ရိုက်ကွင်းနောက်ကွယ်က ဇာတ်ဝင်ခန်းပုံရိပ်တချို့ကို ပရိသတ်တွေအတွက် မျှဝေခဲ့တဲ့ ခန့်
Read in UNICODE
မင်းသမီးချောလေး ခန့် ကတော့ အနုပညာနယ်ပယ်မှာ ပရိသတ်တွေရဲ့ ချစ်ခင်မှုတွေကို အပြည့်အဝရရှိနေပြီလည်းဖြစ်ပါတယ်။ သူမကတော့ လတ်တလော MRTV-4 မှာ ထုတ်လွှင်ပြသနေတဲ့” အချစ်ဖွဲ့လေညင်း ” ရုပ်သံဇာတ်လမ်းတွဲထဲမှာ ရှေးအဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသမီးချောလေးပဲဖြစ်ပါတယ်။ လက်ရှိမှာ ယင်းဇာတ်လမ်းတွဲလေးကလည်း
ပရိသတ်တွေကြားမှာ ရေပန်းစား အားပေးကြိုက်နှစ်ခဲ့တဲ့ ရုပ်သံဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။ ခန့်ကတော့ အသားရည်လေးတွေကလည်းဖြူဖွေးနုဖက်လွန်းနေပြီး တစ်မျိုးလေးလှသွေး ကြွယ်ကာ စကားပြောရင်လည်း ချစ်စရာကောင်းနေတာကြောင့် ပရိသတ်တွေ ချစ်အားပိုနေရတဲ့သူလေးပဲဖြစ်ပါတယ်။ မင်းသမီးချောလေး
ခန့်က မကြာခဏဆိုသလို ချစ်စရာ tik tok ဗီဒီယိုလေးကိုတင်ပေးလေ့ရှိသလို ယခုတစ်ခါမှာလည်း “အချစ်ဖွဲ့လေညင်း ” ဇာတ်လမ်းရဲ့ရိုက်ကွင်းနောက်ကွယ်က အမှတ်တရလေးတွေကိုပရိသတ်တွေအတွက် မျှဝေလာခဲ့ပါတယ်။ ဒီပုံရိပ်လေးတွေထဲမှာ
ဇာတ်ဝင်ခန်းအတွက် ဒိုင်ယာလော့ဖတ်နေတဲ့ ခန့် ရဲ့ ချစ်စရာပုံရိပ်လေးတွေကတော့ ပရိသတ်တွေချစ်အားပိုစေမှာ အမှန်ပါနော်…။ ဒီပုံလေးတွေနဲ့လည်း ခန့် က” ကျေးဇူးတရားက လူကို သိပ်ကိုမွန်းကြပ်စေတာပဲမေမေရယ် ” ဇာတ်ဝင်ခန်းလေးနဲ့
ပတ်သက်တဲ့ ဒိုင်ယာလော့လေးကိုလည်း ရေးသားထားပါသေးတယ်။ ကဲ..ချစ်ပရိသတ်တွေလည်း အချစ်တော်လေး ခန့် ကို ဒီထပ်မကပိုပြီး အောင်မြင်မှုတွေရရှိအောင် ဆုမွန်ကောင်းတောင်းပေးလိုက်ပါဦးနော်…။
Source : Khant Thiri Zaw’s Facebook | Reference & Credit : Myanmarload
Add a Comment
Your email address will not be published. Required fields are marked *