EPC ရဲ့ မီတာခ မှားယွင်းကောက်ခံတာကို ကိုယ်တိုင်ကြုံတွေ့နေရလို့ စိတ်ဆိုးနေတဲ့ မြတ်ရတနာကျော်
Read in UNICODE
မြတ်ရတနာကျော်ကတော့ တနေ့တခြားပိုပိုလှလာတဲ့ သူလေးဆိုတာ ငြင်းနိုင်မယ်မထင်ပါဘူးနော်။ အဆိုတော် Ah Boyနဲ့ လက်ထပ်ပြီးနောက် အနုပညာအလုပ်တွေကိုရပ်နားခဲ့တာဖြစ်ပြီး သမီးလေး Scarlettဖြိုးထွန်းလေးကို ရရှ်ပိုင်ဆိုင်ထားကာ ပျော်ရွှင်သာယာတဲ့အိမ်ထောင်ရေးကိုပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ တစ်သားမွေးတစ်သွေးလှလာတဲ့
မြတ်ရတနာကျော်ကတော့ ကလေးအမေလို့တောင်ထင်ရက်လောက်စရာမရှိအောင် ပိုပိုလှလာတာအမှန်ပါပဲနော်။ အိမ်ထောင်သက် (၂)နှစ်ကျော် ရှိခဲ့ပေမယ့် ခင်ပွန်းဖြစ်သူ Ah Boy ရဲ့ သည်းသည်းလှုပ်အချစ်ခံရကာ ခင်ပွန်းနဲ့အတူ ” Our Travel Diaries ” ဆိုတဲ့ Page လေးနဲ့ Vlog လေးတွေ ပြုလုပ်လျက်ရှိပါနေတာပါ။ ဒီနေ့မှာတော့
မြတ်ရတနာကျော်တစ်ယောက် သူမရဲ့လူမှူကွန်ရက်စာမျက်နှာမှာ”တောင်ကြီး အိမ်မှာ အဘိုးအဘွား နဲ့မောင်လေးပဲ ရှိတာကို ၁၇၀၀၀၀ ကျပြန်ပီ ဒီလ လည်းအိမ်မှာက aircon လည်း မရှိ , boiler လည်း မသုံး , ထမင်း၊ဟင်း က အဒေါ်အိမ်က
ချက်ပို့တော့ အိမ်မှာ မီးက TV ကြည့်တာနဲ့ မီးထွန်းတာလောက်ပဲ သုံးတာကို ၁လ လည်း မဟုတ် ၂လ လည်း မဟုတ် တော်တော် စိတ်ဆိုးနေပါပြီ “ဆိုကာ EPCရဲ့မီတာခတွေမှားယွင်းကောက်ခံနေမှုကို ပေါက်ကွဲနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးထဲမှာရော မြတ်ရတနာကျော်နဲ့အဖြစ်တူနေတဲ့သူတွေရှိရင်မှတ်ချက်ပေးခဲ့ပါဦးနော်။
Source : Myat Yadanar’s Facebook
Add a Comment
Your email address will not be published. Required fields are marked *