မိဘေတြရဲ႕ ဆံုးမသြန္သင္မႈေတြကို အၿမဲနာခံတယ္ဆိုတဲ့ ေနရဲ

ေနရဲကေတာ့ သ႐ုပ္ေဆာင္ ခင္လႈိင္ရဲ႕ သားတစ္ေယာက္ျဖစ္ပါတယ္။ သားသမီးေတြ အေပၚ သူငယ္ခ်င္းသဖြယ္ ေပါင္းသင္းတတ္တဲ့ မိဘႏွစ္ပါးေၾကာင့္ ဘာပဲလုပ္လုပ္ ေၾကာက္စိတ္မရွိပဲ အၿမဲတိုင္ပင္တယ္လို႔ ေနရဲက အင္တာဗ်ဴးမွာ ေျဖဆိုခဲ့ပါတယ္။ “ ကြၽန္ေတာ္တို႔ မိသားစုမွာက အေဖ့ရဲ႕ သြန္သင္ဆုံးမမႈေရာ၊ အေမ့ရဲ႕ သြန္သင္ဆုံးမ မႈေရာ ကို အကုန္လုံးက နာခံတယ္။ ၿပီးေတာ့ အေဖ အေမ ဆိုတာထက္ အကုန္လုံးက သူငယ္ခ်င္းလို၊ ေမာင္ႏွမလို ေပါင္းသင္းဆက္ဆံေရးျဖစ္တာ ေၾကာင့္ ကြၽန္ေတာ္တို႔မွာ

အရမ္းလြတ္လပ္တယ္။ တစ္ခုခု တိုင္ပင္ခ်င္တယ္ဆိုရင္ ေတာင္မွ ကြၽန္ေတာ္တို႔မွာ ေၾကာက္တဲ့ စိတ္က နည္းတယ္။ ကိုယ္လုပ္လိုက္တဲ့ အရာတိုင္း အေဖ့ကို အၿမဲတိုင္ပင္တာျဖစ္တဲ့အတြက္ အမွားနည္းတယ္၊ အမွားကင္းတာေပါ့” ဆိုၿပီးေတာ့ Shwe Series မိတ္ဆက္ပြဲကို တက္ေရာက္ရင္း ေျဖဆိုခဲ့ပါေသးတယ္။ေနရဲဟာ အရက္၊ ဘီယာ ေသာက္တာက အစ ဖခင္ျဖစ္သူ ခင္လႈိင္ရဲ႕ ခြင့္ျပဳခ်က္ရမွ ေသာက္တယ္လို႔ ဆိုပါတယ္။ “ အေဖက ငယ္ငယ္ကတည္းက

ကြၽန္ေတာ္တို႔ကို လြတ္လြတ္လပ္လပ္ ေပးေနတယ္။ တစ္ခုခု လုပ္မယ္ဆိုလည္း ေပၚတင္ေျပာ၊ ခိုးမလုပ္နဲ႔ သူမ်ားေျပာမွ သိရတာကို မႀကိဳက္ဘူး အေဖက။ အလုပ္အားတဲ့အခ်ိန္ သူငယ္ခ်င္းေတြနဲ႔ သြားတယ္၊ ေသာက္တယ္ ဆိုရင္လည္း အေဖ့ကို ခြင့္ေတာင္းတယ္။ အခုေတာ့ အေဖက ဘီယာေတာ့ ေသာက္ခြင့္ေပးတယ္။ အရက္ေတာ့ မေသာက္ဘူး။ ေသာက္ရင္လည္း ရံဖန္ ရံခါ

ေသာက္တာေလာက္ပဲ ခြင့္ျပဳတာပါ” လို႔ ဆက္လက္ ေျပာျပလာပါတယ္။ေနရဲကေတာ့ သ႐ုပ္ေဆာင္ အလုပ္ကို တစိုက္မတ္မတ္ ေဆာင္႐ြက္လာရၿပီျဖစ္ပါတယ္။ သူတစ္ေယာက္တည္းျဖစ္ေစ၊ ဖခင္ျဖစ္သူနဲ႔ ျဖစ္ေစ ႐ုပ္ရွင္ဇာတ္ကားေတြ၊ ဇာတ္လမ္းတြဲေတြ ႐ိုက္ကူးေနရသူပါ။ ေနရဲကိုေတာ့ အက္ရွင္ဇာတ္ကား၊ အခ်စ္ဒရာမာ ဇာတ္ကားေတာ္ေတာ္မ်ားမ်ားမွာ ေတြ႕ရတတ္ပါတယ္။ သူဟာ ပရိသတ္အခ်စ္ေတာ္မေလး သဇင္ထူးျမင့္ရဲ႕ အစ္ကိုအရင္းတစ္ေယာက္လည္းျဖစ္ပါတယ္။

Read in UNICODE

နေရဲကတော့ သရုပ်ဆောင် ခင်လှိုင်ရဲ့ သားတစ်ယောက်ဖြစ်ပါတယ်။ သားသမီးတွေ အပေါ် သူငယ်ချင်းသဖွယ် ပေါင်းသင်းတတ်တဲ့ မိဘနှစ်ပါးကြောင့် ဘာပဲလုပ်လုပ် ကြောက်စိတ်မရှိပဲ အမြဲတိုင်ပင်တယ်လို့ နေရဲက အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ “ ကျွန်တော်တို့ မိသားစုမှာက အဖေ့ရဲ့ သွန်သင်ဆုံးမမှုရော၊ အမေ့ရဲ့ သွန်သင်ဆုံးမ မှုရော ကို အကုန်လုံးက နာခံတယ်။ ပြီးတော့ အဖေ အမေ ဆိုတာထက် အကုန်လုံးက သူငယ်ချင်းလို၊ မောင်နှမလို ပေါင်းသင်းဆက်ဆံရေးဖြစ်တာ ကြောင့် ကျွန်တော်တို့မှာ

အရမ်းလွတ်လပ်တယ်။ တစ်ခုခု တိုင်ပင်ချင်တယ်ဆိုရင် တောင်မှ ကျွန်တော်တို့မှာ ကြောက်တဲ့ စိတ်က နည်းတယ်။ ကိုယ်လုပ်လိုက်တဲ့ အရာတိုင်း အဖေ့ကို အမြဲတိုင်ပင်တာဖြစ်တဲ့အတွက် အမှားနည်းတယ်၊ အမှားကင်းတာပေါ့” ဆိုပြီးတော့ Shwe Series မိတ်ဆက်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့ပါသေးတယ်။နေရဲဟာ အရက်၊ ဘီယာ သောက်တာက အစ ဖခင်ဖြစ်သူ ခင်လှိုင်ရဲ့ ခွင့်ပြုချက်ရမှ သောက်တယ်လို့ ဆိုပါတယ်။ “ အဖေက ငယ်ငယ်ကတည်းက

ကျွန်တော်တို့ကို လွတ်လွတ်လပ်လပ် ပေးနေတယ်။ တစ်ခုခု လုပ်မယ်ဆိုလည်း ပေါ်တင်ပြော၊ ခိုးမလုပ်နဲ့ သူများပြောမှ သိရတာကို မကြိုက်ဘူး အဖေက။ အလုပ်အားတဲ့အချိန် သူငယ်ချင်းတွေနဲ့ သွားတယ်၊ သောက်တယ် ဆိုရင်လည်း အဖေ့ကို ခွင့်တောင်းတယ်။ အခုတော့ အဖေက ဘီယာတော့ သောက်ခွင့်ပေးတယ်။ အရက်တော့ မသောက်ဘူး။ သောက်ရင်လည်း ရံဖန် ရံခါ

သောက်တာလောက်ပဲ ခွင့်ပြုတာပါ” လို့ ဆက်လက် ပြောပြလာပါတယ်။နေရဲကတော့ သရုပ်ဆောင် အလုပ်ကို တစိုက်မတ်မတ် ဆောင်ရွက်လာရပြီဖြစ်ပါတယ်။ သူတစ်ယောက်တည်းဖြစ်စေ၊ ဖခင်ဖြစ်သူနဲ့ ဖြစ်စေ ရုပ်ရှင်ဇာတ်ကားတွေ၊ ဇာတ်လမ်းတွဲတွေ ရိုက်ကူးနေရသူပါ။ နေရဲကိုတော့ အက်ရှင်ဇာတ်ကား၊ အချစ်ဒရာမာ ဇာတ်ကားတော်တော်များများမှာ တွေ့ရတတ်ပါတယ်။ သူဟာ ပရိသတ်အချစ်တော်မလေး သဇင်ထူးမြင့်ရဲ့ အစ်ကိုအရင်းတစ်ယောက်လည်းဖြစ်ပါတယ်။

Source : Cele YatKwat | Reference & Credit : Duwun

Add a Comment

Your email address will not be published. Required fields are marked *