ငွေကျပ်(၃)သိန်းအပြင် စားနပ်ရိက္ခာတွေကို လူကြမ်းသရုပ်ဆောင်တွေအတွက် လှူဒါန်းခဲ့တဲ့ ဝေဠုကျော်နဲ့ နေထူးနိုင်
Read in UNICODE
သဘာဝလွန် အက်ရှင်ဇာတ်ကားတွေ ရိုက်ကူးရင်း နေထူးနိုင်ကတော့ နယ်ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာ ရရှိပိုင်ဆိုင်ထားပြီး ဝေဠုကျော်ကလည်း ဗီဒီယိုဇာတ်ကားတွေနဲ့ ပရိသတ်အားပေးမှုကို ရရှိထားသူတစ်ယောက်ပါ။ နေထူးနိုင်နဲ့ ဝေဠုကျော်က ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးနေသလို လူမှုအကျိုးပြုလုပ်ငန်းတွေကိုလည်း ဆောင်ရွက်
သူတစ်ယောက် ဖြစ်ပါတယ်။ ဒီနေ့မှာလည်း နေထူးနိုင်က ဝေဠုကျော်နဲ့အတူတူ လူကြမ်းသရုပ်ဆောင် တွေကို အလှူငွေနဲ့ စားသောက်ရိက္ခာတွေ လှူဒါန်းခဲ့ကြောင်းကို အခုလိုပဲ ပြောပြထားပါတယ်။ “မင်္ဂလာဒုံ၊ ထောက်ကြံ့၊ မြောက်ဥက္ကလာရှိ လူကြမ်း(stuntman)များအား ဝေဠုကျော် ဖောင်ဒေးရှင်းနေထူးနိုင်၊ ထုတ်လုပ်သူအချို့အနုပညာရှင်အချို့နှင့် အခြားသောအလှူရှင်များမှ
လှူဒါန်းကြသော ငွေသား(၃သောင်း)ဆန်(၁၀)ပြည်-ဆီ(၅၀)သား-ကြက်ဥ(၁၀လုံး)-ကြက်သွန်(၁ပိသာ)-အာလူး(၁)ပိသာ အင်္ကျီ(၁)ထည်ပစ္စည်းများအားStuntman (လူကြမ်းဟောင်းကြီးတွေနဲ့လူကြမ်းStuntman မျိုးဆက်သစ်များ မခွဲခြားဘဲ
လူဦးရေ(၂၀)အားထောက်ပံ့ကူညီနိုင်ခဲ့ပါသည်။ နေထူးနိုင်နဲ့ ဝေဠုကျော်ကတော့ သူတို့ကိုယ်တိုင် စိန်ခေါ်ထားတဲ့ Challenge ကို ကိုယ်တိုင်လုပ်ပြခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း နေထူးနိုင်နဲ့ ဝေဠုကျော်တို့ သူငယ်ချင်းနှစ်ယောက်ရဲ့ ကုသိုလ်လေးကို သာဓုခေါ်ပေးကြပါဦးနော်။
Source : Nay Htoo Naing’s Facebook
Add a Comment
Your email address will not be published. Required fields are marked *