အောင်လနဲ့အတူ ဒန်ပေါက်ကို ပထမဆုံး စမ်းချက်တာအောင်မြင်သွားခဲ့ပြီး နောက်တခါဆို သူငယ်ချင်းတွေအိမ်ပို့ပေးမယ်ဆိုတဲ့ ဝိုင်းစုခိုင်သိန်း
Read in UNICODE
ဝိုင်းစုခိုင်သိန်းကတော့ သရုပ်ဆောင်တစ်ယောက်အဖြစ်ရပ်တည်နေသလို အောင်မြင်နေတဲ့ အဆိုတော်တစ်ယောက်ဆိုရင်လည်းမမှားပါဘူး။ အနုပညာလောကမှာ နာမည်တစ်လုံးနဲ့ ရပ်တည်ထနိုင်တဲ့ သူမကတော့ ပါဝင်တဲ့ ဇာတ်ကားတွေမှာ အကောင်းဆုံးသရုပ်ဆောင်နိုင်ပြီး
အဆိုပိုင်းမှာလည်း ထူးချွန်သူတစ်ယောက်ဖြစ်ကာ သီချင်းကောင်းလေးတွေများစွာကို သီဆိုခဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။ အချိန်အတော်ကြာ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို သိမ်းပိုက်ထားနိုင်ခဲ့တဲ့ သူမကတော့ ယခုမှာ သရုပ်ဆောင်အလုပ်တွေနဲ့ ဝေးကွာနေခဲ့ကာ
ချစ်စရာကောင်းလွန်းတဲ့ အပြုံးလေးတွေကို ပိုင်ဆိုင်ထားသူလေးပဲဖြစ်ပါတယ်။ ဝိုင်းစုခိုင်သိန်းနဲ့ အောင်လတို့ကတော့ ပရိသတ်တွေအားကျစရာကောင်းတဲ့ ချစ်သူဘဝလေးကို ဖန်တီးထားနိုင်ခဲ့တာပဲဖြစ်ပြီး ပျော်ရွှင်ကြည်နူးစရာကောင်းလွန်းတဲ့အချိန်တွေကို
အတူတူဖြတ်သန်းနေခဲ့တာပဲဖြစ်ပါတယ်။ ယခုမှာတော့ ဝိုင်းစုတစ်ယောက် ချစ်သူအောင်လနဲ့အတူ ပထမဆုံးဒန်ပေါက် စမ်းချက်တာ အောင်မြင်သွားခဲ့ပြီး သူငယ်ချင်းအိမ်တွေကို လိုက်ပို့ပေးမယ့်အကြောင်း ပြောပြလာခဲ့ပါတယ်။ သူမကတော့
” ပထမဆုံး ဒန်ပေါက် စမ်းချက်တာ အောင်မြင် သွားပြီ။ နောက်တစ်ခါဆို သူငယ်ချင်းတွေအိမ် ပို့ပေးမယ်လို့ “ဆိုပြီး သူမရဲ့ လူမှုကွန်ယက်ထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် အဆိုတော်ဝိုင်းစုရဲ့ ချစ်စရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
Source : Wine Su ‘ s Facebook | Reference & Credit : Myanmarload
Add a Comment
Your email address will not be published. Required fields are marked *