိုက်ကားသမားတွေ ပြီးရင်တော့ ရွှေပြည်သာက ကျူးတွေဆီ သွားလှူဖို့ စဉ်းစားထားတယ်။ပိုနေသူများကလည်း လိုနေသူများကို ဝိုင်းဝန်းလှူဒါန်းပေးကြဖို့၊ ဆန်တစ်လုံးပဲဖြစ်ဖြစ်၊ဆန်တစ်ပြည်ပဲဖြစ်ဖြစ် ထည့်ဝင်လှူဒါန်းပေးဖို့ ၅၀၀/၁၀၀၀ ကအစ အလှူခံပါရစေ။ ဝေဠုကျော်ဖောင်ဒေးရှင်း” ဆိုပြီးတော့လည်း ဆက်လက် ရေးသားခဲ့ပါသေးတယ်။ သရုပ်ဆောင် ဝေဠုကျော် ဦးဆောင်တဲ့ ဝေဠုကျော်ဖောင်ဒေးရှင်းဟာ အခုလက်ရှိ COVID-19 ရောဂါ

ကာကွယ်ရေးအတွက် သံသယလူနာများ သယ်ယူပို့ဆောင်ခြင်း၊ ဆေးဖြန်းခြင်းများဆောင်ရွက်လျှက်ရှိပါတယ်။ အဲဒီနောက် အမှန်တကယ် လိုအပ်မှု ရှိနေတဲ့ နေရာဒေသတွေမှာလည်း စားနပ်ရိက္ခာတွေ လှူဒါန်းခဲ့တာ တွေ့ရပါတယ်။ မေလ(၁၇) ရက်နေ့တုန်းကလည်း နာဂဒေသအတွက် လိုအပ်တဲ့ ဆေးဝါးတွေကို ဝေဠုကျော် ဖောင်ဒေးရှင်းက လှူဒါန်းခဲ့တာ တွေ့ရပါတယ်။မေလ(၁၈) ရက်နေ့တုန်းကလည်း ဝေဠုကျော်နဲ့ နေထူးနိုင်တို့ ပူးပေါင်းကာ

လူကြမ်းသရုပ်ဆောင်များရဲ့ နေအိမ်အထိစားနပ်ရိက္ခာနဲ့ ငွေကြေးထောက်ပံ့မှုတွေ ကူညီခဲ့တာ တွေ့ရပါတယ်။ ဝေဠုကျော်ဟာ ပရိသတ်တွေ လေးစားအားကျရတဲ့ သရုပ်ဆောင် တစ်ဦးလည်း ဖြစ်ပါတယ်။ ဝေဠုကျော်ဟာ ၂၀၀၉ခုနှစ်ကစပြီး လူမှု အကျိုးပြုအလုပ်တွေကို လုပ်ကိုင်ဖို့ ဝေဠုကျော် ဖောင်ဒေးရှင်းကို စပြီး တည်ထောင်ဖြစ်ခဲ့တာပါ။ ဝေဠုကျော်က အနုပညာအလုပ်တွေ သာမက ပရဟိတအလုပ်တွေကိုပါ အားတတ်သရော ပါဝင်လှုပ်ရှားနေသူ တစ်ဦး ဖြစ်ပါတယ်။ အဲဒီနောက် လာကမ်းလှမ်းတဲ့ ရုပ်ရှင်ဇာတ်ကားတွေလည်း ရိုက်ကူးနေတယ်လို့ သိရပါတယ်။

Source : Cele YatKwat | Reference & Credit : Duwun

Add a Comment

Your email address will not be published. Required fields are marked *