ဘင္ဂ်မင္ရဲ႕ အသစ္ထြက္တဲ့ သီခ်င္းကို ခ်ီးက်ဴးစကားေျပာရင္း အေႂကြးေတာင္းခဲ့တဲ့ ျဖဴျဖဴေက်ာ္သိန္း

အဆိုေတာ္ ျဖဴျဖဴေက်ာ္သိန္းကိုေတာ့ ပရိသတ္ႀကီးလည္း ခ်စ္ခင္ ရင္းနွီးၿပီးသားျဖစ္မယ္ ထင္ပါတယ္ေနာ္.။ ျဖဴျဖဴေက်ာ္သိန္းကေတာ့ ပရိသတ္ေတြရဲ႕ ရင္ထဲကို ေရာက္ေစမယ့္ သံစဥ္စာသားေတြကို သူမရဲ႕ ေကာင္းမြန္လြန္းတဲ့ အသံနဲ႕ သီဆိုနိုင္သူတစ္ဦးပဲျဖစ္ပါတယ္.။ ျမန္မာနိုင္ငံရဲ႕ လူထုၾကားမွာ ေရပန္းစားတဲ့ တီဗီအစီအစဥ္

ပရိုဂရမ္တစ္ခုျဖစ္တဲ့ Myanmar Idol အစီအစဥ္မွာ ဒိုင္လူႀကီးအေနနဲ႕ အကဲျဖတ္ေပးျခင္းကိုလည္း ပါဝင္ လုပ္ေဆာင္ေနသူပါ.။ ျဖဴျဖဴေက်ာ္သိန္းကေတာ့ ဒီေန႕ ေမလ (၁၈)ရက္ေန႕မွာေတာ့ သူမကိုယ္တိုင္ အကဲျဖတ္ေဝဖန္ ဆံုးမေပးမႈေတြနဲ႕ အတူ အနုပညာလမ္းေၾကာင္းေပၚကို စီနီယာပီပီ လက္ဆြဲေခၚေပးခဲ့တဲ ့ Myanmar Idol Season(4)ရဲ႕ Runner Up ျဖစ္သူ

ဘင္ဂ်မင္ဆုမ္းရဲဲ႕ ပထမဆံုးထြက္ရွိတဲ့ သီခ်င္းေလး ဗီဒီယုိဖိုင္ေလးကို သူမရဲ႕ လူမႈကြန္ရက္စာမ်က္နွာေပၚမွာ တင္ကာ “Benjamin Sum ရဲ႕အသံလွလွေလးရယ္၊ ခ်င္းေတာင္တန္းႀကီးရဲ႕ ရင္သပ္ရႈေမာဖြယ္ရႈခင္းေလးေတြရယ္? ေပါင္းလိုက္ေတာ့ …ျပန္ေတြ႕မယ့္ရက္ ေလးကတစ္ျဖဳတ္ျဖဳတ္ ေႂကြရမယ့္ အေဆြးသီခ်င္း ေကာင္းေကာင္းေလးတစ္ပုဒ္ ျဖစ္သြားေတာ့တာေပါ့ကြယ္.။ Congratulations, Sum..Pathian in lo thlawsuah seh. ကဲကဲ…ကိုကိုဘန္ဘန္ေရ…

ျပန္ေတြ႕မယ့္ရက္ က်ရင္ညီမေလးျဖဴျဖဴကို ေၾကာ္ျငာခေလး အေႂကြးဆပ္ဖို႔မေမ့နဲ႔ေနာ္” ဆုိၿပီး ဟာသဆန္ဆန္ေလးနဲ႕ အနုပညာမ်ိဳးဆက္သစ္ေလးအတြက္ ဂုဏ္ယူဝမ္းေျမာက္တဲ့ အေၾကာင္းေလးကို တင္လာခဲ့ပါတယ္.။ ဘင္ဂ်မင္ဆုမ္းရဲ႕ Talent ေတြကို ၿပိဳင္ပြဲဝင္ေနစဥ္

အခ်ိန္မွာတည္းက သေဘာက်နွစ္သက္ၿပီး ဒုတိယျဖဴျဖဴေက်ာ္သိန္း လို႕ေတာင္ နာမည္ေျပာင္ေလး ေပးခဲ့ပါေသးတယ္ေနာ္..ပရိသတ္ႀကီး.။ ပရိသတ္ႀကီးအတြက္လည္း ျဖဴျဖဴေက်ာ္သိန္းကိုယ္တိုင္ သေဘာက်မဆံုးျဖစ္ေနတဲ့ ဘင္ဂ်မင္ဆုမ္းရဲ႕ ျပန္ေတြ႕မယ့္ရက္ သီခ်င္းဗီဒီယုိဖိုင္ေလးကို ျပန္လည္မွ်ေဝ ေပးလိုက္ပါတယ္ေနာ္.။

Read in UNICODE

အဆိုတော် ဖြူဖြူကျော်သိန်းကိုတော့ ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်.။ ဖြူဖြူကျော်သိန်းကတော့ ပရိသတ်တွေရဲ့ ရင်ထဲကို ရောက်စေမယ့် သံစဉ်စာသားတွေကို သူမရဲ့ ကောင်းမွန်လွန်းတဲ့ အသံနဲ့ သီဆိုနိုင်သူတစ်ဦးပဲဖြစ်ပါတယ်.။ မြန်မာနိုင်ငံရဲ့ လူထုကြားမှာ ရေပန်းစားတဲ့ တီဗီအစီအစဉ်

ပရိုဂရမ်တစ်ခုဖြစ်တဲ့ Myanmar Idol အစီအစဉ်မှာ ဒိုင်လူကြီးအနေနဲ့ အကဲဖြတ်ပေးခြင်းကိုလည်း ပါဝင် လုပ်ဆောင်နေသူပါ.။ ဖြူဖြူကျော်သိန်းကတော့ ဒီနေ့ မေလ (၁၈)ရက်နေ့မှာတော့ သူမကိုယ်တိုင် အကဲဖြတ်ဝေဖန် ဆုံးမပေးမှုတွေနဲ့ အတူ အနုပညာလမ်းကြောင်းပေါ်ကို စီနီယာပီပီ လက်ဆွဲခေါ်ပေးခဲ့တဲ့ Myanmar Idol Season(4)ရဲ့ Runner Up ဖြစ်သူ

ဘင်ဂျမင်ဆုမ်းရဲ့ ပထမဆုံးထွက်ရှိတဲ့ သီချင်းလေး ဗီဒီယိုဖိုင်လေးကို သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်ကာ “Benjamin Sum ရဲ့အသံလှလှလေးရယ်၊ ချင်းတောင်တန်းကြီးရဲ့ ရင်သပ်ရှုမောဖွယ်ရှုခင်းလေးတွေရယ်? ပေါင်းလိုက်တော့ …ပြန်တွေ့မယ့်ရက် လေးကတစ်ဖြုတ်ဖြုတ် ကြွေရမယ့် အဆွေးသီချင်း ကောင်းကောင်းလေးတစ်ပုဒ် ဖြစ်သွားတော့တာပေါ့ကွယ်.။ Congratulations, Sum..Pathian in lo thlawsuah seh. ကဲကဲ…ကိုကိုဘန်ဘန်ရေ…

ပြန်တွေ့မယ့်ရက် ကျရင်ညီမလေးဖြူဖြူကို ကြော်ငြာခလေး အကြွေးဆပ်ဖို့မမေ့နဲ့နော်” ဆိုပြီး ဟာသဆန်ဆန်လေးနဲ့ အနုပညာမျိုးဆက်သစ်လေးအတွက် ဂုဏ်ယူဝမ်းမြောက်တဲ့ အကြောင်းလေးကို တင်လာခဲ့ပါတယ်.။ ဘင်ဂျမင်ဆုမ်းရဲ့ Talent တွေကို ပြိုင်ပွဲဝင်နေစဉ်

အချိန်မှာတည်းက သဘောကျနှစ်သက်ပြီး ဒုတိယဖြူဖြူကျော်သိန်း လို့တောင် နာမည်ပြောင်လေး ပေးခဲ့ပါသေးတယ်နော်..ပရိသတ်ကြီး.။ ပရိသတ်ကြီးအတွက်လည်း ဖြူဖြူကျော်သိန်းကိုယ်တိုင် သဘောကျမဆုံးဖြစ်နေတဲ့ ဘင်ဂျမင်ဆုမ်းရဲ့ ပြန်တွေ့မယ့်ရက် သီချင်းဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေ ပေးလိုက်ပါတယ်နော်.။

Source : Phyu Phyu Kyaw Thein’s Facebook

Add a Comment

Your email address will not be published. Required fields are marked *