လူတော်တော်များများ စိုးရိမ်နေကြတဲ့ ထက်ထက်မိုးဦးရဲ့ ကျန်းမာရေးအခြေအနေကို ပြောပြခဲ့တဲ့ ဒီဇိုင်နာ မျိုးမင်းစိုး
Read in UNICODE
ထက်ထက်မိုးဦးက အသက်အရွယ်တစ်ခု ရောက်ရှိလာချိန်မှာတော့ ကျန်းမာရေးချို့တဲ့လာခဲ့ပြီဖြစ်ပြီး သူမရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်း တော်တော်များများကို ခွဲစိတ်ထားရတာပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက ထက်ထက်မိုးဦးဟာ သူမရဲ့ကျန်းမာရေးအခြေအနေကို စိတ်ပျက်နေပြီး သေချင်နေပြီလို့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေခဲ့တဲ့အတွက်
ပရိသတ်တွေက စိုးရိမ်နေကြတာပဲ ဖြစ်ပါတယ်။ ထက်ထက်မိုးဦးနဲ့ ခင်မင်ရင်းနှီးရတဲ့ ဒီဇိုင်နာမျိုးမင်းစိုးက ထက်ထက်မိုးဦးကို စိုးရိမ်နေကြတဲ့ ပရိသတ်တွေအတွက် “ထက်ထက်ကိုစိုးရိမ်နေကြလို့ ကျန်တော့်ကိုခဏခဏမေးနေကြတဲ့ထက်ထက်ရဲ့ပရိတ်သတ်များ အခုပဲ ထက်ထက်နဲ့ ဗီဒီယို callပြောဖြစ်ပါတယ်။ ထက်ထက်ရဲ့ကျန်းမာရေး
အခြေအနေပြန်လည်သက်သာကောင်းမွန်လာပြီဖြစ်ပါတယ်လို့” ဆိုပြီး ပြောပြလာပါတယ်။ ထက်ထက်မိုးဦးကတော့ သူမရဲ့ ကျန်းမာရေးအခြေအနေ သက်သာနေပြီဖြစ်တယ်လို့ ဒီဇိုင်နာ မျိုးမင်းစိုးကို ဖွင့်ပြောခဲ့တာပဲ ဖြစ်ပါတယ်။ ထက်ထက်မိုးဦးကို စိုးရိမ်နေကြတဲ့ ပရိသတ်တွေလည်း ထက်ထက်မိုးဦးရဲ့ ကျန်းမာရေးအခြေအနေကိုသိရပြီး ဝမ်းသာကြမယ် ထင်ပါတယ်။
Source : Myo Min Soe’s Facebook
Add a Comment
Your email address will not be published. Required fields are marked *