သီချင်းအတူတူဆိုဖို့ ပြင်နေရင်း အားရပါးရ ရယ်နေကြကြတဲ့ နီနီခင်ဇော်တို သူငယ်ချင်း(၃)ယောက်
Read in UNICODE
သီချင်းဆိုပြိုင်ပွဲကနေ နာမည်ကြီးတဲ့ အဆိုတော် တွေဖြစ်လာတဲ့ ပရိသတ်တွေရဲ့ အချစ်တော် နီနီခင်ဇော်၊ ကျော်သီဟနဲ့ ရွှေရည်ဖြိုးမောင်တို့ကိုတော့ ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်.။ သူတို့(၃)ယောက်လုံးဟာ ပရိသတ်တွေရဲ့ အချစ်နဲ့ အားပေးမှုတွေကို ရရှိသိမ်းပိုက်ထားပြီး မတူညီတဲ့ အသံလေးတွေနဲ့ ပရိသတ်တွေရဲ့ အချစ်တော် အဆိုတော်လေးတွေပဲဖြစ်ပါတယ်။ သူတို့(၃)ယောက်လုံးဟာ
တစ်ပုဒ်ဆို တစ်ပုဒ်ဆိုသလောက်ကို ပရိသတ်တွေရဲ့ ရင်ထဲကို ရောက်အောင် သီဆိုနိုင်တဲ့ သူတွေဖြစ်ပြီး Melody World ပြိုင်ပွဲမှာ အတူတူ ပြိုင်ဖက်ကောင်းတွေအနေနဲ့ ယှဉ်ပြိုင်ကာ အကောင်းဆုံး အနုပညာရှင်အဆိုတော် တွေအဖြစ်နဲ့ရော အရင်းနှီးဆုံးသူငယ်ချင်း မိတ်ဆွေအနေနဲ့ ရင်းနှီးချစ်ခင်တဲ့ သူငယ်ချင်းတွေပဲဖြစ်ပါတယ်နော်..။ ဒီနေ့ မေလ (၁၉)ရက်နေ့မှာတော့ ကျော်သီဟက သူငယ်ချင်းဖြစ်သူ
နီနီခင်ဇော်၊ ရွှေရည်ဖြိုးမောင်တို့နဲ့အတူ “အဆင်ပြေပါတယ်”သီချင်းလေးကို အတူတူဆိုဖို့ ပြင်နေတဲ့ အချိန်မှာပဲ ဘယ်ကစဆိုရမှန်းမသိဖြစ်ကြတဲ့ အခိုက်အတန့် အခွီဗီဒီယိုဖိုင်လေးကို “အဆင်ပြေပါတယ် အခွီ Version ..KyawThiha ..NiNiKhinZaw ..ShweYiPhyoMaung” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.။ အမြဲတမ်း
ရင်းနှီးတဲ့ သူငယ်ချင်းတွေမို့ အတူတူ သီချင်းဆိုကြတဲ့ အခါမှာ မရည်ရွယ်ဘဲ ဖြစ်သွားတဲ့ ဟာသဆန်ဆန် အခိုက်အတန့်လေးကို မှတ်တမ်းတင်ထားတဲ့ ဗီဒီယိုဖိုင်လေးကို ပရိသတ်တွေအတွက် အမှတ်တရအနေနဲ့ တင်လာခဲ့တာပဲဖြစ်ပါတယ်နော်..ပရိသတ်ကြီး.။ ပရိသတ်ကြီးအတွက်လည်း ကျော်သီဟ၊ နီနီခင်ဇော်နဲ့ ရွှေရည်ဖြိုးမောင်တို့ရဲ့ အခွီဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေ ပေးလိုက်ပါတယ်နော်.။
Source : Nin Ni Khin Kyaw’s Facebook
Add a Comment
Your email address will not be published. Required fields are marked *