ဘုန္းလွ်ံကို ေထာင္ကထြက္လာၿပီးေနာက္ လမ္းမွားမေရာက္ေစခ်င္ေတာ့ဘူးဆိုတဲ့ ခန္႔စည္သူ

ခန႔္စည္သူကေတာ့ ဘုန္းလွ်ံ ေထာင္က ထြက္လာတဲ့ အခ်ိန္မွာ စိတ္အားမငယ္ေစဖို႔ အားေပးစကားေတြ ေျပာခဲ့တယ္လို႔ ဆိုပါတယ္။ သူ႔အတြက္ ခြန္အားျဖစ္ေစဖို႔ကိုလည္း အလႉေတြလုပ္တိုင္း အၿမဲ ေခၚတယ္လို႔ ေျဖဆိုခဲ့ပါတယ္။ “ ဘုန္းလွ်ံကေတာ့ ကြၽန္ေတာ့္ရဲ႕ ညီတစ္ေယာက္လိုပါပဲ။ လမ္းမွားသြားတယ္။ လမ္းမွားသြားတဲ့အခ်ိန္မွာ သူ႔အျပစ္ကို သူ ခံယူၿပီးသြားၿပီ။ သူ႔ကိုလည္း ကြၽန္ေတာ္ ေျပာပါတယ္ ဘုန္းလွ်ံ.. ညီေလး လူတစ္ေယာက္က ကိုယ့္အမွားကို မွားမွန္းသိသြားရင္ အမွန္ျဖစ္သြားၿပီ။ အခုခ်ိန္မွာ မီဒီယာေတြ၊ အင္တာဗ်ဴးေတြကို မေရွာင္နဲ႔ ဒဲ့ေျပာ၊ ရင္ထဲမွာရွိတာ ဒဲ့ေျဖ၊ ငါတို႔

လုပ္တဲ့ အလႉမွာလည္း သတၱိရွိရွိ လာပူးေပါင္းေပါ့။ သူ ေထာင္က ထြက္လာေတာ့ ဖုန္းဆက္တယ္။ အားေပးစကားေတြ ေျပာခဲ့တယ္။ ဟိုးအရင္တုန္းကတည္းကလည္း ကိုယ့္ညီတစ္ေယာက္လို သတ္မွတ္ထားတာပါ။ သူ႔ကိုလည္း အခုခ်ိန္မွာ လက္တြဲေခၚပါတယ္။” လို႔ သူကဆိုပါတယ္။ ဘုန္းလွ်ံဟာ ေထာင္ကထြက္လာၿပီးတဲ့ အခ်ိန္မွာ အမွားကို ျပင္ႏိုင္ခဲ့ၿပီလို႔လည္း ခန႔္စည္သူက ေျပာပါတယ္။ ေနာက္ထပ္ အမွားေတြလည္း ထပ္မျဖစ္ေစခ်င္ေတာ့ဘူးလို႔ သူက ဆိုပါတယ္။ “ သူ႔ကို ျဖစ္ေစခ်င္တာကေတာ့ အခု လမ္းေၾကာင္းအမွန္ကို ျပန္ေရာက္လာတဲ့အခ်ိန္မွာ အမွားရဲ႕ ခါးသီးမႈကို သူသိသြားၿပီ။ ျပန္လည္း

မမွားေစခ်င္ေတာ့ဘူး။ သူ႔ရဲ႕ အမွားေၾကာင့္ အျပင္မွာရွိတဲ့ သူ႔အေမရဲ႕ ဘဝလည္း ေပးဆပ္လိုက္ရၿပီ။ သေဘာက အေမ ဆုံးပါးသြားတာကိုလည္း သူမျမင္လိုက္ရဘူးေပါ့။ သူ႔မွာ အေဖရွိေသးတဲ့အတြက္ ထပ္မမွားေစခ်င္ေတာ့ဘူး။ က်န္ေနေသးတဲ့ မိဘကို ေကာင္းေကာင္းမြန္မြန္လုပ္ေကြၽး၊ မိဘဆိုတာ သက္ရွိ ဘုရားပဲေလ။ ဒါေၾကာင့္ ကိုယ္က လုပ္ႏိုင္ကိုင္ႏိုင္တုန္းအ႐ြယ္မွာ မိဘေက်းဇူးဆပ္ပါလို႔ေတာ့ မွာထားပါတယ္” လို႔ သူကဆိုပါတယ္။ ဘုန္းလွ်ံဟာ မူးယစ္ေဆးဝါးမႈနဲ႔

အျပစ္ဒဏ္(၇) ႏွစ္ ေပးဆပ္ၿပီးေနာက္၂၀၂၀ခုႏွစ္၊ ႏွစ္ဆန္းတစ္ရက္ ေန႔မွာ ႏိုင္ငံေတာ္ရဲ႕ လြတ္ၿငိမ္းခ်မ္းသာခြင့္နဲ႔ ျပန္လည္လြတ္ေျမာက္လာခဲ့တာ ျဖစ္ပါတယ္။ သူဟာ ကြယ္လြန္သြားၿပီျဖစ္တဲ့ မိခင္အတြက္ ရည္စူးၿပီး အလိုေတာ္ျပည့္ ဘုန္းႀကီးေက်ာင္းမွာ ေမလ (၆) ရက္ေန႔မွ ေမလ(၁၇) ရက္ေန႔အထိ (၁၁) ရက္အၾကာ သာသနာ့ေဘာင္ထဲ ဝင္ခဲ့တာ ေတြ႕ရပါတယ္။ အခုဆိုရင္ေတာ့ သ႐ုပ္ေဆာင္ ခန႔္စည္သူရဲ႕ အလႉအတန္းေတြမွာ ပါဝင္ကူညီေနတာကိုလည္း ေတြ႕ရပါတယ္။ ခန႔္စည္သူဟာ

အလႉအတန္းနဲ႔ ပတ္သက္လာရင္ သီဟသုဓမၼမဏိေဇာတဓရ၊ အဘိဓမၼဓရ အကယ္ဒမီ ခန႔္စည္သူဆိုတဲ့ ဘြဲ႕ကို လည္း ရရွိထား သူျဖစ္ပါတယ္။ သူဟာ ႐ုပ္ရွင္ကားႀကီးေတြလည္း ဆက္တိုက္႐ိုက္ကူးေနရတာျဖစ္သလို သြားေရာက္႐ိုက္ကူးတဲ့ နယ္ၿမိဳ႕ေတြမွာလည္း အၿမဲတမ္း အလႉအတန္းေတြ လုပ္ခဲ့တာကို ေတြ႕ရပါတယ္။ ခန႔္စည္သူဟာ ပရဟိတအလုပ္ေတြမွာသာမက၊ ဘုရားတည္၊ ေက်ာင္းေဆာက္ စတဲ့ အလႉေတြလည္း လုပ္ေဆာင္ခဲ့သူ ျဖစ္ပါတယ္။

Read in UNICODE

ခန့်စည်သူကတော့ ဘုန်းလျှံ ထောင်က ထွက်လာတဲ့ အချိန်မှာ စိတ်အားမငယ်စေဖို့ အားပေးစကားတွေ ပြောခဲ့တယ်လို့ ဆိုပါတယ်။ သူ့အတွက် ခွန်အားဖြစ်စေဖို့ကိုလည်း အလှူတွေလုပ်တိုင်း အမြဲ ခေါ်တယ်လို့ ဖြေဆိုခဲ့ပါတယ်။ “ ဘုန်းလျှံကတော့ ကျွန်တော့်ရဲ့ ညီတစ်ယောက်လိုပါပဲ။ လမ်းမှားသွားတယ်။ လမ်းမှားသွားတဲ့အချိန်မှာ သူ့အပြစ်ကို သူ ခံယူပြီးသွားပြီ။ သူ့ကိုလည်း ကျွန်တော် ပြောပါတယ် ဘုန်းလျှံ.. ညီလေး လူတစ်ယောက်က ကိုယ့်အမှားကို မှားမှန်းသိသွားရင် အမှန်ဖြစ်သွားပြီ။ အခုချိန်မှာ မီဒီယာတွေ၊ အင်တာဗျူးတွေကို မရှောင်နဲ့ ဒဲ့ပြော၊ ရင်ထဲမှာရှိတာ ဒဲ့ဖြေ၊ ငါတို့

လုပ်တဲ့ အလှူမှာလည်း သတ္တိရှိရှိ လာပူးပေါင်းပေါ့။ သူ ထောင်က ထွက်လာတော့ ဖုန်းဆက်တယ်။ အားပေးစကားတွေ ပြောခဲ့တယ်။ ဟိုးအရင်တုန်းကတည်းကလည်း ကိုယ့်ညီတစ်ယောက်လို သတ်မှတ်ထားတာပါ။ သူ့ကိုလည်း အခုချိန်မှာ လက်တွဲခေါ်ပါတယ်။” လို့ သူကဆိုပါတယ်။ ဘုန်းလျှံဟာ ထောင်ကထွက်လာပြီးတဲ့ အချိန်မှာ အမှားကို ပြင်နိုင်ခဲ့ပြီလို့လည်း ခန့်စည်သူက ပြောပါတယ်။ နောက်ထပ် အမှားတွေလည်း ထပ်မဖြစ်စေချင်တော့ဘူးလို့ သူက ဆိုပါတယ်။ “ သူ့ကို ဖြစ်စေချင်တာကတော့ အခု လမ်းကြောင်းအမှန်ကို ပြန်ရောက်လာတဲ့အချိန်မှာ အမှားရဲ့ ခါးသီးမှုကို သူသိသွားပြီ။ ပြန်လည်း

မမှားစေချင်တော့ဘူး။ သူ့ရဲ့ အမှားကြောင့် အပြင်မှာရှိတဲ့ သူ့အမေရဲ့ ဘဝလည်း ပေးဆပ်လိုက်ရပြီ။ သဘောက အမေ ဆုံးပါးသွားတာကိုလည်း သူမမြင်လိုက်ရဘူးပေါ့။ သူ့မှာ အဖေရှိသေးတဲ့အတွက် ထပ်မမှားစေချင်တော့ဘူး။ ကျန်နေသေးတဲ့ မိဘကို ကောင်းကောင်းမွန်မွန်လုပ်ကျွေး၊ မိဘဆိုတာ သက်ရှိ ဘုရားပဲလေ။ ဒါကြောင့် ကိုယ်က လုပ်နိုင်ကိုင်နိုင်တုန်းအရွယ်မှာ မိဘကျေးဇူးဆပ်ပါလို့တော့ မှာထားပါတယ်” လို့ သူကဆိုပါတယ်။ ဘုန်းလျှံဟာ မူးယစ်ဆေးဝါးမှုနဲ့

အပြစ်ဒဏ်(၇) နှစ် ပေးဆပ်ပြီးနောက်၂၀၂၀ခုနှစ်၊ နှစ်ဆန်းတစ်ရက် နေ့မှာ နိုင်ငံတော်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့တာ ဖြစ်ပါတယ်။ သူဟာ ကွယ်လွန်သွားပြီဖြစ်တဲ့ မိခင်အတွက် ရည်စူးပြီး အလိုတော်ပြည့် ဘုန်းကြီးကျောင်းမှာ မေလ (၆) ရက်နေ့မှ မေလ(၁၇) ရက်နေ့အထိ (၁၁) ရက်အကြာ သာသနာ့ဘောင်ထဲ ဝင်ခဲ့တာ တွေ့ရပါတယ်။ အခုဆိုရင်တော့ သရုပ်ဆောင် ခန့်စည်သူရဲ့ အလှူအတန်းတွေမှာ ပါဝင်ကူညီနေတာကိုလည်း တွေ့ရပါတယ်။ ခန့်စည်သူဟာ

အလှူအတန်းနဲ့ ပတ်သက်လာရင် သီဟသုဓမ္မမဏိဇောတဓရ၊ အဘိဓမ္မဓရ အကယ်ဒမီ ခန့်စည်သူဆိုတဲ့ ဘွဲ့ကို လည်း ရရှိထား သူဖြစ်ပါတယ်။ သူဟာ ရုပ်ရှင်ကားကြီးတွေလည်း ဆက်တိုက်ရိုက်ကူးနေရတာဖြစ်သလို သွားရောက်ရိုက်ကူးတဲ့ နယ်မြို့တွေမှာလည်း အမြဲတမ်း အလှူအတန်းတွေ လုပ်ခဲ့တာကို တွေ့ရပါတယ်။ ခန့်စည်သူဟာ ပရဟိတအလုပ်တွေမှာသာမက၊ ဘုရားတည်၊ ကျောင်းဆောက် စတဲ့ အလှူတွေလည်း လုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။

Source : Cele YatKwat | Reference & Credit : Duwun

Add a Comment

Your email address will not be published. Required fields are marked *