မဟာမြိုင်တောထဲက မဟာမြိုင်သဲဖြူတောရဆရာတော်ကြီးကို ဖူးမျှော်ခွင့်ရခဲ့ကြောင်း ပရိသတ်တွေကို မျှဝေခဲ့တဲ့ မေမြင့်မိုရ်


Read in UNICODE
မေမြင့်မိုရ်ကတော့ “ပန်းနုသွေး” ဇာတ်လမ်းတွဲကတဆင့် အောင်မြင်မှုတွေ အကြီးအကျယ် ရရှိပိုင်ဆိုင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ မေမြင့်မိုရ်က နောက်ပိုင်းမှာ ဇာတ်လမ်းတွဲတွေအပြင် ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း ရိုက်ကူးနိုင်ခဲ့ပြီး ပရိသတ်အားပေးမှုကို ရရှိနေပြီပဲ ဖြစ်ပါတယ်။ အနုပညာလောကမှာ နေရာတစ်နေရာ အခိုင်အမာရရှိထားပြီးပြီဖြစ်တဲ့ မေမြင့်မိုရ်က

“မိုးပန်းပွင့်ရဲ့ သင်္ကေတ” ရုပ်ရှင်ဇာတ်ကားနဲ့ Rising Star Award Female ဆုကို ရရှိပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။ အနုပညာအလုပ်တွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေတဲ့ မေမြင့်မိုရ်က လူငယ်တစ်ယောက်ဖြစ်ပေမယ့် ဘာသာရေးကိုလည်း မမေ့မလျော့တဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ မေမြင့်မိုရ်က

မဟာမြိုင်သဲဖြူတောရဆရာတော်ကြီးကို ဖူးမြှော်ခွင့်ရရှိခဲ့တဲ့ ပုံရိပ်တွေကို အမှတ်တရအနေနဲ့ မျှဝေပေးထားပါတယ်။ မေမြင့်မိုရ်ကတော့ မဟာမြိုင်သဲဖြူတောရဆရာတော်ကြီးကို ပရိသတ်တွေပါ ဖူးမြှော်နိုင်အောင် မျှဝေပေးထားတာပဲ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျးဇူးအထူးတင်ရှိပါတယ်။
Source : May Myint Mo’s Instagram