တစ္ဦးထဲေသာ သမီးေလးနဲ႔အတူ အႏုပညာအလုပ္ေတြ လုပ္ေနၿပီဆိုတဲ့ ေက်ာ္ေက်ာ္ဗိုလ္

ေက်ာ္ေက်ာ္ဗိုလ္ကေတာ့ တစ္ဦးတည္းေသာ သမီးေလး ike ရဲ႕ အေၾကာင္းေတြ ေျပာျပလာပါတယ္။ သမီးေလးနဲ႔ အတူတူ အႏုပညာအလုပ္ေတြ တြဲလုပ္ေနၿပီလို႔လည္း ေျဖဆိုခဲ့ပါတယ္။ “ သမီးေလးက သီခ်င္းဆိုတာကေတာ့ ဗီဇပါလာတာေပါ့ေနာ္။ အႏုပညာ မိဘက ေမြးလာတာျဖစ္တဲ့အတြက္ အႏုပညာေသြးပါတာေပါ့။ သူက Music ဘက္ကို ပိုၿပီးေတာ့ အားသန္တာ ေတြ႕ရတယ္။ ဂီတနဲ႔ ပတ္သက္ၿပီး မခင္ျမတ္မြန္နဲ႔ သင္ေပးထားတယ္။ သူ႔ရဲ႕ ဝါသနာကို ကြၽန္ေတာ္က အေကာင္းဆုံး ပံ့ပိုးေပးသြားပါမယ္။ ေၾကာ္ျငာေတြ လာကမ္းလွမ္းရင္လည္း သူ႔ဆႏၵကို ကြၽန္ေတာ္က ေမးတာမ်ားတယ္။ ေလာေလာဆယ္ေတာ့

သြားတိုက္ေဆး ေၾကာ္ျငာတစ္ခုပဲ ႐ိုက္ထားတာရွိတယ္” လို႔ သူကဆိုပါတယ္။ သမီးေလးကေတာ့ အေမထက္စာရင္ အေဖ အနားကို ပိုကပ္တယ္လို႔ ေက်ာ္ေက်ာ္ဗိုလ္က ဆိုပါတယ္။ သမီး ကိုလည္း အလိုလိုက္ဆုံးက အေဖ ျဖစ္ေနလို႔ပါဆိုၿပီးေတာ့လည္း သေဘာက်ရယ္ေမာရင္း ေျပာျပလာပါတယ္။ “ သမီးက အရမ္းေအးတာလည္း မဟုတ္သလို အရမ္းသြက္လက္တဲ့ အထဲလည္း မပါ ပါဘူး။ မိဘေတြနဲ႔ ဆိုရင္ေတာ့ အျပင္လူေတြထက္စာရင္ ပိုၿပီးေပ်ာ္ေပ်ာ္ေနတတ္ပါတယ္။ ကြၽန္ေတာ္က သမီးကို အလိုလိုက္တဲ့ အေဖ ဆိုေတာ့

ကြၽန္ေတာ့္ကို နည္းနည္း ႏိုင္ခ်င္တာေပါ့ေနာ္။ သူဘာလုပ္လုပ္ ကြၽန္ေတာ့္မွာ စကားလုံး တစ္လုံးပဲရွိတယ္ ‘ Yes’ ဆိုေတာ့ ကြၽန္ေတာ့္ကို နည္းနည္းေလး ခြၽဲခ်င္တာေပါ့” လို႔ သူကဆိုပါတယ္။ေက်ာ္ေက်ာ္ဗိုလ္ဟာ သမီးေလးကို ဆုံးမ သြန္သင္တဲ့ အခါမွာလည္း စိတ္လိုက္မာန္ပါ ေျပာေလ့မရွိဘူးလို႔ဆိုပါတယ္။ အမွားကို အမွားမွန္းသိေအာင္ ေသေသခ်ာခ်ာ ေျပာျပတာက ပိုေကာင္းတယ္ဆိုတာကိုလည္း သူက ေျပာပါတယ္။ “ ကြၽန္ေတာ္က သူ႔ကို အရမ္းႀကီး ဆူေလ့မရွိဘူး။ သူမွားသြားလည္း ကြၽန္ေတာ္က အျပစ္သိပ္မေျပာဘူး။ ဘာေၾကာင့္ မွားသြားတယ္ဆိုတဲ့ အက်ိဳးအေၾကာင္းေလး ရွင္းျပတယ္။ သူ႔ဘာသာသူ

စဥ္းစားတတ္သြား ရင္ ေနာက္တစ္ခါ ဒီလို အမွားမ်ိဳးကို သူ ေရွာင္ရွားတတ္သြားမယ္။ တကယ္လို႔ ကြၽန္ေတာ္တို႔က ဆူလိုက္တယ္၊ ဒါကိုလည္း သူတို႔ ဘာေၾကာင့္ မွားမွန္းမသိ ျဖစ္သြားမယ္ဆိုရင္ ကြၽန္ေတာ္တို႔ မရွိေတာ့တဲ့ အခ်ိန္မွာ သူ႔အတြက္ အခက္အခဲျဖစ္သြားလိမ့္မယ္” ဆိုၿပီးေတာ့ Shwe Series မိတ္ဆက္ပြဲကို တက္ေရာက္ရင္း ေျဖဆိုခဲ့တာပါ။ေက်ာ္ေက်ာ္ဗိုလ္ရဲ႕ သမီးေလး ike ကေတာ့ အခုဆိုရင္ အသက္(၁၀) ႏွစ္အ႐ြယ္ရွိေနပါၿပီ။ အႏုပညာနဲ႔ ပတ္သက္လာရင္ ဂီတဘက္ကို ဝါသနာႀကီးသူ

ျဖစ္တာေၾကာင့္ သူႀကိဳက္ႏွစ္သက္တဲ့ သီခ်င္းေလးေတြကို Cover Song ေလးေတြ သီဆိုေလ့ရွိတာ ေတြ႕ရပါတယ္။ ႏိုင္ငံေက်ာ္ ေ႐ႊမန္းဦးတင္ေမာင္၊ ဝါရင့္သ႐ုပ္ေဆာင္ႀကီး ဦးၫႊန႔္ဝင္းတို႔ရဲ႕ အႏုပညာမ်ိဳးဆက္ေတြထဲမွာ ေက်ာ္ေက်ာ္ဗိုလည္း တစ္ဦး အပါအဝင္ျဖစ္ပါတယ္။ ေက်ာ္ေက်ာ္ဗိုရဲ႕ အႏုပညာသက္တမ္းကလည္း အႏွစ္ ၂၀ ေက်ာ္သက္တမ္းကို ေရာက္ရွိေနၿပီျဖစ္ပါတယ္။ သူဟာ သ႐ုပ္ေဆာင္ဘက္မွာသာမက ဇာတ္သဘင္ဘက္မွာလည္း အႏုပညာလႈပ္ရွားမႈေတြရွိခဲ့ပါေသးတယ္။ သူဟာ မၾကာေသးခင္က ၂၀၁၈ ခုႏွစ္အတြက္ အေကာင္းဆုံးအမ်ိဳးသားဇာတ္ပို႔ဆုကို ‘’ မုန္းစြဲ’’႐ုပ္ရွင္ဇာတ္ကားနဲ႔ ရရွိခဲ့တာျဖစ္ပါတယ္။

Red in UNICODE

ကျော်ကျော်ဗိုလ်ကတော့ တစ်ဦးတည်းသော သမီးလေး ike ရဲ့ အကြောင်းတွေ ပြောပြလာပါတယ်။ သမီးလေးနဲ့ အတူတူ အနုပညာအလုပ်တွေ တွဲလုပ်နေပြီလို့လည်း ဖြေဆိုခဲ့ပါတယ်။ “ သမီးလေးက သီချင်းဆိုတာကတော့ ဗီဇပါလာတာပေါ့နော်။ အနုပညာ မိဘက မွေးလာတာဖြစ်တဲ့အတွက် အနုပညာသွေးပါတာပေါ့။ သူက Music ဘက်ကို ပိုပြီးတော့ အားသန်တာ တွေ့ရတယ်။ ဂီတနဲ့ ပတ်သက်ပြီး မခင်မြတ်မွန်နဲ့ သင်ပေးထားတယ်။ သူ့ရဲ့ ဝါသနာကို ကျွန်တော်က အကောင်းဆုံး ပံ့ပိုးပေးသွားပါမယ်။ ကြော်ငြာတွေ လာကမ်းလှမ်းရင်လည်း သူ့ဆန္ဒကို ကျွန်တော်က မေးတာများတယ်။ လောလောဆယ်တော့

သွားတိုက်ဆေး ကြော်ငြာတစ်ခုပဲ ရိုက်ထားတာရှိတယ်” လို့ သူကဆိုပါတယ်။ သမီးလေးကတော့ အမေထက်စာရင် အဖေ အနားကို ပိုကပ်တယ်လို့ ကျော်ကျော်ဗိုလ်က ဆိုပါတယ်။ သမီး ကိုလည်း အလိုလိုက်ဆုံးက အဖေ ဖြစ်နေလို့ပါဆိုပြီးတော့လည်း သဘောကျရယ်မောရင်း ပြောပြလာပါတယ်။ “ သမီးက အရမ်းအေးတာလည်း မဟုတ်သလို အရမ်းသွက်လက်တဲ့ အထဲလည်း မပါ ပါဘူး။ မိဘတွေနဲ့ ဆိုရင်တော့ အပြင်လူတွေထက်စာရင် ပိုပြီးပျော်ပျော်နေတတ်ပါတယ်။ ကျွန်တော်က သမီးကို အလိုလိုက်တဲ့ အဖေ ဆိုတော့

ကျွန်တော့်ကို နည်းနည်း နိုင်ချင်တာပေါ့နော်။ သူဘာလုပ်လုပ် ကျွန်တော့်မှာ စကားလုံး တစ်လုံးပဲရှိတယ် ‘ Yes’ ဆိုတော့ ကျွန်တော့်ကို နည်းနည်းလေး ချွဲချင်တာပေါ့” လို့ သူကဆိုပါတယ်။ကျော်ကျော်ဗိုလ်ဟာ သမီးလေးကို ဆုံးမ သွန်သင်တဲ့ အခါမှာလည်း စိတ်လိုက်မာန်ပါ ပြောလေ့မရှိဘူးလို့ဆိုပါတယ်။ အမှားကို အမှားမှန်းသိအောင် သေသေချာချာ ပြောပြတာက ပိုကောင်းတယ်ဆိုတာကိုလည်း သူက ပြောပါတယ်။ “ ကျွန်တော်က သူ့ကို အရမ်းကြီး ဆူလေ့မရှိဘူး။ သူမှားသွားလည်း ကျွန်တော်က အပြစ်သိပ်မပြောဘူး။ ဘာကြောင့် မှားသွားတယ်ဆိုတဲ့ အကျိုးအကြောင်းလေး ရှင်းပြတယ်။ သူ့ဘာသာသူ

စဉ်းစားတတ်သွား ရင် နောက်တစ်ခါ ဒီလို အမှားမျိုးကို သူ ရှောင်ရှားတတ်သွားမယ်။ တကယ်လို့ ကျွန်တော်တို့က ဆူလိုက်တယ်၊ ဒါကိုလည်း သူတို့ ဘာကြောင့် မှားမှန်းမသိ ဖြစ်သွားမယ်ဆိုရင် ကျွန်တော်တို့ မရှိတော့တဲ့ အချိန်မှာ သူ့အတွက် အခက်အခဲဖြစ်သွားလိမ့်မယ်” ဆိုပြီးတော့ Shwe Series မိတ်ဆက်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ကျော်ကျော်ဗိုလ်ရဲ့ သမီးလေး ike ကတော့ အခုဆိုရင် အသက်(၁၀) နှစ်အရွယ်ရှိနေပါပြီ။ အနုပညာနဲ့ ပတ်သက်လာရင် ဂီတဘက်ကို ဝါသနာကြီးသူ

ဖြစ်တာကြောင့် သူကြိုက်နှစ်သက်တဲ့ သီချင်းလေးတွေကို Cover Song လေးတွေ သီဆိုလေ့ရှိတာ တွေ့ရပါတယ်။ နိုင်ငံကျော် ရွှေမန်းဦးတင်မောင်၊ ဝါရင့်သရုပ်ဆောင်ကြီး ဦးညွှန့်ဝင်းတို့ရဲ့ အနုပညာမျိုးဆက်တွေထဲမှာ ကျော်ကျော်ဗိုလည်း တစ်ဦး အပါအဝင်ဖြစ်ပါတယ်။ ကျော်ကျော်ဗိုရဲ့ အနုပညာသက်တမ်းကလည်း အနှစ် ၂၀ ကျော်သက်တမ်းကို ရောက်ရှိနေပြီဖြစ်ပါတယ်။ သူဟာ သရုပ်ဆောင်ဘက်မှာသာမက ဇာတ်သဘင်ဘက်မှာလည်း အနုပညာလှုပ်ရှားမှုတွေရှိခဲ့ပါသေးတယ်။ သူဟာ မကြာသေးခင်က ၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆုကို ‘’ မုန်းစွဲ’’ရုပ်ရှင်ဇာတ်ကားနဲ့ ရရှိခဲ့တာဖြစ်ပါတယ်။

Source : Cele YatKwat | Reference & Credit : Myanamrload

Add a Comment

Your email address will not be published. Required fields are marked *