ရည်းစားဟောင်း(၇)ယောက်လုံးနဲ့ ပြတ်သွားတိုင်း “မဆုံသောလမ်း” သီချင်းကို ပို့ပေးခဲ့တယ်ဆိုတဲ့ ကျော်ကျော်ဗိုလ်
Read in UNICODE
အောင်မြင်ကျော်ကြားတဲ့ မင်းသားတစ်ယောက်အနေနဲ့ အနုပညာလောကမှာရပ်တည်နေတဲ့ ကျော်ကျော်ဗိုလ်ကတော့ လတ်တလောမှာ Stay Home နေရင်း ပရိသတ်တွေကို တေးသီချင်းတွေသီဆိုပြရင်း ဖျော်ဖြေတင်ဆက်နေတာလည်းဖြစ်ပါတယ်။ သူကတော့ ယနေ့မှာတော့ နိုင်ငံကျော်အဆိုတော်ကြီး ဇော်ပိုင်ရဲ့ “မဆုံသောလမ်း” သီချင်းကို သီဆိုထားပါတယ်။ ကျော်ကျော်ဗိုလ်ကတော့
“မဆုံသောလမ်း” သီချင်းကို ကြိုက်လွန်းလို့ ရည်စားနဲ့ပြတ်တိုင်း ပို့ပေးခဲ့တဲ့အကြောင်းကို “#ဒီသီချင်းက #ကျွန်တော်အတွက်အမှတ်ရစရာနည်းနည်းရှိတယ် #သီချင်းကိုဘယ်လောက်ကြိုက်ခဲ့သလဲဆိုရင် #ရည်းစားနဲ့ပြတ်တိုင်းအဲ့သီချင်းကိုပို့ပေးတာ #ကျွန်တော်အမှတ်မမှားနိင်ပါဘူး #7 ယောက်လောက်ရှိမယ်ထင်တယ်” လို့သူ့ရဲ့ လူမှုကွန်ရက်
စာမျက်နှာမှာဖော်ပြထားပါတယ်။ ကျော်ကျော်ဗိုလ်ကတော့ သရုပ်ဆောင်အရည်အချင်းမှာသာမက သဘင်လောကနဲ့ မစိမ်းတဲ့အပြင် ဟာသညာဏ်ရွှင်သူ ဖြစ်တာမို့ နှင်းဆီအငြိမ့်များတွင်လည်း ပင်တိုင်လူရွှင်တော်တစ်ယောက် အဖြစ် ပရိသတ်ရဲ့ အားပေးမှုကို အခိုင်အမာ ရရှိထားသူလည်းဖြစ်ပါတယ်။ ပရိသတ်ကြီးရေ
အနုပညာလောကမှာ အောင်မြင်ကျော်ကြားတဲ့ မင်းသားတစ်ယောက်အနေနဲ့ ရပ်တည်နေတဲ့ ကျော်ကျော်ဗိုလ်ကတော့ နိုင်ငံကျော်အဆိုတော်ကြီး ဇော်ပိုင်ရဲ့ “မဆုံသောလမ်း” သီချင်းကိုရည်စားနဲ့ပြတ်တိုင်း ပို့ပေးခဲ့တာ (၇)ယောက်လောက်ရှိမယ်တဲ့။ ပရိသတ်ကြီးရေ ရည်စားနဲ့ပြတ်ရင် ဘယ်သီချင်းလေးတွေနဲ့ Feel လေ့ရှိလဲ…
Source : Kyaw Kyaw Bo’s Facebook
Add a Comment
Your email address will not be published. Required fields are marked *