ပရိသတ်တွေ သဘောကျနေကြတဲ့ လင်ဗန်းနဲ့ ခေါင်းကိုရိုက်ကာ ဆော့ကစားနေကြတဲ့ ခင်လှိုင်တို့ မိသားစု


Read in UNICODE
ချစ်စရာကောင်းတဲ့ အသားအရည်လေးကို ရရှိပိုင်ဆိုင်ထားတာကြောင့် မြင်ရသူတိုင်းကို အံ့ဩငေးမောရလောက်အောင် ဆွဲဆောင်ထားသူကတော့ သရုပ်ဆောင် မင်းသမီးချောလေး သဇင်ထူးမြင့်ပဲ ဖြစ်ပါတယ်။ သူမဟာ ရွှေကြိုမှတစ်ဆင့် အနုပညာလောကထဲကို ထင်ရောက်လာသူပဲဖြစ်ပြီး ဖခင်ဖြစ်သူရဲ့ အနုပညာအမွေတွေကို ဆက်လက်တာဝန်ယူ

လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ အနုပညာလောကကို ဝင်ရောက်တာ မကြာသေးပင်မယ့်လည်း ပရိသတ်တွေရဲ့ လက်ခံအားပေးမှုများစွာကို ရရှိထားတာလည်း ဖြစ်ပါတယ်။ သဲဟာ ကြော်ငြာတွေနဲ့ ရုပ်သံဇာတ်လမ်းတွဲတစ်ခုကိုလည်း လက်ခံရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အကိုဖြစ်သူ နေရဲ ၊ သူငယ်ချင်းတွေ ဖြစ်ကြတဲ့ မင်းခန့်ကို၊ မင်းခန့်ညီတို့ အမြွှာညီအစ်ကိုနှစ်ယောက်နဲ့အတူ Dream Creat Do
ဆိုတဲ့ Facebook Page လေးထောင်ကာ ဂိမ်းလေးတွေနဲ့ သူတို့ရဲ့ လှုပ်ရှားမှုတွေတိုင်းကို အမြဲမပြတ် တင်ဆက်ပေးလျက်ရှိနေတာပဲ ဖြစ်ပါတယ်။ အခုမှာလည်း ဒီ Page လေးမှ တစ်ဆင့် ဗီဒီယိုလေး တစ်ခု တင်ဆက်ပေးလိုက်ပြန်ပါပြီနော်။ ဒါကတော့ ” ဒီဂိမ်းလေးက မိသားစုတွေ အရမ်းဆော့နေကြတဲ့ဂိမ်းလေးပါ

DCD teamကလည်း ဘယ်လိုမျိုးလေးဆော့ထားလဲဆိုတာ ကြည့်လိုက်နော် အားလုံးနဲ့မတွေ့ရတာလည်းကြာပြီမို့ အလွမ်းပြေလေးပေါ့….” ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ကလေးတွေကိုလင်ဗန်းနဲ့ခေါင်းကိုရိုက်ကာ ပျော်ပျော်ပါးပါး Game ကစားနေတဲ့ ခင်လှိုင်တို့မိသားစုလေးရဲ့ဗီဒီယိုလေးကို တင်ဆက်အေးလိုက် ရပါတယ်နော်။
Source : Thazin Htoo Myint & Dream Creat Do’s Facebook | Reference & Credit : Myanmarload