ဆရာနီက ေမပ်ိဳျဖဴေလးကို ရက္စက္ေနတာေၾကာင့္ အရမ္းသနားေနပါၿပီဆိုတဲ့ သံသာမိုးသိမ့္
|ျပည္သူ႔အခ်စ္ေတာ္အႏုပညာရွင္ေတြထဲမွာ MRTV-4 မင္းသမီးေခ်ာေလး သံသာမိုးသိမ့္လည္းအပါအ၀င္ျဖစ္ပါတယ္။ သူမရဲ႕ခ်စ္စရာေကာင္းၿပီး သြက္လက္တဲ့အမူအရာေလးေတြေၾကာင့္လည္း ပရိတ္သတ္ေတြရဲ႕အားေပး၀န္းရံမႈရရွိထားတဲ့ မင္းသမီးေလးျဖစ္ပါတယ္။ ဒါ့ျပင္သူမဟာ

အႏုပညာေလာကထဲကိုေ႐ႊႀကိဳတစ္ေယာက္အေနနဲ႔ စတင္ၿပီး၀င္ေရာက္လာတာလည္းျဖစ္ပါတယ္။ သံသာမိုးသိမ့္ဟာ မေန႔ကျဖစ္သည္၊ကြၽန္မကမေဟသီစတဲ့ ဇာတ္လမ္းတြဲမ်ားနဲ႔စတင္ေအာင္ျမင္လာတာျဖစ္ၿပီး ကြၽန္မကမေဟသီဇာတ္လမ္းတြဲမွာလည္း

မိန္းမေခ်ာကာ႐ိုက္တာကိုပီျပင္စြာသ႐ုပ္ေဆာင္ႏိုင္တဲ့ သူလည္းျဖစ္ပါတယ္။ ဒါ့ျပင္အခုလက္ရွိျပသေနတဲ့ အခ်စ္ဖြဲ႕ေလညင္းဇာတ္လမ္းတြဲမွာလည္း သြက္လက္ၿပီးခပ္စြာစြာမိန္းကေလး ေမပ်ိဳျဖဴအေနနဲ႔ အေကာင္းဆုံးပါ၀င္သ႐ုပ္ေဆာင္ထားတာပါေနာ္။ သံသာမိုးသိမ့္ဟာ

႐ိုက္ကြင္းအမွတ္တရေလးေတြနဲ႔ tik tokဗီဒီယိုေလးေတြကို ပရိတ္သတ္အတြက္တင္ေပးေလ့ရွိပါတယ္။ မၾကာေသးမီကလည္း သူမရဲ႕Facebookစာမ်က္ႏွာမွာ “ေႏြးဇာျခည္ေမာင္ေလးေတာင္ ေမပ်ိဳျဖဴကိုသနားေနပီ” ဆိုတဲ့captionေလးနဲ႔

ပုံေတြတင္ေပးလာပါတယ္။ သူမဟာ ပရိတ္သတ္ေတြေရွ႕ကို ေနာက္ထပ္ကာ႐ိုက္တာအသစ္တစ္ခုအေနနဲ႔ လာဦးမဲ့အေၾကာင္းကိုလည္းေျပာထားတာပါ။ ပရိတ္သတ္ႀကီးအတြက္ သံသာမိုးသိမ့္ရဲ႕ဗီဒီယိုေလးကို ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္။
Read in UNICODE
ပြည်သူ့အချစ်တော်အနုပညာရှင်တွေထဲမှာ MRTV-4 မင်းသမီးချောလေး သံသာမိုးသိမ့်လည်းအပါအဝင်ဖြစ်ပါတယ်။ သူမရဲ့ချစ်စရာကောင်းပြီး သွက်လက်တဲ့အမူအရာလေးတွေကြောင့်လည်း ပရိတ်သတ်တွေရဲ့အားပေးဝန်းရံမှုရရှိထားတဲ့ မင်းသမီးလေးဖြစ်ပါတယ်။ ဒါ့ပြင်သူမဟာ

အနုပညာလောကထဲကိုရွှေကြိုတစ်ယောက်အနေနဲ့ စတင်ပြီးဝင်ရောက်လာတာလည်းဖြစ်ပါတယ်။ သံသာမိုးသိမ့်ဟာ မနေ့ကဖြစ်သည်၊ကျွန်မကမဟေသီစတဲ့ ဇာတ်လမ်းတွဲများနဲ့စတင်အောင်မြင်လာတာဖြစ်ပြီး ကျွန်မကမဟေသီဇာတ်လမ်းတွဲမှာလည်း

မိန်းမချောကာရိုက်တာကိုပီပြင်စွာသရုပ်ဆောင်နိုင်တဲ့ သူလည်းဖြစ်ပါတယ်။ ဒါ့ပြင်အခုလက်ရှိပြသနေတဲ့ အချစ်ဖွဲ့လေညင်းဇာတ်လမ်းတွဲမှာလည်း သွက်လက်ပြီးခပ်စွာစွာမိန်းကလေး မေပျိုဖြူအနေနဲ့ အကောင်းဆုံးပါဝင်သရုပ်ဆောင်ထားတာပါနော်။ သံသာမိုးသိမ့်ဟာ

ရိုက်ကွင်းအမှတ်တရလေးတွေနဲ့ tik tokဗီဒီယိုလေးတွေကို ပရိတ်သတ်အတွက်တင်ပေးလေ့ရှိပါတယ်။ မကြာသေးမီကလည်း သူမရဲ့Facebookစာမျက်နှာမှာ “နွေးဇာခြည်မောင်လေးတောင် မေပျိုဖြူကိုသနားနေပီ” ဆိုတဲ့captionလေးနဲ့

ပုံတွေတင်ပေးလာပါတယ်။ သူမဟာ ပရိတ်သတ်တွေရှေ့ကို နောက်ထပ်ကာရိုက်တာအသစ်တစ်ခုအနေနဲ့ လာဦးမဲ့အကြောင်းကိုလည်းပြောထားတာပါ။ ပရိတ်သတ်ကြီးအတွက် သံသာမိုးသိမ့်ရဲ့ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Source : Than Thar Moe Theint’s Facebook | Reference & Credit : Myanamrload