သူ့ရဲ့ အထီးကျန်လွန်းတဲ့ ဘဝထဲကို ကြင်နာသူလေးတစ်ယောက် ဝင်လာစေချင်တယ်ဆိုတဲ့ မူးလာ
Read in UNICODE
နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော် စောခရစ်မူးလာကိုတော့ ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်.။မူးလာကတော့သူ့ရဲ့ အနုပညာ အရည်အချင်းတွေကို ပြိုင်ပွဲဝင်စဉ်အချိန်မှာတည်းက အကောင်းဆုံးချပြကာ အားပေးတဲ့ အမာခံပရိသတ်တွေကို ရရှိခဲ့တဲ့သူပဲဖြစ်ပါတယ်.။ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကိုလည်း
အမိုက်စားတော်ကီလေးတွေနဲ့ သိမ်းပိုက်ထားသူလို့ ဆိုရင်လည်း မှားမယ် မထင်ပါဘူးနော်.။ ပြိုင်ပွဲဝင်နေတဲ့ အချိန်မှာတည်းက ပရိသတ်တွေရဲ့ အချစ်ရော ပြိုင်ပွဲဝင် သူငယ်ချင်းတွေရဲ့ ချစ်ခင် ရင်းနှီးမှုတွေကို ရရှိထားသူပါ.။အမြဲတမ်း ပျော်ပျော်နေတတ်ပြီး ရယ်မောစရာတွေကို ပြောတတ်တဲ့ မူးလာက သူ့ရဲ့ သူငယ်ချင်းတွေရဲ့ မွေးနေ့တိုင်းကို ဆေးထိုးကာ
မွေးနေ့ဆုတောင်းပေးတတ်သူဆိုလည်း မှားမယ်မထင်ပါဘူး.။ ပျော်ပျော်နေတတ်တဲ့ မူးလာက သူ့ရဲ့ ဘဝကို Single ဘဝနဲ့ ဖြတ်သန်းနေပြီး အခါအခွင့်သင့်တိုင်း ဈေးဗန်းခင်းတဲ့ စကားလေးတွေကို ရေးတင်ကာ စနောက်တတ်တဲ့သူပါ.။ ဒီနေ့ မေလ (၁၉)ရက်နေ့မှာလည်း မူးလာက “အော်……မတရားလိုက်တာများ..ဘဝထဲ Covid ကြီးဝင်လာလိုက် ပြန်တောင်မထွက်သေးဘူး.။ မုန်တိုင်းဝင်လာလိုက်နဲ့.။ ဘယ်တော့များမှ_ ငါ့ဘဝထဲ_ မင်းဝင်လာမှာ
လဲ_ ကြင်သူရယ်.။ P.s မမကြင်သူလား ညီမလေးကြင်သူလား ဝင်လာသင့်နေပြီနော်” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်။ မူးလာကတော့ အမိုက်စား စကားလေးတွေနဲ့ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကို ခြွေယူလိုက်ပြန်ပါပြီနေုာ်..ပရိသတ်ကြီး.။ ပရိသတ်ကြီးလည်း ချစ်တဲ့ ပရိသတ်တွေကို အမြဲစနောက်ကာ ဈေးဗန်းခင်း ကျွမ်းကျင်သူကြီး မူးလာကို အားပေးရင် မှတ်ချက်လေးတွေ ရေးပေးခဲ့ပါဦးနော်.။
Source : Saw Chris Mooelr’s Facebook
Add a Comment
Your email address will not be published. Required fields are marked *