မိုးရာသီမွာ Covid-19 အျပင္ တုပ္ေကြးလဲျဖစ္ႏိုင္တာေၾကာင့္ ကာကြယ္ေဆးထိုးၾကဖို႔ တိုက္တြန္းခဲ့တဲ့ ေနျခည္ဦး

မင္းသမီးေနျခည္ဦးကိုေတာ့ ပရိသတ္ႀကီးလည္း ခ်စ္ခင္ ရင္းနွီးၿပီးသားျဖစ္မယ္ ထင္ပါတယ္ေနာ္.။ ေနျခည္ဦးဟာ အနုပညာေလာကထဲကို မဝင္ရေသးခင္ Beauty Blogger အေနနဲ႕ ေအာင္ျမင္မႈေတြကို ရရွိခဲ့ၿပီး သူမရဲ႕ မိမိုက္လြန္းတဲ့ ဖက္ရွင္အျမင္နဲ႕ ဝတ္စားမႈေတြဟာ မိန္းကေလး ပရိသတ္ေတြၾကားမွာ ေရပန္စားတဲ့သူပဲျဖစ္ပါတယ္.။ အနုပညာထဲကို အသစ္တစ္ေယာက္အေနနဲ႕ ေရာက္ရွိခဲ့ေပမယ့္ ဘယ္အရာမဆို ႀကိဳးစားလုပ္ေဆာင္တတ္တဲ့ ေနျခည္ဦးဟာ သူမသရုပ္ေဆာင္တဲ့ ကာရိုက္တာတိုင္းအတြက္ အေသးစိတ္ကအစ

ေသခ်ာ ျပင္ဆင္ကာ သရုပ္ေဆာင္တတ္သူပါ.။ အျမဲတမ္း ကိုယ့္ကိုယ္ကို ယံုၾကည္မႈ အျပည့္နဲ႕ သူမလုပ္ခ်င္တဲ့ အရာတိုင္းကို ျဖစ္ေအာင္ ႀကိဳးစားကာ ေဝဖန္မႈေတြကို ျပဳျပင္ရင္း သူမခ်စ္တဲ့ပရိသတ္ေတြနဲ႕အတူ အနုပညာလမ္းေၾကာင္းေပၚကို ရဲရဲရင့္ရင့္ ေလ်ွာက္လွမ္းေနသူဆိုလည္း မွားမယ္ မထင္ပါဘူး..။ လက္ရွိ မွာ ပ်ံ႕နွံ႕ေနတဲ့ ေရာဂါပိုးေၾကာင့္ အိမ္မွာေနရတဲ့ အခ်ိန္ေလးမွာလည္း အက်ိဳးရွိေအာင္ ေနထိုင္ကာ ေလ့က်င့္ခန္းေလးေတြ လုပ္ေဆာင္နိုင္မယ့္ နည္းလမ္းေလးေတြကို

သူမရဲ႕ လူမႈကြန္ရက္စာမ်က္နွာေပၚမွာ မွ်ေဝတင္ေလ့ရွိသူပါ။ ဒီေန႕ ေမလ (၁၉)ရက္ေန႕မွာေတာ့ ခ်ီခ်ီက “Covid19 အေျခအေနေၾကာင့္ က်န္းမာေရးကို အင္မတန္ ဂ႐ုစိုက္ေနရတဲ့အခ်ိန္မွာ 2020 မိုးရာသီ flu ကိုလည္း ေၾကာက္ရတာေပါ့။ flu shot ေတြဒီႏွစ္အတြက္ ထိုးၿပီးၾကၿပီလား chillies ?? ေနျခည္တို႔ family တစ္ခုလုံးေတာ့ ထိုးၿပီးၾကၿပီ၊ ေက်ာင္းေနဘက္သူငယ္ခ်င္း Pyae Sone ကအခုဆရာဝန္ႀကီးျဖစ္ေနၿပီဆိုေတာ့ သူကိုယ္တိုင္ဘဲ လာ

ထိုးေပးသြားတယ္။ thank you so much sharing is caring ပါ chillies ..” ဆုိၿပီး သူမရဲ႕ လူမႈကြန္ရက္စာမ်က္နွာေပၚမွာ တင္လာခဲ့ပါတယ္.။ မိုးရာသီလည္း ေရာက္လာၿပီမို႕ ကိုယ္တိုင္လည္း တုပ္ေကြး ကာကြယ္ေဆး ထိုးၿပီးသလို ပရိသတ္ေတြအတြက္လည္း ကာကြယ္ေဆးထိုးၾကဖို႕ တိုက္တြန္းထားတာပဲျဖစ္ပါတယ္ေနာ္..ပရိသတ္ႀကီး.။ ပရိသတ္ႀကီးလည္း ပရိသတ္ေတြအတြက္ အေကာင္းဆံုးေတြကိုသာ ညႊန္ေပးေနတဲ့ ေနျခည္ဦးကို အားေပးခ်စ္ခင္ ရင္ မွတ္ခ်က္ေလးေတြ ေရးေပးခဲ့ပါဦးေနာ္.။

Read in UNICODE

မင်းသမီးနေခြည်ဦးကိုတော့ ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်.။ နေခြည်ဦးဟာ အနုပညာလောကထဲကို မဝင်ရသေးခင် Beauty Blogger အနေနဲ့ အောင်မြင်မှုတွေကို ရရှိခဲ့ပြီး သူမရဲ့ မိမိုက်လွန်းတဲ့ ဖက်ရှင်အမြင်နဲ့ ဝတ်စားမှုတွေဟာ မိန်းကလေး ပရိသတ်တွေကြားမှာ ရေပန်စားတဲ့သူပဲဖြစ်ပါတယ်.။ အနုပညာထဲကို အသစ်တစ်ယောက်အနေနဲ့ ရောက်ရှိခဲ့ပေမယ့် ဘယ်အရာမဆို ကြိုးစားလုပ်ဆောင်တတ်တဲ့ နေခြည်ဦးဟာ သူမသရုပ်ဆောင်တဲ့ ကာရိုက်တာတိုင်းအတွက် အသေးစိတ်ကအစ

သေချာ ပြင်ဆင်ကာ သရုပ်ဆောင်တတ်သူပါ.။ အမြဲတမ်း ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်နဲ့ သူမလုပ်ချင်တဲ့ အရာတိုင်းကို ဖြစ်အောင် ကြိုးစားကာ ဝေဖန်မှုတွေကို ပြုပြင်ရင်း သူမချစ်တဲ့ပရိသတ်တွေနဲ့အတူ အနုပညာလမ်းကြောင်းပေါ်ကို ရဲရဲရင့်ရင့် လျှောက်လှမ်းနေသူဆိုလည်း မှားမယ် မထင်ပါဘူး..။ လက်ရှိ မှာ ပျံ့နှံ့နေတဲ့ ရောဂါပိုးကြောင့် အိမ်မှာနေရတဲ့ အချိန်လေးမှာလည်း အကျိုးရှိအောင် နေထိုင်ကာ လေ့ကျင့်ခန်းလေးတွေ လုပ်ဆောင်နိုင်မယ့် နည်းလမ်းလေးတွေကို

သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ မျှဝေတင်လေ့ရှိသူပါ။ ဒီနေ့ မေလ (၁၉)ရက်နေ့မှာတော့ ချီချီက “Covid19 အခြေအနေကြောင့် ကျန်းမာရေးကို အင်မတန် ဂရုစိုက်နေရတဲ့အချိန်မှာ 2020 မိုးရာသီ flu ကိုလည်း ကြောက်ရတာပေါ့။ flu shot တွေဒီနှစ်အတွက် ထိုးပြီးကြပြီလား chillies ?? နေခြည်တို့ family တစ်ခုလုံးတော့ ထိုးပြီးကြပြီ၊ ကျောင်းနေဘက်သူငယ်ချင်း Pyae Sone ကအခုဆရာဝန်ကြီးဖြစ်နေပြီဆိုတော့ သူကိုယ်တိုင်ဘဲ လာ

ထိုးပေးသွားတယ်။ thank you so much sharing is caring ပါ chillies ..” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.။ မိုးရာသီလည်း ရောက်လာပြီမို့ ကိုယ်တိုင်လည်း တုပ်ကွေး ကာကွယ်ဆေး ထိုးပြီးသလို ပရိသတ်တွေအတွက်လည်း ကာကွယ်ဆေးထိုးကြဖို့ တိုက်တွန်းထားတာပဲဖြစ်ပါတယ်နော်..ပရိသတ်ကြီး.။ ပရိသတ်ကြီးလည်း ပရိသတ်တွေအတွက် အကောင်းဆုံးတွေကိုသာ ညွှန်ပေးနေတဲ့ နေခြည်ဦးကို အားပေးချစ်ခင် ရင် မှတ်ချက်လေးတွေ ရေးပေးခဲ့ပါဦးနော်.။

Source : Nay Chi Oo’s Facebook

Add a Comment

Your email address will not be published. Required fields are marked *