အသက္(၇၂)ႏွစ္ရွိၿပီျဖစ္ၿပီး အသိစိတ္ရွိေသးတဲ့အခ်ိန္မွာ ေကာင္းမႈကုသိုလ္ေတြ လုပ္ခ်င္ေသးတယ္ဆိုတဲ့ မိုးဒီ

မိုးဒီကေတာ့ အရင္တုန္းက ဟာသျပက္လုံးေတြ အတူတူေျပာခဲ့ၾကတဲ့ ေမာ့စ္ နဲ႔ ကင္းေကာင္တို႔ကို သတိရေနေသးတယ္လို႔ ေျပာျပလာပါတယ္။ “အရင္တုန္းက႐ိုက္ခဲ့တဲ့ ဇာတ္ကားေတြ၊ ဟာသေတြ ျပန္ၾကည့္ရင္ ေမာ့စ္ တို႔ ကင္းေကာင္တို႔က အၿမဲ သတိရတာေပါ့။ သူတို႔ကို ၾကည့္ၿပီး ေၾသာ္.. ငါမေသေသးဘူး။ သူတို႔လို မျဖစ္ေအာင္ ေစာေစာမကြယ္လြန္ရေလေအာင္ ႀကိဳးစားမယ္ဆိုတဲ့ စိတ္ေလးထားၿပီး မွတ္တယ္။ ဘဘက ေသမွာ မေၾကာက္ဘူး။ ဘာေၾကာင့္လဲဆိုေတာ့

ေကာင္းတာေတြအမ်ားႀကီး လုပ္ခဲ့တာျဖစ္တဲ့အတြက္ ေသသြားလည္း မေကာင္းတဲ့ေနရာ မေရာက္ႏိုင္ဘူးလို႔ ထင္တယ္ေလ။ မေသလည္း မေသခ်င္ေသးဘူး။ အသိေလး ရွိတဲ့ အတြက္ ကုသိုလ္ေတြ လိုခ်င္ေသးတယ္” ဆိုၿပီးေတာ့ Shwe Series မ်ား မိတ္ဆက္ပြဲမွာ ေျဖဆိုခဲ့တာပါ။ မိုးဒီ ဟာ အခုဆိုရင္ အသက္ (၇၂) ႏွစ္အ႐ြယ္ရွိၿပီျဖစ္ပါတယ္။ သူ႔အေနနဲ႔ ပရိသတ္အတြက္ ဟာသေလးေတြ ေျပာျဖစ္ေနေသးတယ္လို႔လည္း သူကဆိုပါတယ္။ “ အရင္လို ဟာသေလးေတြလည္း ဘဘ ေျပာႏိုင္ပါေသးတယ္။ သက္ႀကီး

အၿငိမ့္ အေနနဲ႔ လူႀကီးေတြနဲ႔ တြဲၿပီး ကတယ္။ ပြဲေတြလည္း လိုက္ကပါေသးတယ္။ အခုဆိုရင္ ဘဘ ေျမးေလးကလည္း ယဥ္ေက်းမႈ တကၠသိုလ္ ဇာတ္သဘင္ဌာနကေန ဘြဲ႕ရၿပီးၿပီ။ ကေလးေတြ ေက်ာင္းစုံညီပြဲေတာ္တို႔ ဘာတို႔ဆိုရင္ သူအက လိုက္သင္ေပးတာေတြရွိတယ္” လို႔ ဆက္လက္ ေျပာျပလာပါတယ္။ မိုးဒီဟာ ” ဆူးပန္းေခြ ႏြယ္ဘယက္ႏွင့္ ေပ႐ြက္လိပ္ နားေတာင္းဆင္” ႐ုပ္သံဇာတ္လမ္းတြဲကို ႐ိုက္ကူးခဲ့ၿပီးျဖစ္သလို ႐ုပ္သံလိုင္းေတြမွာလည္း ထုတ္လႊင့္ျပသခဲ့ၿပီးျဖစ္ပါတယ္။ သူဟာ ဒီဇာတ္ကားကို ပုပၸါးမွာ ႐ိုက္ကူးေနရင္း

အေမာေဖာက္ခဲ့တာေၾကာင့္ ရန္ကုန္ကို ျပန္လာၿပီး ေဆးကုသမႈ ခံယူခဲ့သူျဖစ္ပါတယ္။ က်န္းမာေရး မေကာင္းေပမယ့္လည္း ဝါသနာပါတဲ့ အႏုပညာအလုပ္ကို မစြန႔္လႊတ္ႏိုင္ေသးတဲ့ ဟာသသ႐ုပ္ေဆာင္ လူ႐ႊင္ေတာ္ႀကီးျဖစ္ပါတယ္။ သူဟာ ၂၀၀၇ ခုႏွစ္တုန္းက “ကိုးဆယ္ဆ သာလိမ့္မယ္” ဆိုတဲ့ ႐ုပ္ရွင္ဇာတ္ကားႀကီးနဲ႔ အေကာင္းဆုံး အမ်ိဳးသားဇာတ္ပို႔ဆုကို ရရွိခဲ့သူျဖစ္ပါတယ္။ မိုးဒီကိုေတာ့ လူ႐ႊင္ေတာ္

တစ္ေယာက္အျဖစ္ အၿငိမ့္၊ ျပဇာတ္ ေတြကေနတဆင့္ ပရိသတ္ေတြ စတင္အားေပးခဲ့ၾကတာပါ။ အဲဒီေနာက္ ဇာတ္ကားေတြလည္း ႐ိုက္ကူးလာခဲ့ရပါတယ္။ တီဗီေၾကာ္ျငာေတြလည္း အမ်ားႀကီး ႐ိုက္ကူးထားသူတစ္ေယာက္ပါ။ သူ႔ရဲ႕ အႏုပညာသက္တမ္းကလည္း ႏွစ္ေပါင္း ၄၀ ေက်ာ္ ရွိၿပီျဖစ္ပါတယ္။ သူ႔ရဲ႕ အႏုပညာမ်ိဳးစက္အေနနဲ႔ သားျဖစ္သူ လူ႐ႊင္ေတာ္ ဟာသသ႐ုပ္ေဆာင္ ေကာင္းစံ ကလည္း ပရိသတ္အားေပးမႈေတြ ရရွိထားတဲ့ ဟာသပညာရွင္တစ္ေယာက္ပါ။

Read in UNICODE

မိုးဒီကတော့ အရင်တုန်းက ဟာသပြက်လုံးတွေ အတူတူပြောခဲ့ကြတဲ့ မော့စ် နဲ့ ကင်းကောင်တို့ကို သတိရနေသေးတယ်လို့ ပြောပြလာပါတယ်။ “အရင်တုန်းကရိုက်ခဲ့တဲ့ ဇာတ်ကားတွေ၊ ဟာသတွေ ပြန်ကြည့်ရင် မော့စ် တို့ ကင်းကောင်တို့က အမြဲ သတိရတာပေါ့။ သူတို့ကို ကြည့်ပြီး သြော်.. ငါမသေသေးဘူး။ သူတို့လို မဖြစ်အောင် စောစောမကွယ်လွန်ရလေအောင် ကြိုးစားမယ်ဆိုတဲ့ စိတ်လေးထားပြီး မှတ်တယ်။ ဘဘက သေမှာ မကြောက်ဘူး။ ဘာကြောင့်လဲဆိုတော့

ကောင်းတာတွေအများကြီး လုပ်ခဲ့တာဖြစ်တဲ့အတွက် သေသွားလည်း မကောင်းတဲ့နေရာ မရောက်နိုင်ဘူးလို့ ထင်တယ်လေ။ မသေလည်း မသေချင်သေးဘူး။ အသိလေး ရှိတဲ့ အတွက် ကုသိုလ်တွေ လိုချင်သေးတယ်” ဆိုပြီးတော့ Shwe Series များ မိတ်ဆက်ပွဲမှာ ဖြေဆိုခဲ့တာပါ။ မိုးဒီ ဟာ အခုဆိုရင် အသက် (၇၂) နှစ်အရွယ်ရှိပြီဖြစ်ပါတယ်။ သူ့အနေနဲ့ ပရိသတ်အတွက် ဟာသလေးတွေ ပြောဖြစ်နေသေးတယ်လို့လည်း သူကဆိုပါတယ်။ “ အရင်လို ဟာသလေးတွေလည်း ဘဘ ပြောနိုင်ပါသေးတယ်။ သက်ကြီး

အငြိမ့် အနေနဲ့ လူကြီးတွေနဲ့ တွဲပြီး ကတယ်။ ပွဲတွေလည်း လိုက်ကပါသေးတယ်။ အခုဆိုရင် ဘဘ မြေးလေးကလည်း ယဉ်ကျေးမှု တက္ကသိုလ် ဇာတ်သဘင်ဌာနကနေ ဘွဲ့ရပြီးပြီ။ ကလေးတွေ ကျောင်းစုံညီပွဲတော်တို့ ဘာတို့ဆိုရင် သူအက လိုက်သင်ပေးတာတွေရှိတယ်” လို့ ဆက်လက် ပြောပြလာပါတယ်။ မိုးဒီဟာ ” ဆူးပန်းခွေ နွယ်ဘယက်နှင့် ပေရွက်လိပ် နားတောင်းဆင်” ရုပ်သံဇာတ်လမ်းတွဲကို ရိုက်ကူးခဲ့ပြီးဖြစ်သလို ရုပ်သံလိုင်းတွေမှာလည်း ထုတ်လွှင့်ပြသခဲ့ပြီးဖြစ်ပါတယ်။ သူဟာ ဒီဇာတ်ကားကို ပုပ္ပါးမှာ ရိုက်ကူးနေရင်း

အမောဖောက်ခဲ့တာကြောင့် ရန်ကုန်ကို ပြန်လာပြီး ဆေးကုသမှု ခံယူခဲ့သူဖြစ်ပါတယ်။ ကျန်းမာရေး မကောင်းပေမယ့်လည်း ဝါသနာပါတဲ့ အနုပညာအလုပ်ကို မစွန့်လွှတ်နိုင်သေးတဲ့ ဟာသသရုပ်ဆောင် လူရွှင်တော်ကြီးဖြစ်ပါတယ်။ သူဟာ ၂၀၀၇ ခုနှစ်တုန်းက “ကိုးဆယ်ဆ သာလိမ့်မယ်” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုကို ရရှိခဲ့သူဖြစ်ပါတယ်။ မိုးဒီကိုတော့ လူရွှင်တော်

တစ်ယောက်အဖြစ် အငြိမ့်၊ ပြဇာတ် တွေကနေတဆင့် ပရိသတ်တွေ စတင်အားပေးခဲ့ကြတာပါ။ အဲဒီနောက် ဇာတ်ကားတွေလည်း ရိုက်ကူးလာခဲ့ရပါတယ်။ တီဗီကြော်ငြာတွေလည်း အများကြီး ရိုက်ကူးထားသူတစ်ယောက်ပါ။ သူ့ရဲ့ အနုပညာသက်တမ်းကလည်း နှစ်ပေါင်း ၄၀ ကျော် ရှိပြီဖြစ်ပါတယ်။ သူ့ရဲ့ အနုပညာမျိုးစက်အနေနဲ့ သားဖြစ်သူ လူရွှင်တော် ဟာသသရုပ်ဆောင် ကောင်းစံ ကလည်း ပရိသတ်အားပေးမှုတွေ ရရှိထားတဲ့ ဟာသပညာရှင်တစ်ယောက်ပါ။

Source : Cele YatKwat | Reference & Credit : Duwun

Add a Comment

Your email address will not be published. Required fields are marked *