မိဘတစ်ယောက်လိုချစ်ခင်ရတဲ့ မိတ်ကပ်အောင်အောင်ကို သတိရကြောင်း ပြောပြခဲ့တဲ့ ညီညီမောင်(စမ်းချောင်း)






Read in UNICODE

ညီညီမောင်ကတော့ အနုပညာလောကမှာ အောင်မြင်နေတဲ့ အလှဖန်တီးရှင်တစ်ယောက်ပါ။ အနုပညာရှင်တွေလက်စွဲ မိတ်ကပ်ဖန်တီးရှင်တစ်ယောက်ဖြစ်ပြီး အခုနောက်ပိုင်းမှာဆို ရုပ်ရှင်ဇာတ်ကားတွေလာ်းရိုက်ကူးနေပြီပဲ ဖြစ်ပါတယ်။ အမြဲပျော်ပျော်နေတတ်တဲ့ ညီညီမောင် ကတော့ ပရိသတ်တွေက ချစ်စနိုးနဲ့ သုသုလို့လည်းခေါ်ကြပါသေးတယ်နော်။ ဒီနေ့မှာတော့ သုသုတစ်ယောက် ” 2.9.2010 မိုးပြိုကျခဲ့ပြီမာမီအောင် ကျန်းမာရေးမကောင်းတာတော့သိတယ်ပေါ့နော် အဆုပ်ထဲရေဝင်တာ ပြန်ထုပ်လိုက်ကောင်းသွားပြီပေါ့ အဲ့နေ့က အာရှတော်ဝင်မှာ ဆေးရုံလာတက်ပါတယ် ကိုယ်တွေလဲ အိမ်နဲ့ နီးတော့ မနက်၁၀.၃၀ကျော်ကျော်လောက်ရောက်သွားတာပေါ့ အဲ့ချိန် အမေ

ကိုတင်ထားတဲ့ အခန်းထဲ ဆရာဝန်တွေ ဆရာမတွေ ယောက်ယှက်ခတ်နေပြီ ဘာဖြစ်တာလဲပေါ့ အခန်းဝက ကြည့်တော့ အခြေနေ မကောင်းတော့ဘူး အသက်လုနေရပြီ အဆုတ်ထဲထည့်ဖို ပြွန် လည်းအရောက်ဆရာဝန် က အခန်းထဲယူ လာ အသက်လည်းထွက် ညည့်သာလွန်းလှပါတယ် မည်သူကို မှ ဒုက္ခမပေးပဲ လူလောက က ထွက်သွားပါပြီ ။ သတင်းကြားတော့ ရောက်လာကျတဲ့ သူတွေက ဖြူဖြူကျော်သိန်း သက်မွန် ရောက်လာကျပြီး စိတ်မကောင်းဖြစ်ကျ သက်မွန်ဆို အမေ ရယ်လိုတတ ငိုတာ ရင်ထဲကိုမချိပါဘူး တပည့်တွေလဲ ငိုကျပေါ့နော် အဲ့ချိန် ဆိုင်မှာ ပစ္စည်းအချို ယူသွားတဲ့ သူတွေလည်းရှိခဲ့ပါတယ် တပည့် အရင်းတွေ ကတော့ ကြံကြံခံ ကျန်ခဲ့တဲ့ ငွေသား လက်ဝတ်ရတနာ

အိမ်စာချုပ်တွေက စ မာမီ မိတ်ကပ်အောင်အောင် အမေ ကို ရက်လည်နေ့မှာ အပ်လိုက်ပါတယ် သစ္စာရှိခြင်းရိုသေခြင်းချစ်ခင်ခြင်းတရားတွေ တပည့်တွေ အမေ ပိုင်ဆိုင်ခဲ့ပါတယ် ။နာရေး ကို ၃ရက်ထားပြီး အသုဘ ချပါတယ် တဦးကျေးဇူးတဦးမှာဆိုသလို ခင်မှု ချစ်ခင်ကျတဲ့ အနုပညာရှင်များစွာလိုက်ပါပို့ဆောင်ကျပါတယ် တပည့်သားသမီး မိတ်ဆွေ များ နဲ့ ခန်းမ တခုလုံးပြည့်လျံနေတာပါပဲဦးကျော်သူ ဦးဆောင်တဲ့ နာရေးကူညီမှူ အသင်းနဲ့ အသုဘ ချတာပါ ။ ကိုလူချော တို့အဖွဲ့ ရုပ်ရှင် အဖွဲသားများ ကလည်းကူ ညီကျပါတယ် လူချစ်လူခင်ပြောများပြီး လူတကာကူညီတက်တဲ့ မာမီအောင်

အသုဘ မှာစည်ကား လှပြီး တပည့်သားသမီးများမှာ ရုပ်ကလပ်ကြည့်ဖို့မနည်းတိုး ရပါတယ် အမေ ရုပ်ကလပ်ကလည်း ရေခဲတိုက်က ချတဲ့ အချိန်ထီ ပြုံးပြီး အိပ်နေသလိုလေးပါပဲ သေပန်းပွင့်တယ်ပြောရမလား လူချစ်လူခင်ပေါတဲ့ အမေ ကြောင့်မစည်ကားသင်တဲ့နေရာ စည်ကား ခဲ့ပါတယ် အမေ ဆုံးတာ ၁၀စုနှစ်တစု ပြည့်တော့မယ်ဆိုပေမဲ့ နှစ်ပြည်တိုင်း သံဃာ ၅ပါးဆွမ်းကပ် အလှူလုပ်ပါတယ် လတိုင်း အမေဆုံးတဲ့ ၂ရက်နေ့ဆို ဆွမ်းချိုင်ပို့ပါတယ် ယခုချိန်ထိတိုင်ပါပဲ

အမေရောက်ရာဘုံဘဝကသာဓုခေါ်ဆိုနိုင်ပါစေနော်။ ကျမပြောချင်တာကတော့ ဆရာ ဆိုတာလည်း အနန္တဂိုဏ်းဝင်ကျေးဇူးရှင် သက်ရှိ ဘုရားပါ ကျမ တိုမှာ ခုချိန်ကျေးဇူးဆပ် ချင်လဲကျွေးမွေးလဲ စားရမစာရမသိပါလှူတဲ့ ရည်းစူး အလှူ ရလားမရလားမသိပါ သင်တို့ သက်ရှိဘုရား ဆရာ တွေ သက်ရှိထင်ရှားရှိသေးရင် ပြုစုပါကျွေးမွေးပါ ကျေးဇူးဆပ်ကျပါလို့ ပြောချင်ပါတယ် “ဆိုတဲ့စာလေးနဲ့ ကျေးဇူးရှင် ဆရာအပေါ် သူအထားရှိတဲ့စိတ်ထားလေးကို ပြောပြလာခဲ့တာပါ။ ပရိသတ်ကြီးလည်း သုသုရဲ့ ဆရာသမားအပေါ် အခုချိန်ထိမမေ့မလျှော့တဲ့သိတ်လေးကို သဘောကျရင်မှတ်ချက်ပေးခဲ့ပါဦးနော်။

Source : Nyi Nyi Maung’s Facebook

Add a Comment

Your email address will not be published. Required fields are marked *