Mask မရွိတဲ့သူေတြအတြက္ ေျခအိတ္နဲ႔အလြယ္တကူလုပ္မယ့္နည္းေလးကို မွ်ေဝခဲ့တဲ့ ေနထူးႏိုင္ရဲ႕ ဇနီး

ျမသင္းျခယ္ကေတာ့ Covid-19 Stay Home ကာလကို မိသားစုနဲ႔ပဲ ေပ်ာ္႐ႊင္စြာေနထိုင္ရင္း ျဖတ္သန္းေနပါတယ္။ အႏုပညာဝါသနာတူ ပါရမီျဖည့္ဘက္လို႔ဆိုရမယ့္ ခင္ပြန္းျဖစ္သူေနထူးႏိုင္နဲ႔ ခ်စ္စရာသားေလးႏွစ္ေယာက္တို႔ကို အထူးအဆန္းေလးေတြခ်က္ျပဳတ္ေကြၽးရင္း မားျခယ္ရဲ႕ ရမ္းသမ္းလက္ရာဆိုၿပီးေတာ့လည္း

ခ်က္စားျဖစ္တဲ့ဟင္းလ်ာေလးေတြကို မွ်ေဝေပးလ်က္ရွိပါတယ္။ ဒီေန႔မွာေတာ့ အျပင္သြားဖို႔ Mask အဆင္သင့္မရွိတဲ့အခါ မားျခယ္ရဲ႕ရမ္းသမ္းလုပ္တာေလးကို ၾကည့္ပါဆိုၿပီးေတာ့ ေျခအိတ္ကေန အလြယ္တကူ Mask လုပ္လို႔ရေၾကာင္း ကိုယ္တိုင္လုပ္ျပထားတဲ့

ဗြီဒီယိုေလးကို မွ်ေဝခဲ့ပါတယ္။ အခုခ်ိန္မွာေတာ့ ျပည္သူတစ္ရပ္လုံး Covid-19 ကိုစည္းကမ္းတက်ကာကြယ္ႏိုင္ဖို႔အတြက္ Mask မတပ္ဘဲ အျပင္ထြက္ရင္ ဒဏ္ေငြေဆာင္ရမွာ ျဖစ္ပါတယ္။ တတ္ႏိုင္သူေတြကေတာ့ Mask တစ္ခုကို (၃၀၀-၅၀၀) က်ပ္ၾကားေပးဝယ္တပ္ေနသလို

ေငြေၾကးမတတ္ႏိုင္သူေတြကေတာ့ ပိတ္ Mask ေလးေတြတပ္ေနခ်ိန္လည္း ျဖစ္ပါတယ္။ မားျခယ္ရဲ႕နည္းလမ္းေလးကေတာ့ ေျခအိတ္ေဈးနည္းတဲ့တစ္စုံဆို (၅၀၀)(၁၀၀၀) ေလာက္ေပး႐ုံနဲ႔ Mask ႏွစ္ခုရမွာျဖစ္ၿပီး ႐ုတ္တရက္အျပင္ထြက္ဖို႔ Mask မရွိခ်ိန္မ်ိဳးမွာလည္း

အဆင္ေျပမယ့္နည္းလမ္းေလး ျဖစ္မွာပါ။ Covid-19 ဗိုင္းရပ္စ္ပိုးကို ကာကြယ္ဖို႔အတြက္ ပိုးသတ္ထားတဲ့ Mask ေတြသုံးတာကေတာ့ အေကာင္းဆုံးျဖစ္ေပမယ့္ လိုအပ္ရင္ အလြယ္တကူျပဳလုပ္ႏိုင္ဖို႔ မားျခယ္ရဲ႕နည္းလမ္းေလးကို မွ်ေဝေပးလိုက္ပါတယ္ေနာ္။

Read in UNICODE

မြသင်းခြယ်ကတော့ Covid-19 Stay Home ကာလကို မိသားစုနဲ့ပဲ ပျော်ရွှင်စွာနေထိုင်ရင်း ဖြတ်သန်းနေပါတယ်။ အနုပညာဝါသနာတူ ပါရမီဖြည့်ဘက်လို့ဆိုရမယ့် ခင်ပွန်းဖြစ်သူနေထူးနိုင်နဲ့ ချစ်စရာသားလေးနှစ်ယောက်တို့ကို အထူးအဆန်းလေးတွေချက်ပြုတ်ကျွေးရင်း မားခြယ်ရဲ့ ရမ်းသမ်းလက်ရာဆိုပြီးတော့လည်း

ချက်စားဖြစ်တဲ့ဟင်းလျာလေးတွေကို မျှဝေပေးလျက်ရှိပါတယ်။ ဒီနေ့မှာတော့ အပြင်သွားဖို့ Mask အဆင်သင့်မရှိတဲ့အခါ မားခြယ်ရဲ့ရမ်းသမ်းလုပ်တာလေးကို ကြည့်ပါဆိုပြီးတော့ ခြေအိတ်ကနေ အလွယ်တကူ Mask လုပ်လို့ရကြောင်း ကိုယ်တိုင်လုပ်ပြထားတဲ့

ဗွီဒီယိုလေးကို မျှဝေခဲ့ပါတယ်။ အခုချိန်မှာတော့ ပြည်သူတစ်ရပ်လုံး Covid-19 ကိုစည်းကမ်းတကျကာကွယ်နိုင်ဖို့အတွက် Mask မတပ်ဘဲ အပြင်ထွက်ရင် ဒဏ်ငွေဆောင်ရမှာ ဖြစ်ပါတယ်။ တတ်နိုင်သူတွေကတော့ Mask တစ်ခုကို (၃၀၀-၅၀၀) ကျပ်ကြားပေးဝယ်တပ်နေသလို

ငွေကြေးမတတ်နိုင်သူတွေကတော့ ပိတ် Mask လေးတွေတပ်နေချိန်လည်း ဖြစ်ပါတယ်။ မားခြယ်ရဲ့နည်းလမ်းလေးကတော့ ခြေအိတ်ဈေးနည်းတဲ့တစ်စုံဆို (၅၀၀)(၁၀၀၀) လောက်ပေးရုံနဲ့ Mask နှစ်ခုရမှာဖြစ်ပြီး ရုတ်တရက်အပြင်ထွက်ဖို့ Mask မရှိချိန်မျိုးမှာလည်း

အဆင်ပြေမယ့်နည်းလမ်းလေး ဖြစ်မှာပါ။ Covid-19 ဗိုင်းရပ်စ်ပိုးကို ကာကွယ်ဖို့အတွက် ပိုးသတ်ထားတဲ့ Mask တွေသုံးတာကတော့ အကောင်းဆုံးဖြစ်ပေမယ့် လိုအပ်ရင် အလွယ်တကူပြုလုပ်နိုင်ဖို့ မားခြယ်ရဲ့နည်းလမ်းလေးကို မျှဝေပေးလိုက်ပါတယ်နော်။

Source : Mya Thin Chel’s Facebook | Reference & Credit : Cele Gabar

Add a Comment

Your email address will not be published. Required fields are marked *