ထူးေအာင္ရဲ႕ ခႏၶာကိုယ္အခ်ိဳးအစားကို အားက်ခဲ့ဖူးတယ္ဆိုတဲ့ ညီထြဋ္ေခါင္

ညီထြဋ္ေခါင္ရဲ႕ ခႏၶာကိုယ္အခ်ိဳးအစားကေတာ့ အရင္တုန္းကနဲ႔ မတူပဲ ပိုၿပီးေတာင့္ တင္း လာတာေတြ႕ရပါတယ္။ သူ႔ရဲ႕ ေျပာင္းလဲမႈေတြကိုၾကည့္ၿပီး ခြန္အားျဖစ္ခဲ့တဲ့ ပရိသတ္ေတြေၾကာင့္ ဝမ္းသာမိတယ္လို႔လည္း အင္တာဗ်ဴးမွာ ေျဖဆိုခဲ့ပါတယ္။ “ သူမ်ားထက္ ပိုၿပီးေတာ့ ထူးျခားခ်င္ရင္ သူမ်ားထက္ပိုၿပီးေတာ့ ႀကိဳးစားရတာေပါ့ေနာ္။ ကြၽန္ေတာ္ အရမ္းျဖစ္ခ်င္တဲ့ ပုံစံက အခုလို ခႏၶာကိုယ္ပါ ဒါေပမယ့္ (၂) ႏွစ္၊ (၃) ႏွစ္ေလာက္ ႀကိဳးစားခဲ့တယ္ မျဖစ္ခဲ့ဘူး။ အခုမွ ျဖစ္တာပါ။ ကြၽန္ေတာ့္ရဲ႕ ေျပာင္းလဲမႈကို ဓာတ္ပုံတင္လိုက္တုန္းက ခြန္အားရခဲ့တဲ့သူေတြလည္း

ရွိပါတယ္။ ဒါေၾကာင့္ အျပင္မွာ သူတို႔နဲ႔ေတြ႕ရင္လည္း ကိုယ္က ဓာတ္ပုံထဲက အတိုင္းျဖစ္ေအာင္ ထိန္းသိမ္းရမွာေလ။ ကြၽန္ေတာ့္ရဲ႕ ႂကြက္သားေတြက ႏုပါေသးတယ္။ ဒီ့ထက္ပိုၿပီးေတာ့ မာေအာင္ ဆက္ကစားရဦးမွာပါ” လို႔ သူကဆိုပါတယ္။ညီထြဋ္ေခါင္ကေတာ့ ထူးေအာင္ရဲ႕ ခႏၶာကိုယ္အခ်ိဳးအစားေတြကို အားက်ခဲ့ဖူးတယ္လို႔ဆိုပါတယ္။ ထူးေအာင္ရဲ႕ GYM ကို သြားၿပီး ေသခ်ာႀကိဳးစားခဲ့တာေၾကာင့္ ရက္(၆၀) အတြင္းမွာ အခုလို ျဖစ္ခဲ့တယ္လို႔လည္း သူက

ေျပာပါတယ္။ “ ဒီခႏၶာကိုယ္ရလာေတာ့ ကြၽန္ေတာ့္ကိုယ္ ကြၽန္ေတာ္လည္း ေတာ္ေတာ္အံ့ၾသသြားပါတယ္။ ငါ လုပ္ႏိုင္ပါတယ္ေပါ့။ ထူးေအာင္ တို႔ Gym ကိုေရာက္သြားတဲ့အခ်ိန္မွာ သူတို႔ရဲ႕ ခႏၶာကိုယ္အခ်ိဳးအစားေတြကို အားက်တယ္ဆိုေတာ့ သူတို႔နဲ႔ တိုင္ပင္ၿပီး စနစ္တက်ကစားရမယ့္ပုံစံ၊ စားရမယ့္ ပုံစံေတြကို ေသခ်ာသင္ေပးတယ္။ ဒီခႏၶာကိုယ္ျဖစ္ဖို႔အတြက္ ကိုယ္အရမ္းႀကိဳက္တဲ့ အစားအေသာက္ေတြလည္း ျဖတ္ခဲ့ရတယ္၊ ကိုယ္လုပ္ခ်င္တာေတြ မလုပ္ရဘူး၊

သူငယ္ခ်င္းေတြနဲ႔ အျပင္သြားရင္ေတာင္ ကိုယ္စားရမယ့္ အစားအေသာက္ေလးေတြ ထည့္သြားရတာဆိုေတာ့ ေတာ္ေတာ္ေတာ့ ခံစားရပါတယ္။” လို႔ Shwe Series မိတ္ဆက္ပြဲကို တက္ေရာက္ရင္း ေျဖဆိုခဲ့ပါတယ္။ ညီထြဋ္ေခါင္ကိုေတာ့ ဗီဒီယိုဇာတ္ကား၊ တီဗီေၾကာ္ျငာေတြကေန တဆင့္ ပရိသတ္ေတြ စတင္အားေပးလာၾကတာပါ။ အခုဆိုရင္ေတာ့

ပရိသတ္အခိုင္အမာနဲ႔ ရပ္တည္ေနၿပီျဖစ္တဲ့ သ႐ုပ္ေဆာင္ တစ္ေယာက္ျဖစ္လို႔ေနပါၿပီ။ သူဟာ ဗီဒီယိုဇာတ္ကားေတြ အမ်ားအျပား႐ိုက္ကူးထားတာ ေတြ႕ရသလို အခုဆိုရင္ေတာ့ ႐ုပ္ရွင္ကားႀကီးေတြလည္း ႐ိုက္ကူးလာရၿပီျဖစ္ပါတယ္။ COVID-19 ကာလမတိုင္ခင္မွာေတာ့ ဒါ႐ိုက္တာ ကိုေပါက္႐ိုက္ကူးတဲ့ “အပ်ိဳေယာင္ည” ဆိုတဲ့ ႐ုပ္ရွင္ဇာတ္ကားႀကီးထဲမွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့ပါေသးတယ္။

Read in UNICODE

ညီထွဋ်ခေါင်ရဲ့ ခန္ဓာကိုယ်အချိုးအစားကတော့ အရင်တုန်းကနဲ့ မတူပဲ ပိုပြီးတောင့် တင်း လာတာတွေ့ရပါတယ်။ သူ့ရဲ့ ပြောင်းလဲမှုတွေကိုကြည့်ပြီး ခွန်အားဖြစ်ခဲ့တဲ့ ပရိသတ်တွေကြောင့် ဝမ်းသာမိတယ်လို့လည်း အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ “ သူများထက် ပိုပြီးတော့ ထူးခြားချင်ရင် သူများထက်ပိုပြီးတော့ ကြိုးစားရတာပေါ့နော်။ ကျွန်တော် အရမ်းဖြစ်ချင်တဲ့ ပုံစံက အခုလို ခန္ဓာကိုယ်ပါ ဒါပေမယ့် (၂) နှစ်၊ (၃) နှစ်လောက် ကြိုးစားခဲ့တယ် မဖြစ်ခဲ့ဘူး။ အခုမှ ဖြစ်တာပါ။ ကျွန်တော့်ရဲ့ ပြောင်းလဲမှုကို ဓာတ်ပုံတင်လိုက်တုန်းက ခွန်အားရခဲ့တဲ့သူတွေလည်း

ရှိပါတယ်။ ဒါကြောင့် အပြင်မှာ သူတို့နဲ့တွေ့ရင်လည်း ကိုယ်က ဓာတ်ပုံထဲက အတိုင်းဖြစ်အောင် ထိန်းသိမ်းရမှာလေ။ ကျွန်တော့်ရဲ့ ကြွက်သားတွေက နုပါသေးတယ်။ ဒီ့ထက်ပိုပြီးတော့ မာအောင် ဆက်ကစားရဦးမှာပါ” လို့ သူကဆိုပါတယ်။ညီထွဋ်ခေါင်ကတော့ ထူးအောင်ရဲ့ ခန္ဓာကိုယ်အချိုးအစားတွေကို အားကျခဲ့ဖူးတယ်လို့ဆိုပါတယ်။ ထူးအောင်ရဲ့ GYM ကို သွားပြီး သေချာကြိုးစားခဲ့တာကြောင့် ရက်(၆၀) အတွင်းမှာ အခုလို ဖြစ်ခဲ့တယ်လို့လည်း သူက

ပြောပါတယ်။ “ ဒီခန္ဓာကိုယ်ရလာတော့ ကျွန်တော့်ကိုယ် ကျွန်တော်လည်း တော်တော်အံ့သြသွားပါတယ်။ ငါ လုပ်နိုင်ပါတယ်ပေါ့။ ထူးအောင် တို့ Gym ကိုရောက်သွားတဲ့အချိန်မှာ သူတို့ရဲ့ ခန္ဓာကိုယ်အချိုးအစားတွေကို အားကျတယ်ဆိုတော့ သူတို့နဲ့ တိုင်ပင်ပြီး စနစ်တကျကစားရမယ့်ပုံစံ၊ စားရမယ့် ပုံစံတွေကို သေချာသင်ပေးတယ်။ ဒီခန္ဓာကိုယ်ဖြစ်ဖို့အတွက် ကိုယ်အရမ်းကြိုက်တဲ့ အစားအသောက်တွေလည်း ဖြတ်ခဲ့ရတယ်၊ ကိုယ်လုပ်ချင်တာတွေ မလုပ်ရဘူး၊

သူငယ်ချင်းတွေနဲ့ အပြင်သွားရင်တောင် ကိုယ်စားရမယ့် အစားအသောက်လေးတွေ ထည့်သွားရတာဆိုတော့ တော်တော်တော့ ခံစားရပါတယ်။” လို့ Shwe Series မိတ်ဆက်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့ပါတယ်။ ညီထွဋ်ခေါင်ကိုတော့ ဗီဒီယိုဇာတ်ကား၊ တီဗီကြော်ငြာတွေကနေ တဆင့် ပရိသတ်တွေ စတင်အားပေးလာကြတာပါ။ အခုဆိုရင်တော့

ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေပြီဖြစ်တဲ့ သရုပ်ဆောင် တစ်ယောက်ဖြစ်လို့နေပါပြီ။ သူဟာ ဗီဒီယိုဇာတ်ကားတွေ အများအပြားရိုက်ကူးထားတာ တွေ့ရသလို အခုဆိုရင်တော့ ရုပ်ရှင်ကားကြီးတွေလည်း ရိုက်ကူးလာရပြီဖြစ်ပါတယ်။ COVID-19 ကာလမတိုင်ခင်မှာတော့ ဒါရိုက်တာ ကိုပေါက်ရိုက်ကူးတဲ့ “အပျိုယောင်ည” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါသေးတယ်။

Source : Cele YatKwat | Reference & Credit : Duwun

Add a Comment

Your email address will not be published. Required fields are marked *