ဘက်စုံတော်တဲ့ ဇနီးဖြစ်သူကို ပိုင်ဆိုင်ထားတာကြောင့် အရမ်းပျော်နေတဲ့ နေမျိုးအောင်
Read in UNICODE
တစ်ချိန်တစ်ခါက နာမည်ကျော်ကြားလူကြိုက်များခဲ့တဲ့ သရုပ်ဆောင် မင်းသားကြီး နေမျိုးအောင် ကတော့ အကြမ်း၊အနု ဇာတ်စုံရတဲ့ သူတစ်ယောက်ပါနော်။ နေမျိုးအောင်က ဗီဒီယို ဇာတ်ကားအတော်များများမှာ ပါဝင်သရုပ်ဆောင်ရင်း ပီပြင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်တွေရဲ့ ရင်ထဲမှာ ယခုချိန်ထိတိုင် စွဲနေတဲ့ သူဆိုရင်လည်း မမှားနိုင်ပါဘူးနော် ။ သူက
အနုပညာလှုပ်ရှားမှုတွေကို သိပ့်မလုပ်ဖြစ်တော့ပေမယ့် ပရိသတ်တွေကတော့ တခဲနက်အားပေးလျက်ရှိနေတာပဲ ဖြစ်ပါတယ်……။ မကြာခဏဆိုသလို သူရဲ့ လှုပ်ရှားမှုပုံရိပ်တွေကို လူမှုကွန်ယက် စာမျက်နှာထက်မှာ တင်ပေးလေ့ရှိနေတာကြောင့် ပရိသတ်တွေကလည်း စောင့်မျှော်အားနေကြတာပဲ ဖြစ်ပါတယ် ။ နေမျိုးအောင်က
ယခုလက်ရှိ စကားဝါမြေဖြစ်တဲ့ ပုပ္ပါးမှာနေထိုင်နေပြီး ” နေမင်းသား” ဟိုတယ်ကိုလည်း ဖွင့်လှစ်ထားပါသေးတယ်။ သီးပင်၊စားပင်တွေနဲ့ ပန်းမန်တွေကို စိုက်ပျိုးရင်း သူချစ်ရတဲ့ မိသားစုတွေနဲ့အတူ နွေးထွေးပျော်ရွှင်စွာ နေထိုင်နေတာလည်း
ဖြစ်ပါတယ်…..။ မကြာသေးမီအချိန်က နေမျိုးအောင်ရဲ့ ဇနီးက ” ပျင်းလို့ ကိုယ်တိုင်ချုပ်ထားတာလေးတွေ တင်မယ်နော် ဂါဝန် စကပ် မိန်းကလေးတိုင်းတက်သင့်တဲ့ပညာ လက်ရာကဘယ်လိုလည်း” ဆိုတဲ့ စာသားလေးနဲ့အတူ လှပတဲ့ ပွဲတက် ဂါဝန်လေးတွေဝတ်ဆင်ကာ
နှစ်ယောက်သား ချစ်စရာကောင်းစွာဓာတ်ဖမ်းထားတဲ့ ပုံလေးတွေကို တင်ပေးလါတာပဲ ဖြစ်ပါတယ်။ ပုံလေးတွေတိုင်းက ကြည်နှုးစရာကောင်းပြီး လိုက်ဖက်ညီညီ နဲ့ အရမ်းချစ်စရာကောင်းနေတာကြောင့် ချစ်ပရိသတ်တွေ ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်…… ။
Source : Nay Myo Aung’sFacebook | Reference & Credit : Myanmarload
Add a Comment
Your email address will not be published. Required fields are marked *